ကုမ္ပဏီသုံးခု တင်ဒါတင်သွင်းခဲ့သော ရန်ကုန်မြို့သစ်စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံမည့် ငွေကြေးများမှာ တရားဝင်ငွေကြေး ဟုတ်၊ မဟုတ် ဥပဒေနှင့်အညီ စိစစ်မည်ဟုဆို - Property News in Myanmar from iMyanmarHouse.com
1196 Views

ကုမ္ပဏီသုံးခု တင်ဒါတင်သွင်းခဲ့သော ရန်ကုန်မြို့သစ်စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံမည့် ငွေကြေးများမှာ တရားဝင်ငွေကြေး ဟုတ်၊ မဟုတ် ဥပဒေနှင့်အညီ စိစစ်မည်ဟုဆို

ကုမ္ပဏီသုံးခုတင်ဒါတင်သွင်းခဲ့သောရန်ကုန်မြို့သစ်စီမံကိန်းတွင် ရင်းနှီးမြှပ်နှံမည့် ငွေကြေးများနှင့် ပတ်သက်၍ တရားဝင်ငွေကြေးများ ဟုတ်မဟုတ်သက်ဆိုင်ရာဌာနများက ဥပဒေနှင့်အညီ စိစစ်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးကျော်စိုးက ပြောကြားသည်။

ရန်ကုန်မြို့သစ်စီမံကိန်းအတွက်ရင်းနှီးမြှုပ်နှံလိုသူ
နိုင်ငံသားများကို ဇူလိုင် ၁၂ ရက် မှစတင်၍ တင်ဒါခေါ်ယူခဲ့ရာ တင်ဒါလျှောက်လွှာ ၀ယ်ယူခဲ့သူ ၅၀ ကျော်အနက် ယခု ကုမ္ပဏီသုံးခု တင်ဒါတင်သွင်းခဲ့သည်။

တင်ဒါတင်သွင်းသည့် ကုမ္ပဏီသုံးခုမှာ ရန်ကုန်အနောက်တောင်ဒေသဖွံ့ဖြိုးရေး အများနှင့်သက်ဆိုင်သော ကုမ္ပဏီ၊ Business Capital City Development Ltd နှင့် သမ္မတဦးသိန်းစိန်နှင့် နီးစပ်သည့် ရွှေသံလွင်ကုမ္ပဏီ၏ကုမ္ပဏီခွဲဖြစ်သည့်
ရွှေပုပ္ပါးအပြည်ပြည်ဆိုင်ရာ ဆောက်လုပ်ရေး
ကုမ္ပဏီလီမိတက်တို့ဖြစ်ကြောင်း သိရသည်။

ရင်းနှီးမြှုပ်နှံမှုအနေဖြင့်ရန်ကုန်အနောက်တောင်ဒေသ
ဖွံ့ဖြိုးရေး အများနှင့်သက်ဆိုင်သောကုမ္ပဏီက အမေရိကန်ဒေါ်လာ ၁၅ ဘီလျံ၊ Business Capital City DevelopmentLtdမှ ပြည်တွင်း ပြည်ပဘဏ်များမှ
ချေးငွေရယူခြင်းနှင့် ရှယ်ယာခေါ်ယူခြင်း၊ ဒါရိုက်တာများ ပိုင်ဆိုင်သည့် ရင်းနှီးမြှုပ်နှံမှုများဖြင့် လုပ်ဆောင်မည်ဟု သိရသည်။

ရွှေသံလွင်ကုမ္ပဏီ၏ကုမ္ပဏီခွဲဖြစ်သည့် ရွှေပုပ္ပါး
အပြည်ပြည်ဆိုင်ရာ ဆောက်လုပ်ရေးကုမ္ပဏီလီမိတက်ကမူ ရင်းနှီးမြှုပ်နှံမည့် ပမာဏအနေဖြင့် ကျပ်ငွေ ၅၀၀ ဘီလျံနှင့် ပြည်တွင်းပြည်ပဘဏ်များမှ ချေးငွေရယူမည်
ဖြစ်ကြောင်း သိရသည်။

ထိုသို့ ရင်းနှီးမြှုပ်နှံမည့် ငွေကြေးများတွင် တရားမ၀င်ငွေမည်းများ ၀င်ရောက်နိုင်သဖြင့် စိစစ်ရန်လိုကြောင်း ဗဟန်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်း က ထောက်ပြထားသည်။

