ရတနာဧရာဝဏ် အိမ်ရာစီမံကိန်းမှ အခန်းပေါင်း ၆,၀၀၀ ကျော်ကို လာမည့်နှစ်တွင် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
1471 Views

ရတနာဧရာဝဏ် အိမ်ရာစီမံကိန်းမှ အခန်းပေါင်း ၆,၀၀၀ ကျော်ကို လာမည့်နှစ်တွင် ရောင်းချမည်

တည်ဆောက်နေသော ရတနာဧရာဝဏ်အိမ်ရာစီမံကိန်း ၏ ပထမအဆင့်မှ အခန်းပေါင်း ၆,၀၀၀ ကျော်ကို လာမည့် ၂၀၁၆ တွင် စတင်ရောင်းချနိုင်ရန် ဆောင်ရွက်နေကြောင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမင်းထိန်က ပြောကြားသည်။

‘‘စီမံကိန်းကို အမြန်ဆုံးပြီးစီး အောင် ဆောင်ရွက်ဖို့ ၀န်ကြီးက လုပ်ငန်းရှင်တွေနဲ့တွေ့ပြီး တိုက် တွန်းနေတာတွေလည်း ဒီရက်ပိုင်း လုပ်နေတယ်’’ဟု ၎င်းက ဆက်လက်ပြောသည်။

ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ရတ နာ ဧရာဝဏ်အိမ်ရာစီမံကိန်းရှိ တိုက်အလုံးရေ ၄၉ လုံးမှ အခန်း ပေါင်း ၁၉၆,၀၀၀ ထွက်ပေါ်ရန် ရည်ရွယ်ထားရာ ပထမအဆင့် တည်ဆောက်ပြီးချိန်တွင် အခန်း ပေါင်း ၆,၀၀၀ ကျော်ကို စတင် ရောင်းချနိုင်ရန် စီစဉ်နေခြင်း ဖြစ်သည်။

အဆိုပါ အခန်းများ ရောင်းချမည့် တန်ဖိုးကို လတ်တလောတွင် ညှိနှိုင်းနေဆဲဖြစ်ပြီး နောက်ဆုံးအဆင့်တန်ဖိုးကို မတွက်ချက်ရသေးကြောင်း ဦးမင်းထိန်က ပြောသည်။

၂၀၁၃ မှစတင်ခဲ့သည့် ယင်းအိမ်ရာစီမံကိန်းမှာ တည်ဆောက်ချိန် ကြာမြင့်နေ၍အခန်းတန်ဖိုးထပ်မံမြင့်တက်လာမည်ကို စိုးရိမ်ကာအမြန်ဆုံးအပြီးသတ်ဆောက်လုပ်ရန် ညွှန်ကြားထားကြောင်း ဦးမင်းထိန်က ပြောသည်။

အဆိုပါစီမံကိန်းတွင် ပုဂ္ဂလိက ကုမ္ပဏီ ၃၁ ခုက အစိုးရ နှင့် အကျိုတူ တည်ဆောက်နေခြင်းဖြစ်ပြီး လတ်တလောတွင် စီမံကိန်း တစ်ခုလုံး၏ ၄၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီ ဖြစ်သည်။

ယခု ဆောက်လုပ်ရေးဝန် ကြီးဌာနက တည်ဆောက်နေသည့် ရတနာဧရာဝဏ် အိမ်ရာစီမံကိန်းသည် အစိုးရသစ်လက်ထက်တွင် ၀န်ကြီးဌာနများ တည်ဆောက်သမျှ အိမ်ရာစီမံကိန်းများထဲတွင် အကြီးမားဆုံး၊ အခန်းအရေအတွက် အများဆုံး စီမံကိန်းတစ်ခုဖြစ်သဖြင့် အိမ်ရာလိုအပ်နေသူများအား ဖြည့်ဆည်းပေးနိုင်မည့် အခြေအနေ တစ်ခုဖြစ်ကြောင်းယင်းအိမ်ရာ စီမံကိန်းတွင် ၀င်ရောက်တည်ဆောက်နေသည့် မြတ်မင်းဧရာ
ဆောက်လုပ်ရေးကုမ္ပဏီမန်နေဂျင်းဒါရိုက်တာဦးထွန်းမြတ်စိုးက ပြောသည်။

‘‘စီမံကိန်းက နှစ်ရှည် စီမံ ကိန်းဖြစ်တဲ့အတွက် အခန်းတန် ဖိုးက တစ်သမတ်တည်းသတ်မှတ် ပြီးအစိုးရဘက်က ရောင်းလို့ရမှာ မဟုတ်ဘူး။ ဈေးကတက်ပြီးရင်း တက်လာနိုင်တယ်။ ဆောက်လုပ် စရိတ် ကုန်ကျစရိတ်ကလည်း ကျွန်တော်တို့ဘက်မှာ အခက်အ ခဲရှိတယ်’’ဟု ဦးထွန်းမြတ်စိုးက ပြောသည်။

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

Upcoming Property Events

From 26 Jul To 27 Jul

Emerald Bay Luxury Condo

From 26 Jul To 27 Jul

ERC Luxury Condo

From 26 Jul To 27 Jul

Magical World Apartment

From 08 Jul To 08 Aug

Central Shophouse

ERC Luxury Condo
Emerald Bay Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service