စီးပွားရေးဇုန်အတွင်းရှိ ဟက်တာ ၂,ဝဝဝ ကျော်မှ ထိခိုက်အိမ်ခြေများအား လျော်ကြေးပေးမည် - Property News in Myanmar from iMyanmarHouse.com
3254 Views

စီးပွားရေးဇုန်အတွင်းရှိ ဟက်တာ ၂,ဝဝဝ ကျော်မှ ထိခိုက်အိမ်ခြေများအား လျော်ကြေးပေးမည်

သီလဝါ အထူးစီးပွားရေးဇုန် အတွင်းရှိ မြေဟက်တာ ၂,ဝဝဝ ထဲမှထိခိုက်အိမ်ခြေဧက၇ဝဝ ကျော်အတွင်းရှိအိမ်ခြေများအား ယခု ကာလပေါက်ဈေးအတိုင်း ပေးလျော် သွားမည်ဖြစ်ကြောင်း သိရသည်။

”အခုလုပ်ငန်း မစသေးတဲ့ ဟက်တာ ၂,ဝဝဝ ရှိတယ်။ အဲဒီထဲက လုပ်ငန်းနဲ့ မလွတ်တဲ့ အိမ်ခြေတွေ ကို ဖယ်ရှားတဲ့အခါအခုကာလ ပေါက် ဈေးအတိုင်း ပေးလျော်သွားမယ်။ ထိခိုက်နိုင်တဲ့ အိမ်ခြေက ၆ဝဝ နဲ့ ၈ဝဝ ကြားမှာ ရှိတယ်”ဟု သီလဝါ အထူးစီးပွားရေးဇုန် အတွင်းရေးမှူး ဦးသန်းအောင်က ပြောသည်။

အဆိုပါ သီလဝါအထူးစီးပွားရေး ဇုန်အား ၂ဝ၁၁ ခုနှစ်မှ စတင်၍ စီမံ ကိန်းနယ်မြေတွင် ပါဝင်သည့် အိမ် ထောင်စုများအား အိမ်ထောင်စု တစ်ခုချင်းအလိုက် မှတ်တမ်းဓာတ်ပုံ များ ရယူကာ စာရင်းပြုစုထားပြီး သုံးကြိမ်တိုင်တိုင် လူထုဆွေးနွေးပွဲ များ ပြုလုပ်ခဲ့ကြောင်း သိရသည်။

”ဧက ၂,ဝဝဝ ထဲမှာ ရှိတဲ့ တောင်သူတွေနဲ့ ညှိနှိုင်းတာ သုံးကြိမ် ရှိပြီ။ ဒီနယ်မြေထဲမှာ နေလို့မရတော့ ဘူးဆိုတာကို အစိုးရအဖွဲ့က ၂ဝ၁၃ ခုနှစ်ကတည်းက ကြေညာခဲ့ပြီးသား ပါ။ ၂ဝ၁၃ ခုနှစ်၊ ဧပြီလ ၄ ရက်အထိ နေထိုင်တဲ့ သူတွေက အကျုံးဝင်တယ်။အဲဒီနောက်ပိုင်းမှလာပြီးအိမ် ဆောက်တာတို့၊ တိုက်ဆောက်တာ တို့က စာရင်းထဲမှာ အကျုံးမဝင်တော့ ပါဘူး။ အဲဒီလို အကြောင်းကြားပြီး တစ်ရွာချင်း၊ တစ်ဦးချင်းအလိုက် ဆွေးနွေးတယ်။

၂ဝ၁၃ခုနှစ်၊ဧပြီလ၉ရက်မှာ ကောင်းကင်မြေပုံရိုက်တယ်။
ဒီကြားထဲ ကွာခြားချက် ရှိနိုင်တဲ့ အတွက် မြေပုံ၊ ဓာတ်ပုံနဲ့ သူတို့ရဲ့ အထောက်အထားနဲ့ စိစစ်ပြီး အကျုံး ဝင်မဝင်ကို ခွဲတယ်။ ဒုတိယအကြိမ် ပြီးပြီ။ တတိယအကြိမ်ကို အဲဒီ သြဂုတ်လကုန်မှာ အပြီးလုပ်ပြီးရင် စာရင်းပိတ်ပါပြီ”ဟု သီလဝါအထူးစီးပွားရေးဇုန်အတွင်းရေးမှူးဦးသန်း အောင်က ပြောသည်။

”ပထမဆုံးလုပ်တဲ့ဧက၄ဝဝအတွက်ကတော့
လျော်ကြေးပေးပြီး ပြီ။ အခုလုပ်မယ့် ဟက်တာ ၂,ဝဝဝ ထဲက ဖယ်ရမယ့်အိမ်ခြေ ၇ဝဝ ကျော် ကတော့ ဘယ်တော့ရမလဲဆိုတာ မသိပါဘူး”ဟု အဆိုပါ ဖယ်ရှားခံ
ရမည့် မြို့နယ်တွင်ပါဝင်သည့် ကျောက်တန်းမြို့နယ်မှ ဦးအေးဌေး က ပြောသည်။

၎င်းသီလဝါအထူးစီးပွားရေးဇုန် အတွင်း လုပ်ငန်းလည်ပတ်လျက် ရှိ သော ဧက ၄ဝဝ ထဲမှ ပြောင်းရွှေ့အိမ် ခြေ ၆၃ လုံးရှိခဲ့ပြီး ယခုဒုတိယအကြိမ် လုပ်ငန်းဆောင်ရွက်မည့် ဟက်တာ ၂,ဝဝဝ အနက်မှ ပြောင်းရွှေ့ရမည့် အိမ်ခြေမှာ ၆ဝဝ နှင့် ၈ဝဝ အကြား တွင် ရှိကြောင်း သိရသည်။

”လျော်ကြေးပေးတဲ့အခါမှာ သီးနှံစိုက်ထားရင်လည်း အဲဒီသီးနှံ ဖိုးပါပေးသွားမှာပါ။ သူတို့ အိမ်ထဲမှာ စိုက်ထားတဲ့ သစ်ပင်ဖိုးပါ ပေးသွားမှာပါ။သိမ်းထားတဲ့အထဲမှာ လျော်
ကြေးမပေးရသေးတဲ့ မြေဧက ၇၆ဝ လောက်ရှိတယ်။ အခုလက်ရှိ ပေါက် နေတဲ့ ကာလပေါက်ဈေးအတိုင်း လုပ်သွားမယ်။

အစိုးရက သတ်မှတ် ပေးတဲ့ဈေးနှုန်းက နည်းရင်တောင် ဂျပန်က သင့်တင့်တဲ့ဈေးနှုန်း တစ်ခု နဲ့ တွက်ပေးသွားမှာပါ”ဟု အဆိုပါ စီမံကိန်းမှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦး က ပြောသည်။
အဆိုပါ ဟက်တာ ၂,ဝဝဝ တွင် ရင်းနှီးမြှုပ်နှံမည့် ကုမ္ပဏီမှာ ဂျပန် ကုမ္ပဏီဖြစ်ပြီး ၎င်းကုမ္ပဏီအနေဖြင့် မည်သည့်အပိုင်းအား ဆောင်ရွက် သွားမည်ကို မသိရသေးပေ။

Credit: thetradetimes

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်

Upcoming Property Events

From 26 Jul To 27 Jul

Emerald Bay Luxury Condo

From 26 Jul To 27 Jul

ERC Luxury Condo

From 26 Jul To 27 Jul

Magical World Apartment

From 08 Jul To 08 Aug

Central Shophouse

ERC Luxury Condo
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service