မျက်စိကျစရာကောင်းတဲ့ မြို့သစ်အရှေ့ခြမ်းအိမ်ခြံမြေဈေးကွက် - Property News in Myanmar from iMyanmarHouse.com
1378 Views

မျက်စိကျစရာကောင်းတဲ့ မြို့သစ်အရှေ့ခြမ်းအိမ်ခြံမြေဈေးကွက်

လက်ရှိဖွံ့ဖြိုးနေတဲ့ မန္တလေးအိမ်ခြံမြေအနေအထားအရ မြို့သစ်အရှေ့ခြမ်းမှာရှိတဲ့ အိမ်ခြံမြေ ဈေးကွက်ဟာ မျက်စိကျစရာကောင်းနေပြီး၊ နေထိုင်ဖို့နဲ့ ရင်းနှီးမြှုပ်နှံဖို့အတွက် အားသာချက် များတဲ့ဈေးကွက်တစ်ခုဖြစ်ကြောင်း မြို့သစ်က အိမ်ခြံမြေအကျိုးဆောင်အများစုကပြောပါတယ်။

အခုအခါ အိမ်ခြံမြေဈေးကွက်က အရောင်းအ၀ယ်ပိုင်းမှာ အလုပ်လုပ်လို့ မကောင်းဘူးဆိုပေမယ့် မြို့သစ်ရဲ့အလားအလာဟာ လာမယ့်အနာဂတ်မှာ ဖွံ့ဖြိုးမှုကောင်းပြီး အလုပ်လုပ်လို့ ကောင်းမယ့် ဈေးကွက်အဖြစ်သာ အိမ်ခြံမြေဈေးကွက်မှာ အတွေ့အကြုံ ရင့်ကျက်သူအများစုက ရှုမြင်နေကြပါတယ်။ ချမ်းမြသာစည်မြို့နယ်အတွင်း၊ ၆၂ လမ်း အနီးတစ်ဝိုက် ရှေ့နောက် ၀ဲယာမှာရှိနေတဲ့ အိမ်ခြံမြေဧရိယာတွေဟာ အဆောက်အအုံမပါဘဲ ပုံမှန်ပေ ၄၀ x ပေ ၆၀ မြေတစ်ကွက်ကို ကျပ်သိန်း ၃,၀၀၀ ပတ်ချာလည်ကနေ ကျပ်သိန်း ၁၀,၀၀၀ ပတ်ချာလည် အထိ ဈေးခေါ်နိုင်စွမ်း ရှိနေကြလို့ သာမန်လူလတ်တန်းစားထဲမှာတောင် အများစုလိုက်မီဖို့ခက်တဲ့ ဈေးနှုန်းတန်းကို ရောက်နေပြီလို့ ဆိုရမှာဖြစ်ပါတယ်။

ဒါပေမဲ့ အဲဒီဧရိယာတွေရဲ့ အရှေ့ဘက်ကိုပိုရောက်တဲ့ အပိုင်းတွေမှာတော့ အတွင်းပိုင်း မြေကွက်တွေဟာ ဈေးနှုန်းတန်းအရ လူလတ် တန်းစားတွေ လိုက်မီဖို့ မခက်ခဲတဲ့ အနေ အထားမှာရှိနေကြောင်း ဈေးကွက်သတင်း တွေအရ သိရပါတယ်။

လက်ရှိမှာ အေးနေ တဲ့ အရောင်းအ၀ယ်အနေအထားအရ အဲဒီ မြို့သစ်အရှေ့ဘက်တွေမှာ ဈေးကွက်သွက် စဉ်အချိန်က ဈေးနှုန်းထက် ဈေးကိုလျှော့ချ လာတာ တချို့ရှိလာတာမို့ မြေမှာ ရင်းနှီးမြှုပ်နှံ ထားလိုသူတွေအတွက် အချိန်ကောင်းလို့ အတွေ့အကြုံရှိသူတွေက သုံးသပ်ကြပါ တယ်။ အခြေချနေထိုင်သူ သိသိသာသာများနေ တဲ့ မြို့သစ်ဧရိယာဟာ အချိန်နဲ့အမျှတိုး လာတဲ့ မြို့ရဲ့လူဦးရေကြောင့်လည်း အားသာချက်ဖြစ်နေပါတယ်။ အခုနောက်ပိုင်းတိုးလာ တဲ့ လူဦးရေသာမက၊ မြို့တွင်းမှာ ရောင်းချ ပြီး နောက်တစ်နေရာရှာမယ်ဆိုရင်လည်း မြို့သစ်ကိုသာ အများဆုံးအာရုံကျကြတာကို တွေ့ရကြောင်း အကျိုးဆောင်တချို့က ပြောပါတယ်။

အတွင်းပိုင်းကျတဲ့ မြေကွက်ဆိုရင် အခု အခါမှာ ကျပ်သိန်း ၈၀၀ ၀န်းကျင်နဲ့ ရနိုင်သေးကြောင်းနဲ့ ကိုယ်နိုင်တဲ့ပမာဏဖြစ်ရင် ရင်းနှီးမြှုပ်နှံထားဖို့ သင့်တော်ကြောင်း အကျိုး ဆောင်တချို့က သုံးသပ်ကြတဲ့ မြို့သစ် အရှေ့ဖျား အိမ်ခြံမြေဈေးကွက်ဟာ လုပ်သာ ကိုင်သာရှိလာတဲ့ အချိန်ရောက်လာရင် အကျိုးအမြတ် စို့စို့ပို့ပို့ရနိုင်ကြောင်းလည်း သုံးသပ်ကြပါတယ်။

Credit : Myanmar Times

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 19 Jul To 20 Jul

Emerald Bay Luxury Condo

From 19 Jul To 20 Jul

ERC Luxury Condo

From 19 Jul To 20 Jul

Magical World Apartment

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service