ရန်ကုန်မြို့ရှိ နာမည်ကြီးပန်းခြံနေရာများတွင် စီးပွားဖြစ် အဆောက်အအုံများ လျှော့ချရန် အစီအစဉ်မရှိဟု ရန်ကုန်မြို့တော်ဝန် ပြောကြား - Property News in Myanmar from iMyanmarHouse.com
1269 Views

ရန်ကုန်မြို့ရှိ နာမည်ကြီးပန်းခြံနေရာများတွင် စီးပွားဖြစ် အဆောက်အအုံများ လျှော့ချရန် အစီအစဉ်မရှိဟု ရန်ကုန်မြို့တော်ဝန် ပြောကြား

ရန်ကုန်မြို့ရှိ ပြည်သူလူထု အပန်းဖြေရာ နေရာများဖြစ်သော ကန်တော်ကြီး၊ ပြည်သူ့ ဥယျာဉ်၊ မြကျွန်းသာ၊ အင်းလျားကန် စသည့်နေရာများတွင် စီပွားဖြစ် အဆောက်အအုံများကို လာမည့်ဘဏ္ဍာနှစ်အတွင်း ရာခိုင်နှုန်း ၅၀ လျှော့ချရန် အစီအစဉ် ရှိမရှိ သြဂုတ် ၁၇ ရက်က ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အထူး အစည်းအဝေးတွင် မေးမြန်းရာ အစီအစဉ် မရှိသေးဟု ရန်ကုန်မြို့တော်ဝန်က ပြန်လည်ဖြေကြားသည်။

အဆိုပါမေးခွန်းကို ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက မေးမြန်းခဲ့ခြင်းဖြစ်သည်။

ရန်ကုန်မြို့တွင် ကန်တော်ကြီး၊ မြကျွန်းသာ၊ ပြည်သူ့ရင်ပြင်၊ အင်းလျားကန် စသည့် ပြည်သူလူထု အပန်းဖြေရာ ဥယျာဉ်များတွင် ပြည်သူများ အပန်းဖြေနိုင်လောက်သည့် Public Space များ တစ်စတစ်စ လျော့နည်းလာသည်ကို အထင်အရှား တွေ့ရကြောင်း၊ အစိုးရသစ် လက်ထက်တွင် ရန်ကုန်မြို့၏ အထင်ကရ ပန်းခြံများဖြစ်သည့် ကန်တော်ကြီး၊ ပြည်သူ့ရင်ပြင်၊ မြကျွန်းသာ၊ အင်းလျားကန် ပတ်လည်များတွင် စီးပွားဖြစ် အဆောက်အအုံများ တစ်စတစ်စတိုးချဲ့နေရာယူလာကြောင်း ဒေါက်တာညိုညိုသင်းက မေးခွန်းမေးမြန်းရာတွင် ပြောကြားသည်။

“အဲဒီလို စီးပွားဖြစ် အဆောက်အအုံတွေ တစ်စတစ်စ တိုးချဲ့နေရာယူလာတဲ့ အခါကျတော့ ဘာတွေ့ရသလဲ ဆိုတော့ မြကျွန်းသာမှာ အင်းလျားကန်ရေစပ်ကို မမြင်ရတော့တဲ့အနေအထား ဖြစ်နေပါပြီ။ ပြည်သူ့ဥယျာဉ်မှာ ဆိုရင်လည်း အဖိုးမဖြတ်နိုင်တဲ့ Green Area ကြီး တစ်ခုလုံး ဆုံးရှုံးသွားခဲ့ပြီ ဖြစ်ပါတယ်။

အဲဒီတော့ ဒီလိုစီးပွားရေးဆန်တဲ့ အဆောက်အအုံတွေကို ချထားပေးခဲ့ခြင်းအားဖြင့် ဘယ်လောက် နိုင်ငံတော်အတွက် အကျိုးရှိသလဲ တိတိကျကျ သိဖို့အတွက် ပြီးခဲ့တဲ့ လွှတ်တော်အစည်းအဝေးတွေမှာ စည်ပင်သာယာရေး ၀န်ကြီးဌာနကို ကြယ်ပွင့်မပြ မေးခွန်းအနေနဲ့ ဘယ်ပန်းခြံတွေမှာ ဘယ်လုပ်ငန်းရှင်များကို ဘယ်လိုဈေးနှုန်းတွေနဲ့ လုပ်ငန်းများကို ချထားပေးခဲ့ သလဲဆိုပြီး မေးခဲ့တာ ရှိပါတယ်” ဟု ဒေါက်တာညိုညိုသင်းက ဆက်လက်ပြောကြားသည်။

