မန္တလေးမြို့တွင် အိုးအိမ်ဦးစီးဌာနမှ ဆောက်လုပ်ပြီးသွားသော တန်ဖိုးမျှတတိုက်ခန်းများကို ကျပ် (၁၃၅) သိန်းမှ ကျပ် (၁၆၅) သိန်းဖြင့် ရောင်းချသွားမည် - Property News in Myanmar from iMyanmarHouse.com
1375 Views

မန္တလေးမြို့တွင် အိုးအိမ်ဦးစီးဌာနမှ ဆောက်လုပ်ပြီးသွားသော တန်ဖိုးမျှတတိုက်ခန်းများကို ကျပ် (၁၃၅) သိန်းမှ ကျပ် (၁၆၅) သိန်းဖြင့် ရောင်းချသွားမည်

မန္တလေးမြို့တွင် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှု ဦးစီးဌာန တည်ဆောက်ပြီးစီးသွားသော တန်ဖိုးမျှတ တိုက်ခန်းများကို ကျပ် (၁၃၅) သိန်းမှ (၁၆၅) သိန်း ဈေးသတ်မှတ်ထားပြီး မကြာမီ ရောင်းချသွားမည် ဖြစ်ကြောင်းအဆိုပါ ဌာနမှ သတင်းရရှိသည်။

စည်ပင်သာယာရေး ကော်မတီ၏ တန်ဖိုးနည်းအိမ်ရာ စီမံကိန်း ဧရိယာအတွင်းပါဝင်သော တိုတန်ဖိုးမျှတ အိမ်ရာကို အိုးအိမ်မှ အကောင်ထည်ဖော် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိအခန်းပေါင်း (၄၄၀) ပြီးစီးပြီ ဖြစ်ကြောင်းနှင့်
ရောင်းချရန် မူဝါဒကို အစိုးရအဖွဲ့ဆီသို့ တင်ပြထားကြောင်စး သိရသည်။

လူတန်းစားအလွှာ အသီးသီး ၀ယ်ယူနိုင်ရန် ရည်ရွယ်ပြီး လက်ငင်းနဲ့ အရစ်ကျငွေချေ စနစ်ဖြင့်ပါ ရောင်းချသွားမည် ဖြစ်သည်ဟု ညွှန်ကြားရေးမှုး ဦးအောင်ကျော်ဦးက ရောင်းချမှုပုံစံနဲ့ ပတ်သက်ပြီး ပြောကြားသည်။

"အစိုးရ၀န်ထမ်းတွေပဲလား၊ ပုဂ္ဂလိက တွေကိုပါ ရောင်းပေးမလားဆိုတာတော့ အစိုးရအဖွဲ့ လမ်းညွှန်ချက်ကို စောင့်နေတာပါ။ အခန်းပေါင်း (၄၄၀) ထဲက (၃၂၀) ခန်းကို တော့ အစိုးရအဖွဲ့သတ်မှတ်တဲ့ အတိုင်းရောင်းပါမည်။

ကျန်တဲ့ (၁၂၂) ခန်းကိုတော့ ဆောက်လုပ်ရေး ၀န်ကြီးဌာနက ရောင်းမှပါ"ဟု ညွှန်ကြားရေးမှုး ဦးအောင်ကျော်ဦးက ပြောကြားသည်။

ဆက်လက်ပြီး အခန်းပေါင်း (၈၀၀) ကျော်ကို မြရည်နန္ဒာရပ်ကွက် အကွက် မမ-၂၇ မြေဧက (၇) ဧက ပေါ်တွင် တည်ဆောက်နေကြောင်း သိရသည်။
မြေညီထပ်ကျပ် (၁၆၅) သိန်း၊ ပထမထပ် ကျပ် (၁၅၅) သိန်း၊ ဒုတိယထပ် (၁၄၅) သိန်းနှင့် တတိယထပ် ကျပ် (၁၃၅) သိန်း ဈေးသတ်မှတ်ထားကာ ၆၅၀ စတုရန်းပေကျယ်ဝန်းပြီး အိပ်ခန်းနှစ်ခန်းပါဝင်ပြီး လေးခန်းတွဲ လေးထပ် ဖြစ်ပါသည်။

စည်ပင်သာယာကော်မတီမှ တည်ဆောက်နေသည့် မြရည်နန္ဒာ တန်ဖိုးနည်း အိမ်ရာမှာ ကျပ်သိန်း (၆၀) မှ ကျပ်သိန်း (၁၃၀) တန်ဖိုးရှိပြီး လက်ငင်းစနစ်နှင့် အရစ်ကျစနစ်နှစ်မျိုးဖြင့် ရောင်းမှားဝယ်မှားသူများ၊ အစိုးရ
အငြိမ်းစားဝန်ထမ်းများနှင့် နိုင်ငံတော်အတွက် ကိုယ်လက်အင်္ဂါ စွန့်လွှတ်သူများအတွက် အခန်းပေါင်း (၁၃၄၇) ခန်းကို ရောင်းချပေးထားကြောင်း သိရသည်။

မန္တလေးမြို့တွင် တန်ဖိုးနည်းအိမ်ရာ၊ တန်ဖိုးမျှတအိမ်ရာ များအပြင် ကမ်းနားလည်းတစ်လျှောက် ပျံ့နှံ့နေထိုင်သူများအတွက် ရည်ရွယ်သည့် တစ်လလျှင် ကျပ်နှစ်သောင်းဝန်းကျင်ဖြင့် ငှားရမ်းပေးမည့် အငှားအိမ်ရာကိုလည်း အခုနှစ်ကုန်တွင် တည်ဆောက်ပြီးစီးမည် ဖြစ်ကြောင်း သိရသည်။

Credit : Eleven Daily News

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

Upcoming Property Events

From 26 Jul To 27 Jul

Emerald Bay Luxury Condo

From 26 Jul To 27 Jul

ERC Luxury Condo

From 26 Jul To 27 Jul

Magical World Apartment

From 08 Jul To 08 Aug

Central Shophouse

Emerald Bay Condo
ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service