ရန်ကုန်မြို့မှာ နှစ်ပတ်ကြာ လာရောက်ဆိုက်ကပ်မယ့် ကမ္ဘာလှည့် စာအုပ်အရောင်းဆိုင် သင်္ဘောကြီး - Property News in Myanmar from iMyanmarHouse.com
2510 Views

ရန်ကုန်မြို့မှာ နှစ်ပတ်ကြာ လာရောက်ဆိုက်ကပ်မယ့် ကမ္ဘာလှည့် စာအုပ်အရောင်းဆိုင် သင်္ဘောကြီး

ကမ္ဘာလှည့်ပြီး စာအုပ်တွေရောင်းချပေးတဲ့ သင်္ဘောကြီး Logos Hope ဟာအလုံအပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းကို အောက်တိုဘာ ၂ ရက်မှာ ဆိုက်ကပ်မှာ ဖြစ်ပြီးသင်္ဘောပေါ်မှာ တင်ဆောင်လာတဲ့ စာအုပ်အမျိုးအစားပေါင်းစုံ ၅,၀၀၀ ကျော်ကို လူအများ
တတ်နိုင်တဲ့ ဈေးနှုန်းနဲ့ ရောင်းချပေးမှာဖြစ်ပါတယ်။

Logos Hope သင်္ဘောကြီးဟာ သိပ္ပံ၊ အားကစား၊ အချက်အပြုတ်၊ အနုပညာ၊ ဆေးပညာ၊
ဘာသာစကားနဲ့ အတွေးအခေါ်ဆိုင်ရာ စာအုပ်တွေအပါအ၀င် အင်္ဂလိပ်ဘာသာနဲ့ ထုတ်ဝေထားတဲ့
ကဏ္ဍမျိုးစုံစာအုပ်တွေကို ရောင်းချပေးသွားမှာဖြစ်ပါတယ်။

သင်္ဘောပေါ်မှာ နိုင်ငံပေါင်း ၆၀ က သင်္ဘောအမှုထမ်း ၄၀၀ ပါဝင်ပြီးအများပြည်သူအတွက်ဖွင့်လှစ်ပေးမယ့် ရေပေါ်စာ
အုပ်ဈေးပွဲတော်ကာလဖြစ်တဲ့ အောက်တိုဘာ ၃ ရက်ကနေ
၁၄ ရက်အထိ စာပေပရိသတ်တွေ ကို ပျော်စရာအစီအစဉ်တွေနဲ့ ၀န်ဆောင်မှုပေးသွားမှာ
ဖြစ်ပါတယ်။

"သင်္ဘောကြီးနဲ့ စာအုပ်တွေ သယ်ဆောင်လာပြီး ကမ္ဘာပတ်ရောင်းချရတဲ့ ကျွန်တော်တို့ရဲ့
ရည်ရွယ်ချက်ကတော့ ဒေသခံတွေကို ကမ္ဘာအနှံ့က စာကောင်းပေမွန်တွေကို မျှဝေပေးချင်လို့ပါ"လို့
Logos Hope သင်္ဘောကြီးရဲ့ Project Coordinator ဖြစ်တဲ့ Mr Lyte Gatchalian က
မြန်မာတိုင်း(မ်)ကို ပြောပါတယ်။

"ဒေသခံတွေအနေနဲ့လည်း နိုင်ငံအနှံ့က သင်္ဘောဝန်ထမ်းတွေနဲ့ ယဉ်ကျေးမှုနဲ့ စာပေ၊ ဗဟုသုတ
တွေကို အပြန်အလှန် ဖလှယ်ခွင့်ရမယ်လို့လည်း ကျွန်တော်မျှော်လင့်ပါတယ်" လို့လည်း
Mr Gatchalian က ပြောပါတယ်။

ကမ္ဘာလှည့် ရေပေါ်စာအုပ်ဈေးပွဲတော်ပြုလုပ်ဖို့ စိတ်ကူးရခဲ့သူတွေကတော့ အမေရိကန်နိုင်ငံသား
တွေဖြစ်တဲ့ George Verwer နဲ့ သူ့မိတ်ဆွေ Dale Garman တို့ပဲ ဖြစ်ပါတယ်။

MV Logos Hope လို့ အမည်ပေးထားတဲ့ နိုင်ငံတကာစေတနာရှင်အဖွဲ့အစည်းကို ၁၉၇၀ ပြည့်နှစ်ကတည်းက ဂျာမနီနိုင်ငံမှာ မှတ်ပုံတင်ခဲ့ပြီး ခုလိုမျိုး သင်္ဘောနဲ့ လှည့်လည်ပြီး စာအုပ်ရောင်းချတဲ့
အစီအစဉ်ကို စတင်လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

အဖွဲ့အစည်းကနေ ပိုင်ဆိုင်ခဲ့တဲ့ ပထမဆုံးသင်္ဘောရဲ့အမည်က Logos ဖြစ်ပြီး ပိုကြီးပြီး
ပိုမိုသစ်လွင်တဲ့သင်္ဘောတွေ တစ်စင်းပြီးတစ်စင်း ပြောင်းလဲသုံးစွဲလာခဲ့ရာက အခု Logos Hopeသင်္ဘောကြီးကိုတော့ ၂၀၀၉ ခုနှစ်ကစတင်ပြီး ပြေးဆွဲခဲ့တာဖြစ်ပါတယ်။
ကမ္ဘာအနှံ့ရှိ ဆိပ်ကမ်းပေါင်း ၈၀ ကျော်ကို ဒီသင်္ဘောကြီးနဲ့ ဆိုက်ကပ်ရောင်းချပေးခဲ့ပြီး ဖြစ်ပါတယ်။

