မြန်မာနိုင်ငံတွင် ဟိုတယ်များ တိုးမြင့်ဖွင့်လာသော အနောက်ဟိုတယ်အုပ်စုကြီးများ - Property News in Myanmar from iMyanmarHouse.com
966 Views

မြန်မာနိုင်ငံတွင် ဟိုတယ်များ တိုးမြင့်ဖွင့်လာသော အနောက်ဟိုတယ်အုပ်စုကြီးများ

မြန်မာနိုင်ငံရှိတိုးတက်လာနေသည့်ဟိုတယ်ဈေးကွက်တွင်
နေရာတစ်ခုရလာနိုင်မည်ဟူသော မျှော်လင့်ချက်ဖြင့် အနောက်နိုင်ငံ ဟိုတယ်လုပ်ငန်းစုများက ၎င်းတို့ဟိုတယ်များအား မြန်မာနိုင်ငံ၌ တိုးချဲ့နိုင်ရန် ကြိုးစားနေကြသည်။

ပြင်သစ်ဟိုတယ် Accor နှင့် အမေရိကန် ဟီလ်တန်ဟိုတယ် အုပ်စုသည် လာမည့် ၂၀၁၇ တွင် ၎င်းတို့၏ဟိုတယ် ၃ လုံးကို မြန်မာ၌ ဖွင့်လှစ်ရန် စီစဉ်နေကြသည်။ အဆိုပါဟိုတယ်အုပ်စု ၂ ခုသည် မြန်မာနိုင်ငံကို ဥရောပနှင့် အမေရိကန်က အရေးယူပိတ်ဆို့မှုများ ပြုလုပ်ပြီးနောက်ပိုင်း၂၀၁၄ တွင် မြန်မာဈေးကွက်သို့ ၀င်ရောက်လာခြင်းဖြစ်သည်။

ဖောက်သည်များအား လုပ်ငန်းတိုးချဲ့သည့်အနေဖြင့် နယ်မြို့များ၌ပါချိုသာသည့် ဈေးနှုန်းဖြင့်ဟိုတယ်များ
ဖွင့်လှစ်နိုင်ရန် အဆိုပါဟိုတယ်အုပ်စုများက စီစဉ်နေသည်။ ၎င်းတို့ဟိုတယ်များသည်ယခင်က မြန်မာစစ်အာဏာရှင်များ
နှင့် သမိုင်းကြောင်းအရ ဆက်ဆံမှုရှိခဲ့သည့် ပြည်တွင်း ကုမ္ပဏီများနှင့် အတူလက်တွဲ လုပ်နေသည်။

မြန်မာ၏ စီးပွားရေးတိုးတက်မှုမှ အခွင့်အလမ်းရှာရာတွင် အဆိုပါ ဟိုတယ်များသည် မြန်မာအပေါ် အမေရိကန်က ကျန်နေသေးသော အရေးယူပိတ်ဆို့မှုများနှင့် လာရောက်ငြိမည့် အန္တရာယ်ကိုလည်း သတိထားပြီး လုပ်ဆောင်နေရသည်။

မေလတွင် Accor ဟိုတယ်အုပ်စုက ရန်ကုန်မြို့လယ်မှ ၁၅ မိနစ်ခန့် ကားမောင်းသွားရသည့် အကွာအဝေးတွင်Novotel Yangon Max ဟိုတယ်ကို ဖွင့်လှစ်ခဲ့သည်။ သည်နေရာပတ်ဝန်းကျင်သည် ဆိတ်ငြိမ်သည့် ပန်းခြံများနှင့် တက္ကသိုလ်တစ်ခုရှိသည့် နေရာအနီးဖြစ်သည်။

အထပ် ၁၆ ထပ်ပါ ဟိုတယ်တွင် အခန်းပေါင်း ၁၆၆ ခန်းရှိပြီး မြန်မာနိုင်ငံ၌ အကြီးဆုံးဟိုတယ်တစ်ခု ဖြစ်သည်။ တစ်ညလျှင် ဒေါ်လာ၁၆၀မှစ၍သတ်မှတ်ထားသည်။
ဈေးမြင့်သော်လည်း ဂျပန်၊ စင်ကာပူ၊ တရုတ်နှင့် အခြားနိုင်ငံများမှ ဖောက်သည်များအား ဆွဲဆောင်နိုင်သည်။

Accor ဟိုတယ်အုပ်စုမှ မြန်မာနိုင်ငံ၏ အထွေထွေမန်နေဂျာ ဖီလစ်ဘက်တဲလ်က ဧည့်သည် ၇၅ ရာခိုင်နှုန်းသည် စီးပွားရေးသမားခရီးသွားများဖြစ်သည်ဟု ဆိုသည်။

Accor က ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် လက်ရှိဟိုတယ် ၂ ခုကို ဖွင့်လှစ်ထားသည်။ ၂၀၀၂ တွင် မြန်မာနိုင်ငံကို အနောက်နိုင်ငံများက စီးပွားရေးပိတ်ဆို့ချိန်၌ ၎င်းတို့က မြန်မာမှထွက်ခွာခဲ့ပြီး ၂၀၁၁ တွင် မြန်မာက ဒီမိုကရေစီ ဖော်ဆောင်မှုများကြောင့် အရေးယူမှုများ ရုပ်သိမ်းခဲ့၍ ပြန်လာကြခြင်းဖြစ်သည်။

၂၀၁၄ တွင် Accor က တစ်ညလျှင် ဒေါ်လာ ၂၄၀ ပေးရသည့် ဇိမ်ခံဟိုတယ်ကို နေပြည်တော်၌ ဖွင့်လှစ်ခဲ့သည်။အင်းလေးကန်တွင်လည်း နိုဗိုတယ်ဟိုတယ်ကို ဖွင့်လှစ်ထားသည်။

ယခုအခါတွင်မူ ၎င်းတို့က ဈေးကြီးရာမှ စရိတ်စကဈေးသက်သာသော ဟိုတယ်များဖွင့်လှစ်ရန် လိုင်းပြောင်းလာကြသည်။ ဈေးနှုန်းသက်သာသော ဟိုတယ်အုပ်စုဖြစ်သည့် ibis ပုံစံဟိုတယ်များကို ၂၀၁၆ နှင့်၂၀၁၇ တွင် ရန်ကုန်နှင့် မန္တလေးမြို့တို့၌ ဖွင့်လှစ်ရန် ပြင်ဆင်နေကြပြီဟု မန်နေဂျာ မစ္စတာဘက်တဲလ်က ပြောသည်။

၂၀၁၉ တွင် ၎င်းတို့ကုမ္ပဏီက မြန်မာနိုင်ငံ၌ ဟိုတယ် ၈ ခုခန့် ဖွင့်လှစ်ရန် ရည်ရွယ်ထားသည်။

Credit; 7Day News

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်

Upcoming Property Events

From 26 Jul To 27 Jul

Emerald Bay Luxury Condo

From 26 Jul To 27 Jul

ERC Luxury Condo

From 26 Jul To 27 Jul

Magical World Apartment

From 08 Jul To 08 Aug

Central Shophouse

Emerald Bay Condo
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service