“အဲဒီဖြေကြားချက်ကို ကြည့်မယ်ဆိုရင် အချို့သော ပန်းခြံ၊ ဥယျာဉ်တွေမှာငှားရမ်းထားတဲ့ ဈေးနှုန်းတွေက ပြင်ပပေါက်ဈေး၊ လက်ရှိကာလပေါက်ဈေးနှုန်းတွေ အရလည်းကောင်း၊ သူတို့တစ်ဆင့်ပြန်ပြီး ငှားရမ်းထားတဲ့ ဈေးနှုန်းတွေအရ လည်းကောင်း နှိုင်းယှဉ်ကြည့်ရင် အင်မတန်ကို ကွာဟချက် ကျဉ်းမြောင်းနေတာကို တွေ့ရပါတယ်။

အဲဒီတော့ ပြည်သူလူထုက အဲဒီပန်းခြံတွေကို သွားလို့ရှိရင် အပန်းဖြေစရာ နေရာဟာ အဲဒီဆိုင်တွေကိုတက်မှပဲ အပန်းဖြေနိုင်တဲ့အနေအထား ဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့ဝင်ငွေ ဘယ်လောက်ရသလဲ စိစစ်လိုက်တဲ့ အခါမှာ ရရှိတဲ့ဝင်ငွေဟာ ဟုတ်တိပတ်တိ မဟုတ်ပါဘူး။ နိုင်ငံတော် အတွက်လည်းဝင်ငွေသိပ်မရဘဲ ပြည်သူအပန်းဖြေနေရာတွေ ဆုံးရှုံးနေတဲ့ ကိစ္စဟာ ဒီနေ့အချိန်မှာ မဖြစ်သင့်ဘူးလို့ပဲ ယူဆပါတယ်။

တစ်ဆက်တည်းမှာ ပြည်သူလူထုက နိုင်ငံတော်အတွက် အကျိုးမရှိဘဲ ဘာကြောင့်လူတစ်စုကို လုပ်ကိုင်ခွင့် ပေးထားသလဲဆိုပြီးတော့ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်” ဟု ဒေါက်တာညိုညိုသင်းက ပြောကြားသည်။

ယင်းသို့မေးမြန်းမှုအပေါ် ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ပန်းဥယျာဉ်နှင့် အားစားကွင်းများ ဌာနအောက်ရှိ ပန်းခြံ ၆၃ ခုကို အများပြည်သူ အပန်းဖြေနိုင်စေရန် ပြုပြင်မွမ်းမံခြင်း၊ အဆင့်မြှင့်တင်ခြင်းများ ဆောင်ရွက်ရာ၌ ပန်းခြံဧရိယာအတွင်းရှိ ယခင်ဌာန ၀င်ငွေရ လုပ်ငန်းများအဖြစ် ဖွင့်လှစ်ခဲ့သော ဆိုင်ခန်းများကို ပြောင်းရွှေ့ခြင်း၊ နေရာအစား ထိုးပေးခြင်းများ ဆောင်ရွက်နေကြောင်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်က တောင်ဥက္ကလာပ မြို့နယ်ရှိ မြသီတာနှင့် ရတနာပန်းခြံ၊ သင်္ဃန်း ကျွန်းသုဝဏ္ဏ၊ အလုံမြို့နယ် သခင်မြပန်းခြံ၊ မင်္ဂလာတောင်ညွန့် မြို့နယ် သံသုမာပန်းခြံ၊ အင်းစိန်နံ့သာမြိုင် ပန်းခြံနှင့် နွယ်သာကီပန်းခြံများရှိ စုစုပေါင်းဆိုင်ခန်း ၃၁ ခန်းကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် စုစုပေါင်းဆိုင် ခန်းလေးခန်းတို့ကို ပြောင်းရွှေ့စေခဲ့ကြောင်း၊ ၂၀၁၆-၂၀၁၇တွင်လည်းသင်္ဃန်းကျွန်းရှိ
ပြည်ထောင်စုပန်းခြံမှ ဆိုင်ခန်းတစ်ခန်းအား ဖျက်သိမ်းရန် ဆောင်ရွက်နေကြောင်းသာ ဖြေကြားသည်။

