ပြည်လေယာဉ်ကွင်းရှိ မြေကွက်တစ်ခုကို မြေသန့်မင်္ဂလာ ပြုလုပ်၍ ရဲအစောင့်အရှောက်ဖြင့် ထားရှိ - Property News in Myanmar from iMyanmarHouse.com
1108 Views

ပြည်လေယာဉ်ကွင်းရှိ မြေကွက်တစ်ခုကို မြေသန့်မင်္ဂလာ ပြုလုပ်၍ ရဲအစောင့်အရှောက်ဖြင့် ထားရှိ

ဒေသ အာဏာပိုင်များ၏ ညွှန်ကြားချက်အရ ပြည်လေ ယာဉ်ကွင်းအတွင်းရှိ ၅၂ ပေပတ် လည်မြေနေရာ တစ်ခု၌ မြေသန့်မင်္ဂလာပြုလုပ်ထားပြီး ယင်းနေရာကို အနှောင့်အယှက် မပြုနိုင် ရန် ရဲတပ်ဖွဲ့ဝင်တစ်ဦးအား အ စောင့်ချထားကြောင်း ပြည်ခရိုင် အုပ်ချုပ်ရေးမှူးရုံးမှ သတင်းရရှိ သည်။

‘‘တိုင်းပြည်ရဲ့သဘာဝဘေး အန္တရာယ်တွေ ကင်းဝေးစေဖို့ အေးချမ်းသာယာစေလိုတဲ့ အ တွက် ရည်ရွယ်ပြီး မြေသန့်မင်္ဂလာ ပြုလုပ်စီမံထားရှိတာပါ’’ဟု ပြည် ခရိုင် အုပ်ချုပ်ရေးမှူး ဦးတင် မောင်ဝင်းက ပြောသည်။

မြန်မာနိုင်ငံ အေးချမ်းသာ ယာစေရန် တစ်တိုင်းပြည်လုံး ကိုယ်စားပြုသည့်အနေဖြင့် ပြည် မြို့ကို အချက်အချာကျလှသည့် နေရာအဖြစ် သတ်မှတ်ကာ အစီ အမံကို ရွေးချယ် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ဦးတင်မောင်ဝင်းက ပြောသည်။

‘‘ဘယ်နေ့အထိ ထားမယ် တော့မသိဘူး။ စီမံထားတဲ့နေရာ ကို အနှောင့်အယှက်ပြုတာမျိုး မဖြစ်ရအောင် ရဲတပ်ဖွဲ့ဝင်တစ်ဦး ကို အချိန်ပိုင်းနဲ့ တာဝန်ပေးထား ပါတယ်’’ဟု ပြည်မြို့နယ်အမှတ် (၃)ရဲစခန်းမှူးက ပြောသည်။

အဆိုပါ အစီအမံများကို အာဏာပိုင်များ၏ညွှန်ကြားချက် အရ အောက်တိုဘာ ၂ ရက်ည ၁၀ နာရီမှစတင်၍ မြေနေရာမြေ ညှိခြင်းများ၊ ရာဇမတ်ကာရံခြင်း များချက်ချင်းပြုလုပ်ပြီး အောက် တိုဘာ ၃ ရက် နံနက် ၆ နာရီတွင် သံဃာတော် ခုနစ်ပါးအား ပင့် ဆောင်၍ မြေသန့်မင်္ဂလာ စီမံခဲ့ သည်ဟု ပြည်မြို့နယ် အတွင်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံမှ သိရသည်။

‘‘ညတွင်းချင်းပဲ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေကို အစည်း အဝေးခေါ်ပြီး မနက် ၆ နာရီအပြီး စီမံဆောင်ရွက်ခဲ့တယ်။ ကျွန် တော်တို့က ဝါးတွေ ရှာပေးခဲ့ရ တယ်။ မနက် ၆ နာရီအမီ ဆောင် ရွက်ရတာ ဖြစ်တယ်လို့ သိရတယ်’’ဟု ပြည်မြို့ခံ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောသည်။

ရန်ကုန်မြို့တွင်းရှိ ဈေးကြီး အချို့တွင်လည်း ဈေးခေါင်မိုးများ ပေါ်၌ ကျောက်ဖရုံသီးများထားရှိ ပြီး ယင်းနှင့်ပတ်သက်၍ သက် ဆိုင်ရာစည်ပင်ဌာနများက တရား ဝင်ပြောကြားမှုများ မရှိသေးပေ။

Credit : 7daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service