အငှားပေးမယ့်အိမ်တွေအတွက် အိမ်ပိုင်ရှင်တွေက ဘယ်လိုပြုပြင် ထိန်းသိမ်းပေးသင့်သလဲ - Property News in Myanmar from iMyanmarHouse.com
1435 Views

အငှားပေးမယ့်အိမ်တွေအတွက် အိမ်ပိုင်ရှင်တွေက ဘယ်လိုပြုပြင် ထိန်းသိမ်းပေးသင့်သလဲ

ကျွန်တော်တို့တွေ အားလုံးနီးပါးအိမ်ပိုင်ရှင်တွေက ကိုယ်ပိုင်နေထိုင် တဲ့ အိုးအိမ်တိုက်တာတွေနဲ့ပတ်သက်ပြီး ဘယ်လိုပြုပြင်ထိန်းသိမ်း ပြီးနေထိုင်ရမယ်။ ဘယ်လိုပြင်ဆင်မှုတွေပြုလုပ်ပြီး နှစ်ပေါင်းကြာ ကြာခိုင်ခံ့တဲ့ အိမ်တွေမှာနေထိုင်ရမလဲဆိုတာတွေအတွက် ထိန်း သိမ်းနေထိုင်ရမယ့် နည်းလမ်းတွေကို နားလည်သိရှိပြီးဖြစ်မှာပါ။

ဒါပေမဲ့ ကိုယ်ပိုင်အိမ်တစ်လုံးအပြင် ထပ်ပြီးအခြားအိမ်တစ်လုံးကို ပိုင်ဆိုင်တဲ့ အိမ်ပိုင်ရှင်တွေကတော့ အဲ့ဒီအိမ်အပိုတစ်လုံးကို လူမ နေပဲ ဒီအတိုင်းထားကောင်းထားကြတတ်သလို အချို့ကလည်း အိမ် အငှားလူတွေကို အငှားတင်ကြပါတယ်။ ဒီလို အိမ်အငှားထပ်တင် မယ်ဆိုရင်တော့ ကိုယ်ငှားမယ့် အိမ်ကကောင်းကောင်း နေထိုင်လို့ ရမှ အဆင်ပြေပြီး အိမ်အငှားခကောင်းကောင်းရနိုင်မှာပါ။

အဲ့ဒီအငှားအိမ်နဲ့ပတ်သက်ပြီးတော့ အိမ်ပိုင်ရှင်တွေက ဘယ်လိုထိန်းသိမ်းရမလဲဆိုတာကိုတော့ ကောင်းကောင်းနားမလည်တတ် ကြပါဘူး။ ကိုယ်တိုင်မနေတာလည်းပါတာမို့ ထိန်းသိမ်းပြုပြင်မှု မရှိတာကြောင့် အိမ်ကအချိန်တိုတွင်းပျက်စီးယိုယွင်းသွားနိုင်ကာ အိမ်တစ်လုံးလုံး လုံးဝနေလို့မရတော့တဲ့ အခြေအနေထိတောင် ရောက်ကောင်းရောက်သွားနိုင်ပါတယ်။ ဒါ့ကြောင့်မို့လို့ အခြား လူတွေကိုအငှားပေးမယ့် အိမ်တွေနဲ့ပတ်သက်ပြီး အိမ်ပိုင်ရှင်တွေ အနေနဲ့ ဘယ်လိုလွယ်လွယ်ကူကူ ပြုပြင်ထိန်းသိမ်းသွားရမယ်ဆို တဲ့ နည်းလမ်းကောင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ အိမ်ရဲ့အပြင်ဘက်မှာရှိနေတဲ့ သစ်သားချောင်းအပိုင်းအစ၊ အပို အတိုအထွာတွေကို တစ်စုတစ်စည်းထဲ သိမ်းဆည်းထားလိုက်ပါ။ နံ ရံမှာ ကပ်မှီထားတဲ့သစ်သားချောင်းတွေကို ချနဲ့ပိုးကောင်တွေအ လွယ်တကူကိုက်စားနိုင်တာကြောင့် အဲ့ဒီကမှတဆင့် အိမ်နံရံတွေ ကိုကူးသွားပြီး နံရံတွေပါပျက်စီးသွားနိုင်တာမို့ ပြန်လည်ပြုပြင်မယ့် စရိတ်အတွက် အပိုကုန်ကျသွားနိုင်ပါတယ်။ ဒီ့အတွက်ကြောင့် မလို အပ်တဲ့ သစ်သားချောင်းအတိုအစတွေကို အိမ်နံရံတွေကနေဖယ်ရှား ပြီး စနစ်တကျသိမ်းဆည်းထားသင့်ပါတယ်။