"မြန်မာပြည်၊ ရန်ကုန်မြို့ကို MV Logos Hope ရောက်လာဖို့ဟာ သင်္ဘောကြီးရဲ့ ပထမဆုံး
သမိုင်းဝင် ခရီးစဉ်ဖြစ်တယ်"လို့ Logos Hope ရဲ့ ရေယာဉ်မှူးဖြစ်တဲ့ Tom Dyer က
စက်တင်ဘာလ ၁၄ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ မီဒီယာအသိပေး စာစောင်ထဲမှာ
ပြောကြားထားပါတယ်။

သင်္ဘောဝန်ထမ်းတွေအနေနဲ့ မြန်မာ့ယဉ်ကျေးမှုနဲ့ မြန်မာလူမျိုးတွေရဲ့ နွေးထွေးပျူငှာမှုတွေကိုတွေ့ကြုံခံစားနိုင်ဖို့အတွက် စိတ်လှုပ်ရှားနေပါတယ်လို့လည်း ရေယာဉ်မှူးက ပြောသလို
သင်္ဘောကြီးပေါ် လာရောက်လည်ပတ်ဖို့အတွက်လည်း သူက ဖိတ်ခေါ်ပါတယ်။

ကလေးတွေအတွက် အထူးထုတ်လုပ်ထားတဲ့ စာအုပ်တွေကိုလည်း ရောင်းချပေးသွားမှာဖြစ်ပြီး
Logos Hope သင်္ဘောကြီးဟာ မြန်မာပြည်ကို ပထမဆုံး ဆိုက်ကပ်လာတာ ဖြစ်ပါတယ်။

ရန်ကုန်မြို့ဟာသင်္ဘောကြီးရဲ့အရှေ့တောင်အာရှခရီးစဉ်အတွက် နောက်ဆုံး ဆိုက်ကပ်တဲ့
မြို့ဖြစ်ပြီး အလုံဆိပ်ကမ်းမှာ နှစ်ပတ်ကြာ ရပ်နားပြီးရင်တော့ အာဖရိကတိုက်ကိုခရီးပြင်းနှင်တော့မှာ ဖြစ်ပါတယ်။

MV Logos Hope အဖွဲ့အစည်းဟာ Logos Hope သင်္ဘောကြီးမတိုင်ခင်က သင်္ဘောငယ်ဖြစ်တဲ့
Doulos ကို အသုံးပြုခဲ့ပြီး မြန်မာနိုင်ငံကို ၂၀၀၂ ခုနှစ်မှာ လာရောက်ခဲ့ပါသေးတယ်။

အဲဒီအချိန်က လာရောက် သူဧည့်သည်ပေါင်း ၁၃,၀၀၀ ကျော်ကို Doulos သင်္ဘောကနေ
ကြိုဆိုဧည့်ခံနိုင်ပါတယ်လို့ သိရပါတယ်။

ခုဆိုက်ကယ်မယ့် Logos Hope သင်္ဘောကတော့ ပိုကြီးမားပြီး စာအုပ်အရောင်းခန်းမအပြင်
ဖျော်ဖြေရေးခန်းမတွေနဲ့ ကော်ဖီဆိုင်ပါ ထည့်သွင်းထားပါတယ်။

Logos Hope သင်္ဘောကြီး အလုံအပြည်ပြည်ဆိုင်ရာဆိပ်ကမ်းမှာ ဆိုက်ကပ်ထားစဉ်
ကာလအတွင်း အများပြည်သူ လည်ပတ်ကြည့်ရှုနိုင်အောင် သင်္ဘောကုန်းပတ်လမ်းတွေကို
ဖွင့်လှစ်ပေးထားမှာ ဖြစ်ပါတယ်။

ဗီဒီယိုကားတွေ ပြသထားမယ့်အပြင် ကြိုဆိုဧည့်ခံတဲ့ နေရာမှာလည်း ရေခဲမုန့်၊ အအေးနဲ့
အဆာပြေအစားအစာတွေကို ရောင်းချပေး
သွားမှာဖြစ်ပါတယ်။

သင်္ဘောကြီး ဖွင့်လှစ်ချိန်ကာလ

- အောက်တိုဘာ ၃ ရက်မှ ၁၄ ရက်အထိ၊
- နံနက် ၁၀ နာရီမှ ညနေ ၆ နာရီ (တနင်္လာမှ စနေနေ့)
-မွန်းလွဲ ၁ နာရီမှ ညနေ ၆ နာရီ (တနင်္ဂနွေ)
-၀င်ကြေး အခမဲ့


Credit: MyanmarTimes
ရန်ကုန်မြို့မှာ နှစ်ပတ်ကြာ လာရောက်ဆိုက်ကပ်မယ့် ကမ္ဘာလှည့် စာအုပ်အရောင်းဆိုင် သင်္ဘောကြီး - Property News in Myanmar from iMyanmarHouse.com
ရန်ကုန်မြို့မှာ နှစ်ပတ်ကြာ လာရောက်ဆိုက်ကပ်မယ့် ကမ္ဘာလှည့် စာအုပ်အရောင်းဆိုင် သင်္ဘောကြီး - Property News in Myanmar from iMyanmarHouse.com

ရောင်းရန်ရှိသော အိမ်ခြံမြေများ

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော

Upcoming Property Events

From 26 Jul To 27 Jul

Emerald Bay Luxury Condo

From 26 Jul To 27 Jul

ERC Luxury Condo

From 26 Jul To 27 Jul

Magical World Apartment

From 08 Jul To 08 Aug

Central Shophouse

Magical World Apartment
Emerald Bay Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service