"ပါရီ၊ ဆန်ဖရန်စစ္စကိုမြို့များထက် ရန်ကုန် နေစရိတ်ကြီး" - Property News in Myanmar from iMyanmarHouse.com
981 Views

"ပါရီ၊ ဆန်ဖရန်စစ္စကိုမြို့များထက် ရန်ကုန် နေစရိတ်ကြီး"

အသုံးအဆောင်များ၊ အ၀တ်အထည်များ၊ ခရီးသွားလာရေးနှင့်ဖျော်ဖြေရေး စရိတ်များ အလွန်အမင်းမြင့်တက်လာ သည့်အတွက် မြန်မာနိုင်ငံသည် နိုင်ငံခြားမှ လာရောက်နေထိုင်သူများအတွက် ကုန်ကျစရိတ် အကြီးမြင့်ဆုံးသော မြို့တော် များ စာရင်းတွင် ထိပ်ပိုင်းသို့ တက်လာသည်ဟု Mercer Global မှ ဇွန်လ ၁၇ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် နေထိုင်မှုစရိတ်စစ်တမ်းအရ သိရသည်။

ကမ္ဘာတလွှားရှိ မြို့ကြီး ၂၀၇ ခုတွင် စစ်တမ်းကောက်ယူခဲ့ရာ၌ရန်ကုန်မြို့က ယခုနှစ်အတွင်းတွင် အဆင့် ၆၆ မှ
အဆင့် ၂၈ သို့ ခုန်တက်သွားခဲ့သည်။အခြားသော မြို့ကြီးများဖြစ်သည့် ဆစ်ဒနီ၊ အဘူဒါဘီ၊
အိုဆာကာ၊ ဆန်ဖရန်စစ္စကို၊ ပါရီ၊ ရောမ၊ ထိုင်ပေ၊ အော့စလို နှင့်ဝါရှင်တန် ဒီစီမြို့များကို ကျော်တက်သွားခဲ့ခြင်းလည်း ဖြစ်သည်။

စစ်တမ်းအရ အာရှဒေသသည် ပြည်ပမှ လာရောက်၍ အလုပ်လုပ်ကိုင်သူများအတွက် ကမ္ဘာပေါ်တွင် ဈေးနှုန်း
အမြင့်ဆုံး ဒေသများထဲမှ တခုဖြစ်လာသည့် အချိန်တွင် နှစ်ပေါင်းများစွာ ခေတ်နောက်ကျအိပ်မောကျနေခဲ့ရာမှ
စီးပွားရေးသမားများ နှင့် ရင်းနှီး မြှုပ် နှံသူများအတွက် အချက်အချာနေရာတခုဖြစ်လာအောင် အချိန်တို တခုအတွင်း
အားထုတ်ခဲ့သည့် မြန်မာ နိုင်ငံက အထူးကိစ္စတခု ဖြစ်နေသည်။ ကုန်ဈေးနှုန်းများကလည်း အထိန်းအကွပ်မရှိ မြင့်တက်နေခဲ့သည်။

ရန်ကုန်မြို့လယ်မှ အကျယ် စတုရန်း မီတာ ၈၀ ခန့်ရှိသည့်တိုက်ခန်းတခုကို ပိုင်ရှင်က ငှားရမ်းခ တလလျှင်
အမေရိကန် ဒေါ်လာ ၄၀၀၀ ခန့် ခေါ်နေသည့် အချိန်တွင် နိုင်ငံခြားမှ တင်သွင်းသည့် အခြားပစ္စည်းများ၏ ဈေးနှုန်းကလည်း
ရယ်စရာ ကောင်းလောက်အောင် မြင့်တက်နေသည်။ Broadband အင်တာနက် လစဉ်ကြေးက တလလျှင်
အမေရိကန် ဒေါ်လာ ၂၀၀ လောက်အထိဖြစ်လာသည်။ အဆိုပါ တန်ဘိုးက ရန်ကုန်မြို့လယ်ရှိ စတိုးဆိုင်တဆိုင် ရရှိနိုင်သည့် နာမည်ကြီးတံဆိပ် ဂျင်း ၀တ်စုံတစုံ သို့မဟုတ် အားကစားဖိနပ် တရံဘိုး ဖြစ်သည်။

ဥပမာအားဖြင့်Volkswagen Golf 2.0 TDI ကားသစ် တစီး၏ တန်ဘိုးက အမေရိကန်ဒေါ်လာ ၇၅၀၀၀ အထိပေးရပြီး ဘန်ကောက်မြို့မှာဆိုလျှင် ထိုပမာဏ၏ ၃ ပုံ ၁ ပုံသာရှိသည်။ အရှေ့တောင်အာရှတွင် ရန်ကုန်မြို့က စင်ကာပူပြီးလျှင်
ဒုတိယ ကုန်ကျစရိတ် အများဆုံး မြို့ဖြစ်နေပြီး ဘန်ကောက်မြို့၏ အထက်တွင်ရှိနေသည်။ တကယ်တမ်းဆိုလျှင် စင်ကာပူမှလွဲ၍ အခြားသော အရှေ့တောင် အာရှမြို့များသည်လည်း နေထိုင်မှု ကုန်ကျစရိတ် အဆင့်မြင့်တက်လာခဲ့သည်။
ဥပမာ မနီလာမြို့သည် အဆင့် ၇၅ သို့ရောက်ရှိလာခဲ့သည်။ စရိတ်မြင့်တက်လာမှု အများစုမှာ ငွေကြေးဖောင်းပွမှုကြောင့် ဖြစ်ပြီး နိုင်ငံခြားမှ တင်သွင်းသည့် လူသုံးကုန်ပစ္စည်းများ၏ ဈေးနှုန်းကို ပိုမိုမြင့်တက်စေခဲ့သည်။

