မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီးမြှုပ်နှံထားသည့် ဟိုတယ် စီမံကိန်းများအနက် ၃၃ ခုမှာ ရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ ၁ ဒသမ ၂၆၇ ဘီလျံရှိကြောင်း သိရ - Property News in Myanmar from iMyanmarHouse.com
1208 Views

မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီးမြှုပ်နှံထားသည့် ဟိုတယ် စီမံကိန်းများအနက် ၃၃ ခုမှာ ရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ ၁ ဒသမ ၂၆၇ ဘီလျံရှိကြောင်း သိရ

မြန်မာနိုင်ငံတွင် လက်ရှိ အချိန်အထိ ဟိုတယ် လုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံရန် MIC မှ ခွင့်ပြုမိန့် ယူထားသည့် ဟိုတယ်စီမံကိန်း ၄၇ ခု ရှိနေကြောင်းနှင့် ၃၃ ခုမှာ ဆောက်လုပ် ပြီးစီးသွားပြီ ဖြစ်ကြောင်း၊ အဆိုပါ ၃၃ ခု၏ ရင်းနှီးမြှုပ်နှံမှုသည် အမေရိကန်ဒေါ်လာ ၁ ဒသမ၂၆ ဘီလျံရှိကြောင်း သိရသည်။

အလားတူ ဆောက်လုပ်နေဆဲ စီမံကိန်း ၁၁ ခုရှိပြီး စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁ ဒသမ ၀၅၄ ဘီလျံ ရှိကြောင်း၊ ထို့အတူ MIC မှ ပြီးခဲ့သည့် နှစ်အတွင်း နောက်ထပ် နှစ်ခုကိုပါ ခွင့်ပြုပေးခဲ့ကြောင်း၊ ယင်းပမာဏသည် အမေရိကန်ဒေါ်လာ ၀ ဒသမ ၂၃၄ ဘီလျံ ရှိသည့်အတွက် စီမံကိန်း ၄၆ ခု၏ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ပမာဏသည် အမေရိကန်ဒေါ်လာ ၂ ဒသမ ၅၅၇ ဘီလျံ ရှိနေကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ ရရှိသော ကိန်းဂဏာန်းများအရ သိရသည်။

“ ပြီးခဲ့တဲ့နှစ်က အထိ ၄၆ ခုရှိတယ်။ ဒီနှစ်တစ်ခု ထပ်ချပေးထားတယ် ဆိုတော့ စုစုပေါင်း ၄၇ ခုရှိတယ်။ ၄၇ ခု ပရောဂျက်ထဲမှာ ၃၃ ခုကတော့ ပြီးသွားပြီ။ ဟိုတယ်ခန်းပေါင်းကလည်း ၅၉၀၀ ကျော် ဖွင့်နေပါပြီ ” ဟု ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ
ညွှန်ကြားရေးမှူး ဒေါ်ခင်သန်းဝင်းက ပြောကြားသည်။

နိုင်ငံအလိုက် ရင်းနှီးမြှုပ်နှံမှုတွင်မူ စင်ကာပူ နိုင်ငံသည် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁ ဒသမ ၅၂၅ ဘီလျံ၊ ဗီယက်နမ်နိုင်ငံသည် ၀ ဒသမ ၄၄၀ ဘီလျံ၊ ထိုင်းနိုင်ငံသည် ၀ ဒသမ ၃၃၉ ဘီလျံ၊ ဟောင်ကောင်သည် ၀ ဒသမ ၁၅ ဘီလျံဖြင့် အသီးသီး ဦးဆောင်နေကြကြောင်း သိရသည်။

ယခုနှစ်တွင် နိုင်ငံတကာ ခရီးသွားဦးရေ ၄ ဒသမ ၅သန်းအထိ ၀င်ရောက်လာမည်ဟု ခန့်မှန်းထားကြောင်း၊ ယခုနှစ်ပိုင်းအတွင်း ခရီးသွားဦးရေ တစ်နှစ်ထက်တစ်နှစ် တိုးတက်လာကြောင်း၊ သို့သော် ၂၀၁၅ သည် ရွေးကောက်ပွဲ ရှိနေသည့် နှစ်ဖြစ်သောကြောင့် နိုင်ငံရေးဆိုင်ရာ အပြောင်းအလဲများဖြစ်ပြီး ခရီးသွား ကဏ္ဍကို ထိခိုက်မည်ကိုလည်း စိုးရိမ်နေကြကြောင်း သိရသည်။

“ ရွေးကောက်ပွဲကြောင့် tourism ကို ထိခိုက်မှု မရှိပါဘူး။ လက်ရှိ ရှိပြီးသား ခရီးသွားများနေတဲ့ နေရာတွေကတော့ သိပ်ပြီးတော့ မြှင့်တင်စရာ မလိုတော့ဘူးပေါ့။ နောက်ပိုင်း ငွေဆောင်တို့ လွိုင်ကော်ဘက် ကျိုင်းတုံဘက်တွေ အသွားများ နေပါတယ်။ အမျိုးသား ပို့ကုန်မဟာ ဗျူဟာအရ လုပ်နေတဲ့ ကယားပြည်နယ်ဘက်ကလည်း မယ်ဟောင်ဆောင်ပေါ့။ အဲ့ဒါ ပွင့်သွားရင်တော့ ထိုင်းနယ်စပ်က ခရီးသွားတွေ ပိုဝင်လာလိမ့်မယ် ” ဟု ဒေါ်ခင်သန်းဝင်းက ဆက်လက် ပြောကြားသည်။

ခရီးသွား ကဏ္ဍနှင့် ပတ်သက်၍ တိုးတက်လာနိုင်သည့် အလားအလာများ ရှိသော်လည်း ယခုနှစ်တွင် ဖြစ်ပေါ်ခဲ့သော ရေကြီးရေလျှံ ပြဿနာများကဲ့သို့ ရာသီဥတု ဖောက်ပြန်မှု ဖြစ်စဉ်များမှာ ခရီးသွား လုပ်ငန်း တိုးတက်ရေးအတွက် ခြိမ်းခြောက်နေသည့် အကြောင်းရင်းတစ်ခု ဖြစ်နိုင်ကြောင်း မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင် အသင်းမှ ဥက္ကဋ္ဌ ဦးအောင်မြတ်ကျော်က ပြောကြားသည်။

Credit: eleven media group

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့

Upcoming Property Events

From 08 Jul To 08 Aug

Central Shophouse

From 09 Aug To 10 Aug

THADAR CONDOMINIUM

From 09 Aug To 10 Aug

Mingalar Market

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service