ယင်းဖြေကြားချက်အပေါ် ဒေါက်တာ ညိုညိုသင်းက ကန်တော်ကြီး၊ မြကျွန်းသာ၊ ပြည်သူ့ရင်ပြင်၊ အင်းလျားကန် တို့တွင်လည်း ယင်းသို့ လျှော့ချရန် ရှိမရှိ ဆက်စပ်မေးခွန်း ထပ်မံမေးမြန်းရာ လတ်တလော အနေဖြင့် လျှော့ချရန် အစီအစဉ်မရှိသေးကြောင်းရန်ကုန်မြို့တော်ဝန်က ပြန်
လည်ဖြေကြားသည်။

ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်အတွင်းက ရွှေတိဂုံစေတီတော်အနီး အထပ်မြင့်ဆောက်လုပ်ခွင့် ကန့်သတ်ဧရိယာအတွင်း ပါဝင်သည့် စေတီတော်အနောက်ဘက်မုခ်အနီး ပြည်သူ့ရင်ပြင်အတွင်း ရှော့ပင်းစင်တာ တစ်ခုကို လက်ရှိ ပြည်သူ့ရင်ပြင်အတွင်း ကစားကွင်းလုပ်ငန်းများ လုပ်ကိုင်ခွင့်ပေးထားသည့် Natural World ကုမ္ပဏီကိုပင် ဆောက်လုပ်ခွင့်ပြုခဲ့ရာ ရန်ကုန်မြို့ပြ ပညာရှင်များအပြင် ပြည်သူလူထုက ဝေဖန်ခဲ့ကြပြီး ယင်းအဆောက်အအုံအား မူလက သုံးထပ်ဆောက်ခွင့် ပြုခဲ့သော်လည်း နောက်ပိုင်းတွင် အထပ်မြင့်နေ၍ တစ်ထပ်ပြန်လည် ဖျက်သိမ်းခဲ့ရကြောင်း သိရသည်။ အဆိုပါ ရှော့ပင်းစင်တာမှာ ယခုလက်ရှိတွင် ဖွင့်လှစ်ရောင်းချနေပြီ ဖြစ်ကြောင်း သိရသည်။

အလားတူ မြကျွန်းသာပန်းခြံ အတွင်း၌လည်း ယခင်ကရှိခဲ့သော ရေလွှာလျှော၊ အပင်အချို့ကိုခုတ်ကာ အပန်းဖြေမှုနှင့် မသက်ဆိုင်သည့် ရှော့ပင်းစင်တာ၊ အထပ်မြင့် အဆောက်အအုံများကို ယခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့ရာ အင်းလျားကန်ရေပြင် အစပ်ကိုပါ ဖောင်ဒေးရှင်များတူး၍ လုပ်ကိုင်နေသည့် ဓာတ်ပုံမှတ်တမ်းများလည်း ပျံ့နှံ့ခဲ့ပြီး အများပြည်သူများ၊ ပညာရှင်များအကြား ဝေဖန်မှုများ မြင့်တက်ခဲ့ခြင်းကြောင့် ယင်းသို့ ဆောက်လုပ်မှုကို ခေတ္တရပ်ဆိုင်းထားပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း ရန်ကုန်မြို့တော်စည်ပင်က ပြီးခဲ့သည့်ဇွန်အတွင်း မီဒီယာအချို့ကို ပြန်လည်ဖြေကြားသည်။

ဇွန် ၉ ရက်တွင် ရန်ကုန်မြို့တော်ဝန်အား ယင်းကိစ္စနှင့်ပတ်သက်၍ မေးမြန်းခဲ့ရာ မပြောချင် သေးကြောင်းသာ ပြန်လည်ဖြေကြားသည်။

Credit; Eleven Media Group

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 19 Jul To 20 Jul

Emerald Bay Luxury Condo

From 19 Jul To 20 Jul

ERC Luxury Condo

From 19 Jul To 20 Jul

Magical World Apartment

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service