အာရှတွင် အကြွယ်ဝဆုံး နိုင်ငံအဖြစ် စင်ကာပူ ရပ်တည် - Property News in Myanmar from iMyanmarHouse.com
1008 Views

အာရှတွင် အကြွယ်ဝဆုံး နိုင်ငံအဖြစ် စင်ကာပူ ရပ်တည်

ကမ္ဘာ့နိုင်ငံများကြွယ်ဝမှု အစီရင်ခံစာက နိုင်ငံပေါင်း (၁၄၂)နိုင်ငံကို အဆင့် သတ်မှတ်ချက်အရ စင်ကာပူသည် အာရှနိုင်ငံများထဲတွင် အကြွယ်ဝဆုံး နိုင်ငံအဖြစ် သတ်မှတ်ခံရကြောင်း သိရသည်။ တစ်ကမ္ဘာလုံး အတိုင်းအတာအားဖြင့် စင်ကာပူသည် ပြီးခဲ့သည့်နှစ်ကထက် တစ်ဆင့်တက်ကာ အဆင့်(၁၇)တွင် ရပ်တည်နေသည်။

လန်ဒန်အခြေစိုက် နိုင်ငံတကာလုပ်ငန်း အကြံပေးအဖွဲ့ Legatum Institute က ၂၀၁၅ ခုနှစ် ကမ္ဘာ့နိုင်ငံများ ကြွယ်ဝမှု အစီရင်ခံစာကို ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။ စင်ကာပူသည် အာရှတွင် ထိပ်ဆုံး ရပ်တည်သလို အာရှ-ပစိဖိတ် ဒေသတွင်း၌လည်း နယူးဇီလန်(၄)၊ သြစတြေးလျ (၁၂)တို့ပြီးလျှင် တတိယနေရာတွင်ရှိ သည်။

တစ်ကမ္ဘာလုံး အဆင့်တစ်အဖြစ် နော်ဝေက ရပ်တည်သည်။ နိုင်ငံသား တစ်ဦးချင်း ၀င်ငွေကဏ္ဍတွင် စင်ကာပူက နိုင်ငံသားတစ်ဦးလျှင် တစ်နှစ်ကို ဒေါ်လာ (၂၄၀၇၅၀) ၀င်ငွေဖြင့် ကမ္ဘာ့ဒုတိယနေရာတွင် ရှိနေသည်။

ထိပ်ဆုံးတွင်ကား လူဇင်ဘတ်က (၂၇၂၉၃၁) ဒေါ်လာဖြင့် ရပ်တည်သည်။ ပို့ကုန်၏ (၄၇)ရာခိုင်နှုန်းသည် အဆင့်မြင့် နည်းပညာ ပို့ကုန်များဖြစ်သော စင်ကာပူသည် ကမ္ဘာ့နည်းပညာ ပို့ကုန်ကဏ္ဍတွင် တတိယ ရပ်တည်သည်။

စီးပွား အခွင့်အလမ်း ပေါများမှုတွင် စင်ကာပူသည် တစ်ကမ္ဘာလုံးတွင် အဆင့် (၁၂)ရရှိသလို၊ အုပ်ချုပ်ရေးတွင်လည်း အဆင့်(၁၃) ရရှိထားသည်။ ကျန်းမာရေးပိုင်းတွင် အဆင့်(၁၄)၊ ပညာရေးပိုင်းတွင် အဆင့် (၁၅)၊ လူမှုဖူလုံရေးပိုင်းတွင် အဆင့် (၂၅)ဖြင့် ရပ်တည်နေသည်။

စင်ကာပူအတွက် အဆင့်အနိမ့်ဆုံး ဖြစ်နေရသည်မှာ လူမှုလွတ်လပ်ခွင့် (အဆင့် ၃၈) ဖြစ်သည်။ လူမှု လွတ်လပ်ခွင့်တွင် အာရှ၌ ဟောင်ကောင်က အဆင့်တစ် (ကမ္ဘာ့အဆင့် ၂၆) ၊ ထိုင်ဝမ် (၃၁)၊ ဂျပန် (၃၃)၊ သီရိလင်္ကာ(၄၃)၊ တောင်ကိုရီးယား (၆၆) ဖြစ်သည်။

အာဆီယံ နိုင်ငံများထဲတွင် မလေးရှားသည် ကမ္ဘာ့အဆင့် ကြွယ်ဝမှု အဆင့် (၄၄)တွင်ရှိသည်။ ထိုင်း (၄၈)၊ ဗီယက်နမ် (၅၅)၊ အင်ဒိုနီးရှား (၆၉)၊ ဖိလစ်ပိုင် (၇၄)၊ လာအို (၉၅)၊ ကမ္ဘောဒီးယား (၁၁၂) တို့ ဖြစ်သည်။

Credit: Messenger

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ

[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service