ရတနာပုံတံတားအောက်က အငြင်းပွားလယ်ယာမြေကို လာရောက်ဝယ်ယူသူများရှိနေ - Property News in Myanmar from iMyanmarHouse.com
763 Views

ရတနာပုံတံတားအောက်က အငြင်းပွားလယ်ယာမြေကို လာရောက်ဝယ်ယူသူများရှိနေ

မန္တလေးမြို့နှင့် စစ်ကိုင်းမြို့ကို ဆက်သွယ်ထားသော ဧရာဝတီမြစ်ကူးတံတား (ရတနာပုံ) စီမံကိန်းနှင့် လွတ်ကင်းသော မန္တလေးဘက်ကမ်းက လယ်ယာမြေများပြန်ရရေးအတွက် သက်ဆိုင်သူတောင်သူများက ကြိုးစားနေပြီး ယခုအခါ ထိုလယ်ယာမြေများကို လာရောက် ၀ယ်ယူသူများရှိနေကြောင်းအဆိုပါတောင်သူများ
ကပြောသည်။

အဆိုပါလယ်ယာမြေများ ပြန်ရရေးအတွက် တောင်သူများက သက်ဆိုင်ရာ တရားဝင် ခွင့်ပြုချက်ဖြင့် ပြီးခဲ့သောနှစ်က နှစ်ကြိမ်တိုင် ဆန္ဒဖော်ထုတ်ခြင်း၊ သမ္မတ အပါအ၀င် အခြားသက်ဆိုင်ရာဌာန အသီးသီး သို့ စာပေးပို့ တိုင်ကြားခြင်းများ၏ ကြိုးပမ်း နေသော်လည်း အကြောင်းတစ်စုံတစ်ရာ ထူးခြားမှုမရှိသေးကြောင်း၊ သို့သော် ၎င်းတို့ လယ်ယာမြေ ပြန်ရရှိပြီအထင်ဖြင့် လာရောက်ဝယ်ယူသူများရှိကြောင်းလယ်ယာသိမ်းခံထားရသူ တောင်သူကိုမိုးနောင်က ယခုလ ၁၂ ရက်တွင် ပြောသည်။

"ဒီတံတားတစ်ဖက်တစ်ချက်မှာ စီမံကိန်းနဲ့လွတ်နေတဲ့ ကျွန်တော်တို့တောင်သူတွေရဲ့ လယ်ယာမြေ ၁၁ ဧက ရှိပါတယ်။ ဒီနှစ်ထဲမှာပဲ ကျွန်တော့်ဆီကို လာဝယ်တဲ့သူ လေးဦးလောက် ရှိပါတယ်။ သူတို့က ကျွန်တော်တို့ အသိမ်းခံထားရတာကို ပြန်ရပြီးပြီလို့ ထင်နေကြတာ။တကယ်တော့ကျွန်တော်တို့က ပြန်မရသေးဘူး၊ကိုယ့်မြေကိုယ်ပြန်ရဖို့ဘယ်တော့မှလက်လျှော့မှာမဟုတ်ပါဘူး" ဟု ကိုမိုးနောင်ကပြောသည်။

သိမ်းဆည်းမြေများနှင့် ပတ်သက်၍ ၂၀၁၄ ခုနှစ်၊ ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန် အစည်းအဝေးတွင် ဆောက်လုပ်ရေးဝန်ကြီး ဌာန ဒုတိယ၀န်ကြီး ဦးစိုးတင့်က ဖြေကြားခဲ့ရာတွင် ဧရာဝတီတံတား (ရတနာပုံ) တည်ဆောက်စဉ်က မြေ ၅၆ ဒသမ ၃၈ ဧက သိမ်းဆည်းကြောင်း ဖော်ပြထားသော်လည်း မန္တလေးဘက် ကမ်း၌ တံတားအူကြောင်း ဘေး ၀ဲယာတစ်ဖက်တစ်ချက်တွင် အမှန်တကယ် သိမ်းဆည်းမြေဧရိယာ ၁၄ ဒသမ ၄၂ ဧကဖြစ်ကြောင်း၊ မူလပိုင်ရှင်များကို ဧရိယာ ၉ ဒသမ ၄၆ ဧကပြန်ပေးအပ်နိုင် ရန်မန္တလေးခရိုင် မြေအသုံးချမှုစီမံခန့်ခွဲရေး ကော်မတီက
အသေးစိတ်စိစစ်ပြီး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်အတိုင်း ဆောင်ရွက်ပေးသွားမည်ဟုပါရှိသည်။

Credit: Myanmar Times

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service