၂။ အမှိုက်သရိုက်၊ စွန့်ပစ်အညစ်အကြေးများ၊ အမှိုက်ပုံးများ၊ လှောင် ကန်များကို သင့်အိမ်ရဲ့ ခပ်ဝေးဝေးမှာသာ ထားရှိသင့်ပါတယ်။ အိမ် အနီးအနားပတ်ဝန်းကျင်က မြေကွက်လပ်၊ မြေကျင်း၊ ချိုင့်ခွက် တွေ ကို တတ်နိုင်သမျှ မြေကြီးဖို့ခြင်း၊ အဆောင်တန်းလျား၊ ပန်းခြံတွေ ဆောက်လုပ်ခြင်းတွေကို လုပ်ဆောင်လိုက်ပါ။ ဘာကြောင့်လဲဆို တော့ အိမ်ရဲ့ရေဆိုးထုတ်ရေနုတ်မြောင်းကနေဖြစ်ဖြစ်၊ အမှိုက် ကျင်းများကနေဖြစ်ဖြစ် ထွက်ရှိလာမယ့် အညစ်အကြေးတွေကအဲ့ဒီ မြေကွက်လပ်ထဲကိုဝင်အောင်းကာ အိမ်အနီးပတ်ဝန်းကျင်ကိုညစ် ပတ်သွားစေပြီး အနံ့အသက်တွေလည်း ဆိုးရွားသွားနိုင်မှာမို့လို့ပါပဲ။

၃။ ရေတူးမြောင်းမှာ ကျိုးပဲ့နေတဲ့ အုတ်ကျိုးပဲ့တွေ၊ ဒါးဗစ်ကျိုးတွေ ကိုဖယ်ရှားပြီး အသစ်တစ်ခုနဲ့ပြန်လည်အစားထိုး သင့်ပါတယ်။ အုတ် ကျိုးပဲ့နေတဲ့ ရေတူးမြောင်းကနေ စိမ့်ထွက်လာတဲ့ ရေဆိုး၊ ရေညစ် တွေက သင့်ရဲ့အိမ်အတွင်း စိမ့်ဝင်လာနိုင်တာကြောင့်ပဲဖြစ်ပါတယ်။

၎။ တံခါးပေါက်နဲ့ ပြတင်းပေါက်တွေ ကောင်းမကောင်း စစ်ဆေးသင့် ပါတယ်။ ခိုင်ခံ့ရဲ့လား၊ လုံခြုံမှုရှိရဲ့လား၊ အသေအချာ အသုံးပြုလို့ရ ရဲ့လားဆိုတာတွေပါ။ တံခါးပတ်တာတွေ၊ တံခါးရွက်တွေ စသဖြင့် ပြုပြင်စရာရှိတာတွေကို ပြုပြင်ဖို့လိုအပ်ပါတယ်။

၅။ ခြံထဲက ချုံတွေ၊ ပေါင်းပင်တွေနဲ့ အိမ်ပေါ်ထိအုပ်မိုးနေတဲ့ အပင် ကြီးတွေကို ရှင်းလင်းခုတ်ထွင်းလိုက်ပါတယ်။ ချုံနွယ်၊ ပိတ်ပေါင်းပင် တွေ ပိတ်ပိတ်အုပ်နေခြင်းကနေ သင့်အိမ်ပတ်ဝန်းကျင်နဲ့ အိမ်တစ် လုံးလုံးကို ဝါးမျိုပျက်စီးစေနိုင်တာကြောင့်ပါပဲ။

၆။ အိမ်ခေါင်မိုး၊ နံရံနဲ့ အမိုးအကာတွေလုံခြုံမှု၊ ပျက်စီးမှုတွေရှိမရှိ စစ်ဆေးသင့်ပါတယ်။ ရာသီဥတုဒဏ်ကြောင့် ဖြစ်စေ၊ လူလုပ်လို့ဖြစ် စေ ပျက်စီးချို့ယွင်းမှုများ ရှိနိုင်ပါတယ်။ ဒီလိုပျက်စီးမှုတွေအတွက် ပြန်လည်ပြုပြင်မှုတွေ အလျင်အမြန်မပြုလုပ်ပဲ ဒီအတိုင်းထားရှိလိုက် ရင် ပိုမိုပြီး ဆိုးရွားသွားနိုင်ကာ ပြင်လို့မရနိုင်တော့တဲ့ အနေအထား ထိဖြစ်သွားနိုင်ပါတယ်။

၇။ အဲကွန်း၊ အပူပေးစနစ်၊ ရေပိုက်သွယ်တန်းမှုတွေ၊ နောက်လျှပ်စစ် ဓာတ်အားဖြန့်ဝေသုံးစွဲမှုတွေ ကောင်းမကောင်း၊ အသုံးပြုလို့ရနိုင် မရနိုင်ခြင်းတွေကို လိုက်လံစစ်ဆေးသင့်ပါတယ်။ ရေပိုက်တွေပေါက် နေခြင်း၊ လျှပ်စစ်ဓာတ်အားပေးစနစ်များပြတ်တောက်နေခြင်းတို့က အိမ်ရဲ့အဓိက ပြဿနာတွေဖြစ်လာနိုင်တာမို့လို့ပါ။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team ရေးသား ဖော်ပြသည်။)

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ

Upcoming Property Events

From 26 Jul To 27 Jul

Emerald Bay Luxury Condo

From 26 Jul To 27 Jul

ERC Luxury Condo

From 26 Jul To 27 Jul

Magical World Apartment

From 08 Jul To 08 Aug

Central Shophouse

Emerald Bay Condo
ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service