ဥပမာပြရလျှင် စီးပွားရေးတွင် အမေရိကန်ဒေါ်လာကို အခြေပြုသည့် ကမ္ဘောဒီးယားနိုင်ငံ၏ မြို့တော် ဖနွမ်ပင်သည် အဆင့် ၂၇ ခုကျော်၍ အဆင့် ၁၄၂ သို့ရောက်ရှိလာခဲ့သည်။ GDP တိုးတက်မှု လျှင်မြန်လာသလို လူလတ်တန်းစားများကလည်း
ပိုမို ချမ်းသာလာကြသည်။ အရှေ့တောင်အာရှတွင် တတိယ စရိတ်အကြီးမြင့်ဆုံးဖြစ်သော ဘန်ကောက်မြို့တွင်မူ
ဈေးနှုန်းများ မြင့်တက်လာရခြင်း၌ ငွေကြေးဖောင်းပွမှုနှုန်းကို နိမ့်အောင် ထိန်းထားနိုင်ခဲ့သော်လည်း အိမ်ခြံမြေဈေးနှုန်းများနှင့် သွင်းကုန်ဈေးနှုန်းများ မြင့်တက်လာနေသည်။

“နိုင်ငံရေးနဲ့ စီးပွားရေး မတည်ငြိမ်မှုကြောင့် ဖြစ်ရတဲ့ ငွေကြေးဖောင်းပွမှုတွေက globalization အရ ပြည်ပက ရောက် လာတဲ့ လူပုဂ္ဂိုလ်တွေ အဖွဲ့အစည်းတွေရဲ့ ကုန်ကျစရိတ်ကို သက်ရောက်မှုရှိစေပါတယ်” ဟု Mercer၏ အစီရင်ခံစာ တစောင်တွင်ဖော်ပြထားသည်။

ယခုနှစ် စာရင်း၏ ကုန်ကျစရိတ် အများဆုံး မြို့ကြီး ၁၀ မြို့ထဲတွင် အာရှ-ပစိဖိတ်ဒေသမှ ၅ မြို့ပါဝင်နေသည်ကို တွေ့ရသည်။ ဒေသတွင်းတွင် ဟောင်ကောင်က ကုန်ကျစရိတ် အများဆုံးမြို့ဖြစ်နေပြီး ၎င်း၏ ငွေကြေးကို အမေရိကန် ဒေါ်လာနှင့် ချိတ်ဆက်ထားသည့် အတွက် ဒေသတွင်းတွင် နေထိုင်မှုစရိတ်များ မြင့်တက်စေခဲ့သည်။
ဟောင်ကောင်၏ နောက်တွင် စင်ကာပူ၊ ရှန်ဟိုင်း၊ ဘေဂျင်း နှင့် ဆိုးလ်တို့ ရှိနေသည်။ ရှန်ဟိုင်း၊ ဘေဂျင်း နှင့် ဆိုးလ်တို့ မှာ
ယခုနှစ် အတွင်း တွင် ဇယားအပေါ်သို့ ရောက်လာကြခြင်းဖြစ်သည်။ ယန်းငွေ တန်ဘိုး အားနည်းသွားခြင်းကြောင့် တိုကျိုက အဆင့် ၄ ဆင့် ကျဆင်းသွားခဲ့သည်။

ပင်လယ်ကွေ့ဒေသတွင် ဒူဘိုင်း၊ အဘူဒါဘီနှင့် ရီယာဒ့် မြို့များကလည်း နိုင်ငံခြားမှ လာရောက်သူများအတွက်
စရိတ် အကြီးဆုံးမြို့များ ဖြစ်သည်။ ဒိုဟာမြို့က ဒေသတွင်းတွင် အဆင့် ၅ ရှိပြီး ကမ္ဘာ့အဆင့်တွင်
အဆင့် ၉၉ ဖြစ်၍ ဂျကာတာနှင့် အဆင့်တူနေသည်ကို တွေ့ရသည်။ ရေနံကြွယ်ဝသည့် အန်ဂိုလာနိုင်ငံမှ လူအန်ဒါသည် အိမ်ငှားခများ မိုးထိအောင် မြင့်တက်နေပြီး နိုင်ငံခြားမှ တင်သွင်းသည့် လူသုံးကုန်ပစ္စည်းများ ဈေးကြီးသည့် အတွက်
နိုင်ငံခြားသားများအ တွက် စရိတ် အကြီးဆုံးမြို့များထဲတွင် ဆက်လက်ပါဝင်နေသည်။

Mercer ၏ စစ်တမ်းအရ ကုန်ကျစရိတ် ကြီးမားမှု အနည်းဆုံး မြို့များမှာ ပါကစ္စတန်နိုင်ငံမှ ကရာချိမြို့၊ နမ်မီးဘီးယားမှ Windhoek နှင့် ကာဂျစ္စတန်မှ Bishkek တို့ ဖြစ်သည်။ (အောက်တွင် Mercer Global မှ ထုတ်ပြန်ခဲ့သည့်
နေထိုင်မှုစရိတ် စစ်တမ်း အရ ကုန်ကျစရိတ် အကြီးမားဆုံးမြို့ ကြီး ၃၂ မြို့စာရင်းကို ဇယားဖြင့် ဖေါ်ပြပေးထားပါသည်။)

Credit - the Irrawaddy & mercer

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ

Upcoming Property Events

From 26 Jul To 27 Jul

Emerald Bay Luxury Condo

From 26 Jul To 27 Jul

ERC Luxury Condo

From 26 Jul To 27 Jul

Magical World Apartment

From 08 Jul To 08 Aug

Central Shophouse

ERC Luxury Condo
Emerald Bay Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service