ဒေါ်လာ ၁.၃ သန်းတန် ကိုယ်ပိုင်အိမ်ဝင်းထဲက မြက်ခင်းပြင်ပေါ်မှာ ခြောက်လကြာ အိမ်ခြေရာမဲ့အဖြစ်နေထိုင်ခဲ့ရသူ - Property News in Myanmar from iMyanmarHouse.com
1175 Views

ဒေါ်လာ ၁.၃ သန်းတန် ကိုယ်ပိုင်အိမ်ဝင်းထဲက မြက်ခင်းပြင်ပေါ်မှာ ခြောက်လကြာ အိမ်ခြေရာမဲ့အဖြစ်နေထိုင်ခဲ့ရသူ

့ ဆရာဝန်ဖြစ်သူမိန်းမက ကန်ချပြီးနောက်၊ အသက် ၆၉ နှစ်အရွယ် သူဌေးအဘိုးကြီးတစ်ယောက်ဟာ သူပိုင်ဆိုင်တဲ့ ဒေါ်လာ ၁.၃ သန်းတန် အိမ်ဝင်းထဲက အိမ်ရှေ့ မြက်ခင်းပြင်မှာ ခြောက်လကြာ နေထိုင်ခဲ့ရပါတယ်။

Texas ပြည်နယ်၊ Seabrook မြို့ က Sharafat Khan ဆိုသူ အမျိုးသားဟာ လက်ရှိမှာ အိမ်ခြေရာမဲ့တစ်ဦး ဖြစ်ပြီး ခမ်းနားထည်ဝါတဲ့သူပိုင်အိမ်ကြီးရှေ့ တံခါးရဲ့ မလှမ်းမကမ်းမှာပဲ အိပ်စက်နေရသူဖြစ်ပါတယ်။ အသက် ၆၁ နှစ်အရွယ် ဇနီးဖြစ်သူ Shahnaz နဲ့ စကားများရန်ဖြစ်အပြီးမှာ
ဇနီးဖြစ်သူဟာ အိမ်ရဲ့ သော့ခလောက်တွေ အကုန် ပြောင်းလဲပစ်လိုက်တာကြောင့် Khan တစ်ယောက် အခုလို အိပ်စက်နေရတာဖြစ်ပါတယ်။

မြို့ ဆင်ခြေဖုံးမှာရှိတဲ့ အိမ်ကြီးရဲ့တစ်ဝက်ကို ပိုင်ဆိုင်တဲ့ Khan ဟာ အခုအခါ လင်မယားနှစ်ယောက်ပိုင်တဲ့ ပိုက်ဆံတွေကိုလည်း သုံးခွင့်မရတော့သလို၊ အ၀တ်လျှော်စက် ပစ္စည်းတွေလည်း သုံးခွင့်ပိတ်ခံထားရတယ်လို့ ဆိုပါတယ်။ ညဘက်ဆို အိမ်ရှေ့ ဆင်ဝင်အောက်မှာ အိပ်ရာခင်းလေးတစ်ခု ခြုံအိပ်ရပြီး
အေးအေးဆေးဆေးနားနေချင်တဲ့အခါ နောက်ဖေးခြံဝင်းထဲက ရေကူးကန်ဘေးနားသွား နားနေရပါတယ်။ နေ့ လယ်ဘက် နေပူတဲ့အခါ အရိပ်ရအောင်အတွက် သစ်ပင်တွေ အောက်မှာ ခိုနေရ တယ်လို့ သိရပါတယ်။

အိမ်နီးနားချင်းတွေဟာ Khan ဟာ သူ့ အိမ်ရှေ့ မှာတင် သူသေသွားနိုင်တယ်လို့ စိုးရိမ်နေကြပြီး အခုအခါ သူဟာ အလွန်အင်အားချည့်နဲ့ နေပြီး လမ်းတောင်ကောင်းကောင်းမလျှောက်နိုင်တော့ဘူးလို့ ဆိုပါတယ်။ ရပ်သူရွာသားတွေက သူ့ ကို စောင်တွေ လာပေးထားရင်တောင် မိန်းမဖြစ်သူက
ပြန်သိမ်းသွားတယ်လို့  ဒေသခံတွေက ပြောပြပါတယ်။ မိန်းမဖြစ်သူဟာ Khan ကို အစားအသောက်မကျွေးဖို့ အတွက် သတိပေးဆိုင်းဘုတ်တွေပါ ထောင်ထားတယ်လို့ သိရပါတယ်။

ရဲတွေ အကြိမ် ၃၀ လောက် ဆင့်ခေါ်ပြီး ကူညီခဲ့ကြပေမယ့်၊ တရားဥပဒေအရ သူ့ မိန်းမက သူ့ ကို အိမ်ထဲ ပြန်လက်ခံအောင် မလုပ်နိုင်ဘူးလို့ ဆိုပါတယ်။ သူတို့ နှစ်ဦးရန်ဖြစ်ရတဲ့အဓိကပြဿနာဟာ ငွေကြေးကြောင့်ဖြစ်ပြီး မိန်းမဖြစ်သူက သူမပစ္စည်းဥစ္စာရဲ့ တစ်ဝက်ကို မလွှဲပေးချင်လို့ ဖြစ်ကာ Khan ကလည်း
ရှေ့ နေမဌားရမ်းနိုင်တဲ့အတွက် တရားဝင်ကွာရှင်းမှု မလုပ်နိုင်ဘူးလို့ ဆိုပါတယ်။ ဒီအိမ်ခြံမြေနဲ့ ပတ်သက်ပြီး သူရသင်တဲ့ဝေစုကို လိုချင်ကြောင်း Khan က ပြောကြားခဲ့ပါတယ်။

Khan ဟာ မိသားစုကုမ္ပဏီ Khan Investments LLC ရဲ့ ဒါရိုက်တာတစ်ဦးဖြစ်ခဲ့ကြောင်း အွန်လိုင်းအချက်အလက်စာရင်းတစ်ခုမှာ
ဖော်ပြထားပါတယ်။

Credit : Trend Myanmar
ဒေါ်လာ ၁.၃ သန်းတန် ကိုယ်ပိုင်အိမ်ဝင်းထဲက မြက်ခင်းပြင်ပေါ်မှာ ခြောက်လကြာ အိမ်ခြေရာမဲ့အဖြစ်နေထိုင်ခဲ့ရသူ - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service