မြို့ဧရိယာအတွင်းပါဝင်ပြီး လူနေထိုင်သည့် လယ်ယာမြေများကို မြို့မြေအဖြစ် သတ်မှတ်၍ မြေဂရန်ထုတ်ပေးမည် - Property News in Myanmar from iMyanmarHouse.com
1656 Views

မြို့ဧရိယာအတွင်းပါဝင်ပြီး လူနေထိုင်သည့် လယ်ယာမြေများကို မြို့မြေအဖြစ် သတ်မှတ်၍ မြေဂရန်ထုတ်ပေးမည်

မြို့ဧရိယာအတွင်းပါ ၀င်ပြီး သီးနှံစိုက်ပျိုးလုပ်ကိုင်ခြင်း မရှိတော့ဘဲ နှစ်ကာလကြာရှည် စွာ လူနေထိုင်သည့် လယ်ယာမြေ များကို မြို့မြေအဖြစ် သတ်မှတ် ကာ မြေဂရန်များထုတ်ပေးမည် ဖြစ်ကြောင်း မန္တလေးတိုင်းအစိုးရ အဖွဲ့ ဘဏ္ဍာရေးဝန်ကြီး ဒေါက် တာ မြင့်ကြူက ပြောသည်။

မန္တလေးတိုင်းမှ မြို့နယ် အားလုံးရှိ မြို့ဧရိယာအတွင်း ကျရောက်နေသော လယ်ယာမြေ များကို မြို့မြေအဖြစ် သတ်မှတ် ပေးကာ မြေငှားဂရန်များ ထုတ် ပေးနိုင်ရန် ၂၀၁၃ ဇူလိုင်မှ စတင်ကာ စီစဉ်နေခြင်းဖြစ်သည်ဟု ဒေါက်တာမြင့်ကြူကဆိုသည်။

လယ်ယာမြေများကို မြို့ မြေအဖြစ် သတ်မှတ်ကာ မြေဂရန် ထုတ်ပေးနိုင်ရန်ကနဦးအဆင့်အ ဖြစ် မြန်မာနိုင်ငံနယ်မြေသတ်မှတ် ချက် ဥပဒေအရ သက်ဆိုင်ရာမြို့ နယ်အလိုက် မြို့နယ်နယ်နိမိတ်ဧရိယာသတ်မှတ်တိုင်းတာမည် ဖြစ်သည်။

ထိုသို့တိုင်းတာသတ် မှတ်ပြီးနောက် မြို့နယ်ဧရိယာအ တွင်းပါဝင်နေပြီး သီးနှံစိုက်ပျိုး လုပ်ကိုင်ခြင်းမရှိတော့ဘဲ နေအိမ်အဆောက်အအုံဆောက်လုပ် ထားသည့် လယ်ယာမြေများကို မြို့မြေအဖြစ် သတ်မှတ်ပေးကာ မြေဂရန်ထုတ်ပေးမည်ဟု ဆို သည်။

လက်ရှိတွင် မြို့နယ်နိမိတ်တိုင်းတာသတ်မှတ်ရန် မန္တလေးတိုင်းရှိ ကျောက်ဆည်မြို့အပါအ၀င် ၂၃ မြို့နယ်တွင် သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှူးများအား နယ်နိမိတ်သတ်မှတ်ရေးအရာရှိအဖြစ် လည်းကောင်း၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းဦးစီးဌာန မြို့နယ်ဦးစီးမှူးအား နယ်နိမိတ်ကြပ်မတ်ရေးအရာရှိအဖြစ် လည်းကောင်း ပြီးခဲ့သည့် ဇူလိုင်မှစတင်ကာ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက အမိန့်ကြေညာချက်ထုတ်ပြန်ဖွဲ့စည်းထားပြီး ဖြစ်သည်ဟု ဒေါက်တာ မြင့်ကြူကပြောသည်။

ကျေးလက်နေပြည်သူများ ပိုင်ဆိုင်သည့် အိမ်ခြံမြေကွက်များ ကိုပင် မြေငှားဂရန်ထုတ်ပေးနိုင် ရန် စီစဉ်နေပြီဖြစ်၍ မြို့ပေါ်ကျရောက်နေသည့်လယ်ယာမြေများကိုလည်း
မြေဂရန်ထုတ်ပေးနိုင်ရန်စီစဉ်ခြင်းဖြစ်သည်ဟု ဒေါက်တာ မြင့်ကြူက ပြောသည်။

ထိုသို့မြေပေါ်ရှိ လယ်ယာ မြေများကို မြေဂရန်ထုတ်ပေး မည့်အစီအစဉ်သည် အိမ်ခြံမြေ ဈေးကွက်အပေါ် ကြီးမားသည့် ရိုက်ခတ်မှုရှိလာနိုင်သည်ဟု မန္တလေးမြို့ခံ အိမ်ခြံမြေအကျိုး ဆောင်များက ခန့်မှန်းသည်။

လက်ရှိအခြေအနေအရလည်း မြို့နှင့် ထိစပ်နေသည့် လယ်ယာမြေများ ဈေးနှုန်းမြင့်တက်လာနိုင်ပြီး လယ်ယာမြေ၀ယ်ယူစုဆောင်းထား သည့် စီးပွားရေးသမားများ အကျိုးအမြတ်ကြီးနိုင်သည်ဟု အိမ်ခြံမြေ အကျိုးဆောင်များက ပြောသည်။

‘‘ဒီသတင်းမထွက်ခင်က တည်းက စီးပွားရေးသမားတွေက လယ်ယာမြေတွေကို ၀ယ်ရင်း ထားကြတယ်။ မြို့မြေကို ၀ယ်ရင် အခွန်ဆောင်ရမယ်။ လယ်ယာ မြေကို ၀ယ်ရင် အခွန်ဆောင်စရာ မလိုဘူး။ အဲဒါကြောင့် လယ်မြေ ၀ယ်စုကြတာ။ အခုလို မြို့ပေါ်က လယ်ယာမြေတွေ ဂရန်ထုတ်ပေးမယ်ဆိုရင်တော့ မြေစုထားတဲ့သူ တွေအကျိုးအမြတ်များနိုင်တယ်’’ဟုမန္တလေးမြို့ ရွှေမန္တလေးအိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ ဦးနေလင်းအောင်က ပြောသည်။

မန္တလေးမြို့ဝန်းကျင်ရှိ ပုသိမ်ကြီး၊ အမရပူရ၊ တံတားဦး၊ မတ္တ ရာ၊ ကျောက်ဆည်စသည့်မြို့နယ် များတွင် မြို့ဧရိယာနှင့် ဆက်စပ် နေသည့် လယ်ယာမြေအများအ ပြားရှိပြီး ယင်းလယ်ယာမြေများကို ဒေသခံတောင်သူများ ပိုင်ဆိုင်မှုမရှိတော့ဘဲ စီးပွားရေးသမားများက ၀ယ်ယူထားကြပြီးဖြစ်သည်ဟု ဒေသခံအိမ်ခြံမြေအကျိုးဆောင်များက ပြောသည်။

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်

Upcoming Property Events

From 26 Jul To 27 Jul

Emerald Bay Luxury Condo

From 26 Jul To 27 Jul

ERC Luxury Condo

From 26 Jul To 27 Jul

Magical World Apartment

From 08 Jul To 08 Aug

Central Shophouse

Magical World Apartment
Emerald Bay Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service