အထပ်မြင့် ဈေးများတွင် လမ်းဘေးဈေးသည်များအတွက် ငါးပေပတ်လည် နေရာပေးမည် - Property News in Myanmar from iMyanmarHouse.com
906 Views

အထပ်မြင့် ဈေးများတွင် လမ်းဘေးဈေးသည်များအတွက် ငါးပေပတ်လည် နေရာပေးမည်

ရန်ကုန်မြို့တွင် တည် ဆောက်လျက်ရှိသော နှစ်ထပ် ဈေး ၁၂ ခု တည်ဆောက်ပြီးစီးပါ က လမ်းဘေးဈေးသည်များအား ၅ ပေပတ်လည် နေရာချပေးထား မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ သတင်းရရှိသည်။

ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီက အဆင့် မြှင့်တင်လျက်ရှိသောယင်းစည်ပင် ဈေးများပြီးစီးပါက လမ်းဘေးဈေးသည်များအတွက် နေရာတစ်ခုစီ သီးသန့်ပေးကာ ရောင်းချစေမည်ဖြစ်ကြောင်း မြို့တော်စည်ပင်ဈေးများဌာနမှ ဌာနမှူးက ပြောသည်။

ဈေးသည်များအတွက် နေ ရာများကို သက်ဆိုင်ရာဈေး၏ ဈေးများဌာနထံတွင် ခွင့်ပြုချက် တောင်းခံပြီး ငှားရမ်းနိုင်ရန် စီစဉ် ထားကြောင်း ဌာနမှူးက ဆိုသည်။

ဈေးသည်များအတွက် ဆိုင်ခန်းခမှာ ဈေးအပေါ် မူတည်၍ ကွာခြားသွားမည်ဖြစ်ပြီး ထိန်းသိမ်းပြုပြင်ရေးလုပ်နိုင်သူ လမ်းဘေးဈေးသည်များကို ဦးစားပေးသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

‘‘အဓိကက လမ်းဘေးဈေး သည်တွေ ရှိနေတဲ့အတွက် သွား လာရေးအခက်အခဲဖြစ်တာရယ်၊အမှိုက်ပွတာတွေရယ်ကြောင့်ပါ။ ကျွန်တော်တို့ကို ညွှန်ကြားထား တာကြာပါပြီ။ နှစ်ထပ်ဈေးတွေ ဆောက်ဖြစ်တုန်း တစ်ခါတည်း နေရာချပေးဖို့ စီစဉ်လိုက်တယ်’’ ဟု ဌာနမှူး ဦးစံရွှေထွန်းက ပြော သည်။

လမ်းဘေးဈေးသည်များအ တွက် ၅ ပေပတ်လည်နေရာသတ် မှတ်၍ တစ်ရွက်တစ်ဗန်းဖြင့် နံ နက် ၆ နာရီမှ ညနေ ၆ နာရီအထိ ရောင်းချစေမည်ဖြစ်ပြီး စည်း ကမ်းပိုင်းလည်း သတ်မှတ်သွား မည်ဖြစ်ကြောင်း ၎င်းက ပြော သည်။ ရန်ကုန်မြို့တော်ဝန်က လည်း ယခုနှစ်အတွင်းလမ်းဘေး ဈေးသည်များအား နေရာချထား ပေးရန် တိုင်းဒေသကြီးအစည်း အဝေးတွင် ယခင်နှစ်က ပြောကြားထားပြီး ရန်ကုန်မြို့၌ ဈေးပေါင်း ၁၇၀ ကျော်ရှိသည့်အနက် ဈေး ၁၂ ခုကို အဆင့်မြှင့်ထား ခြင်းဖြစ်သည်။

‘‘လမ်းပေါ်ကနေ ဈေးထဲဝင် ရောင်းရမယ်ဆိုရင်တော့ အဆင် ပြေတာပေါ့။ လမ်းပေါ်မှာရောင်း လည်းဈေးကောက်ပေးရတာပဲ။ သူတို့ချပေးထားတဲ့နေရာရောင်း လည်း ဈေးကောက်ပေးရတာချင်း အတူတူ ဈေးပေါ်ရောင်းခိုင်းရင် တော့ တရားဝင်တယ်လို့ ပြောလို့ ရတယ်လေ’’ဟု အဆင့်မြှင့်တင် မည့် ဈေးဖြစ်သော မြောက်ဥက္က လာပ(၂)ဈေးမှ မျှစ်ရောင်းသည့် လမ်းဘေး ဈေးသည်တစ်ဦးက ပြောသည်။

ယခင်က မြို့တွင်းလမ်းဘေး ဈေးသည်များထံမှ နှစ်စဉ် အခွန် ငွေ ၀ ဒသမ ၃၈ ဘီလီယံရရှိခဲ့ပြီး ၂၀၁၁ မှစ၍ အခွန်မကောက် တော့ကြောင်း ရန်ကုန်မြို့တော် ဝန်က ပြောကြားထားသော်လည်း ဈေးသည်များက ဈေးကောက် ပေးနေရဆဲဖြစ်ကြောင်း ပြော သည်။

ရန်ကုန်မြို့တွင်း ခြောက်မြို့ နယ်တွင် လမ်းဘေးဈေးသည် ၅,၀၀၀ ကျော်ရှိကြောင်း စည်ပင် သာယာရေးကော်မတီက ထုတ် ပြန်ထားပြီး ယခင်နှစ်က ဈေး ၁၁၄ ခုမှ လမ်းဘေးဈေးသည် ၆,၀၀၀ ကျော် ဖယ်ရှားခဲ့ ကြောင်း သိရသည်။

Credit: 7daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service