သို့ဖြစ်ရာယင်းနှင့်ပတ်သက်၍သက်ဆိုင်ရာဌာနများက
နိုင်ငံတော်က ပြဋ္ဌာန်းထားသောဥပဒေများနှင့်အညီ
ဆောင်ရွက်မည်ဖြစ်ကြောင်းရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သစ်တောနှင့်စွမ်းအင်ဝန်ကြီးဦးကျော်စိုးက
ပြောကြားသည်။

“ဒါနဲ့ပတ်သက်လို့သက်ဆိုင်ရာဌာနများက ပြဋ္ဌာန်းထားသော ဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိပါတယ်။
ဥပမာ- ဘဏ်မှာ အစုရှယ်ယာများ ၀ယ်ယူသူများကိုပင် အခွန်ထမ်းဆောင်ပြီး ငွေကြေး ဟုတ် မဟုတ် နှင့် အခွန်ထမ်းဆောင်ခြင်း မပြုရသေးပါက သက်ဆိုင်ရာ ပြည်တွင်းအခွန်ဦးစီးရုံးတွင် အခွန်ထမ်းဆောင်မှု ပြုစေပါတယ်။ ဒါ့အပြင် ၂၀၁၄ ခုနှစ် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် (၁၁) ဖြစ်တဲ့ ငွေကြေးခ၀ါချမှုတိုက်ဖျက်ရေး ဥပဒေနှင့်အညီ ဖွဲ့စည်းထားသော စုံစမ်းစစ်ဆေးရေးအဖွဲ့များက ဗဟိုဘဏ်မှ တစ်ဆင့်ပေးပို့လာသော အစုရှယ်ယာဝယ်ယူသူများကိုထပ်မံစိစစ် ဆောင်ရွက်နေပ
တယ်”ဟု ဦးကျော်စိုးက ဆိုသည်။

“ကျွန်တော်တို့က မြို့သစ်စီမံကိန်းကို အမှန်တကယ် လုပ်ကိုင်ခွင့်ရမယ်ဆိုရင် အမေရိကန်ဒေါ်လာ ၁၅ ဘီလျံ ရင်းနှီးမြှုပ်နှံမှာပါ။ ကျွန်တော်တို့မှာ လတ်တလောအနေနဲ့ကတော့ ဒေသခံမြေပိုင်ရှင်၊ အရင်းအနှီးရှိတဲ့ ဒေသခံတွေထည့်ဝင်မှာဖြစ်ပြီး Supporting အနေနဲ့ကတော့ စင်ကာပူနိုင်ငံက ဘဏ်နှစ်ခုကပေးဖို့ MoU ရေးထိုးထားပါတယ်။

ကျွန်တော်တို့ရဲ့ ငွေကြေးတွေနဲ့ ပတ်သက်လို့ နိုင်ငံတော်က ၀င်စစ်ဆေးလို့ရပါတယ်။ ကျွန်တော်တို့ကုမ္ပဏီကလည်း အများပိုင်ကုမ္ပဏီဆိုတော့ ကျွန်တော်တို့ ကိုယ်တိုင်လည်း စစ်ပါတယ်”ဟု ရန်ကုန်မြို့သစ်စီမံကိန်းအတွက် တင်ဒါတင်သွင်းထားသည့်ရန်ကုန်အနောက်တောင်ဒေသ
ဖွံ့ဖြိုးရေး အများနှင့် သက်ဆိုင်သောကုမ္ပဏီမှ ဒါရိုက်တာ ဦးခင်မောင်သန့်က ပြောကြားသည်။

ရန်ကုန်မြို့သစ်စီမံကိန်းသည် ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် စက်တင်ဘာ၂၆ရက်တွင်ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်က တရားဝင်ရပ်ဆိုင်းခဲ့ပြီးသော စီမံကိန်းဖြစ်ပြီး ကြည့်မြင်တိုင်မြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်က အမြန်အကောင်အထည်ဖော်ပေးရန် တင်ပြခဲ့၍ ယခုတစ်ဖန် ပြန်လည်အကောင်အထည်ဖော်နေမှုအပေါ် ဝေဖန်မှုများစွာ ရှိနေသည်။

Credit; Eleven News

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား

Upcoming Property Events

From 08 Jul To 08 Aug

Central Shophouse

From 09 Aug To 10 Aug

THADAR CONDOMINIUM

From 09 Aug To 10 Aug

Mingalar Market

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service