အဆောက်အအုံသစ်တိုးချဲ့မှု မြင့်မားလာခြင်းကြောင့် ပြည်တွင်း ဘိလပ်မြေစက်ရုံများ ကုန်ထုတ်လုပ်မှုပမာဏ တိုးတက်လာခဲ့ - Property News in Myanmar from iMyanmarHouse.com
1236 Views

အဆောက်အအုံသစ်တိုးချဲ့မှု မြင့်မားလာခြင်းကြောင့် ပြည်တွင်း ဘိလပ်မြေစက်ရုံများ ကုန်ထုတ်လုပ်မှုပမာဏ တိုးတက်လာခဲ့

ယခုနှစ်တွင်း အဆောက်အအုံသစ်တိုးချဲ့ဆောက်လုပ်သည့် အရေ အတွက်မှာ မြင့်တက်လာသည့် အတွက် ဘိလပ်မြေထုတ်လုပ်သည့် ကုမ္ပဏီများမှာလည်း ယခင်ထက်ထုတ်လုပ်မှုနှုန်းကိုတိုးမြှင့်ထုတ်လုပ်
နေကြကြောင်းသိရသည်။

”ဈေးကွက်ထဲမှာ ဝယ်လိုအား မြင့်လာတာတော့ မှန်ပါတယ်။ အစ်မတို့ကုမ္ပဏီအနေနဲ့ တစ်နှစ်ကို ပုံမှန် တန်ချိန် ၅,ဝဝဝ ထုတ်ပေမယ့် အခုဆို တန်ချိန် ၆,ဝဝဝ အထိ တိုးမြှင့် ထုတ်လုပ်နေပါတယ်”ဟုလည်း ကြံ့ နှစ်ကောင်ဘိလပ်မြေမှ လက်ထောက် ဈေးကွက်မန်နေဂျာ ဒေါ်ကေခိုင်ဝင်း က ပြောသည်။

ဈေးကွက်အတွင်း ဘိလပ်မြေ တစ်အိတ်လျှင် ကျပ် ၆,ဝဝဝ ကျော် ပေါက်ဈေးရှိပြီး ပြည်ပမှ တင်သွင်း သည့် အမှတ်တံဆိပ်များမှာ ဈေးနှုန်း ပိုမိုမြင့်မားကာ အရည်အသွေးပိုင်း၌ လည်း ကွာခြားမှုများ ရှိနေကြောင်း သိရသည်။

”အာဆီယံဈေးကွက်အတွက် SCG က ၂ဝ၁၅ ခုနှစ်ရဲ့ ဒုတိယ သုံးလပတ်ကာလအတွင်း ဘိလပ် မြေ လိုအပ်ချက်တွေ ဆက်လက် တိုးမြင့်လာတာကို တွေ့ရပြီး အထူး သဖြင့် မြန်မာနဲ့ ကမ္ဘောဒီးယားနိုင်ငံ တွေမှာ လိုအပ်ချက်က နှစ်စဉ် ၁၉ ရာခိုင်နှုန်းနဲ့ ၁၂ ရာခိုင်နှုန်းအသီးသီး တိုးမြင့်နေပါတယ်”ဟု SCG ၏ ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်အရာရှိ ချုပ် Mr. Kan Trakulhoon က ပြောသည်။

ရန်ကုန်မြို့တော် စည်ပင်သာ ယာရေး (အင်ဂျင်နီယာ) အဆောက် အအုံဌာန၏ စာရင်းများအရ ၂ဝ၁၄ ခုနှစ်တွင် အဆောက်အအုံသစ် ဆောက်ရန် ခွင့်ပြုချက် တင်သည့် အရေအတွက်မှာ ၄,ဝဝဝ ကျော် ရှိခဲ့ပြီး ၂ဝ၁၅ ခုနှစ်တွင် ၆,ဝဝဝ ကျော်ရှိနေကြောင်း သိရသည်။

၂ဝ၁၅ခုနှစ်၊ဇန်နဝါရီလမှ မေလ၌အဆောက်အအုံဆေက်
လုပ်ခွင့် ပြုခဲ့သည့်အလုံးရေ၃,၁၇၁လုံး ဖြစ်ပြီးအထပ်မြင့်
ဆောက်လုပ်မှု၁,၆ဝဝ၊အထပ်နိမ့် ဆောက်လုပ်မှု၁,၄၉ဝ နှင့် ခြံစည်းရိုးကာရံမှု ၈၁ ခု အား ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

ယင်းအပြင် ပြည်တွင်း၌ ထုတ် လုပ်လျက်ရှိသည့် ဘိလပ်မြေစက်ရုံ များ အနေဖြင့်လည်း ဈေးကွက် လိုအပ်ချက်အရ ယခင်ထက် ထုတ် လုပ်နှုန်းကို တိုးမြှင့်၍ ထုတ်လုပ်နေ ကြကြောင်း သိရသည်။

”ဆောက်လုပ်ရေး လုပ်ငန်းတွေ များလာတာ အမှန်ပဲ။ လုပ်ငန်းတွေ များလာလေလေ ဘိလပ်မြေက လိုအပ်လာလေလေပဲ။ အခုအချိန်မှာကအသုံးများပါတယ်။ သူက အလေးချိန်လည်း ပြည့်တယ်။ အရည် အသွေးလည်း စိတ်ချရတယ်။ ပြည် တွင်းထုတ်တွေက ထုပ်ပိုးမှု အခက် အခဲကြောင့်လားတော့ မပြောတတ် ဘူး။ ခဲတာတွေ ဖြစ်တတ်တယ်။ ခဲနေတော့ သုံးရတာ အဆင်မပြေ ဘူး။ မရှိသုံးတော့ သုံးရတယ်။ တတ်နိုင်သ၍တော့ ရှောင်တယ်။ ဈေးနှုန်းအနေနဲ့လည်း ကျပ် ၁,ဝဝဝ လောက်ကွာတယ်။ ပြည်တွင်းဖြစ်က သက်သာတယ်”ဟု ဒေါ်ယုယုလွင် (ပြေအောင် ဆောက်လုပ်ရေး ဒါရိုက် တာ) က ပြောသည်။

SCG ဘိလပ်မြေ လုပ်ငန်းစု အနေဖြင့် မော်လမြိုင်မြို့တွင် ဘိလပ် မြေစက်ရုံ တည်ဆောက်လျက်ရှိရာ ယခုအခါ ၄ဝ ရာခိုင်နှုန်းခန့် တည် ဆောက်မှု ပြီးစီးနေပြီး ၂ဝ၁၆ ခုနှစ် နှစ်လယ်ပိုင်းတွင် လုပ်ငန်း စတင် လည်ပတ်နိုင်တော့မည် ဖြစ်ကြောင်း သိရသည်။

ပြည်တွင်း ဘိလပ်မြေနှင့် အုတ် သဲကျောက်ရောင်းဝယ်ရေးဆိုင် အများစုမှာ တံဆိပ်အမျိုးအစား တစ်ခုတည်းကိုသာ သီးသန့်ရောင်းချ နေမှုများကြောင်း တွေ့ရသည်။

”အစ်မတို့က ထိုင်းဘက်က သွင်းတဲ့ Anchor တံဆိပ်ပဲ ရောင်း တယ်။ ကိုယ်ရောင်းတဲ့ဟာတော့ အာမခံနိုင်တယ်။ SCG က အသုံး များပေမယ့် အခုနောက်ပိုင်း အတု တွေလည်း ထွက်နေတယ်။ ဘိလပ် မြေဈေးတွေကတော့ သိပ်မကွာပါ ဘူး။ ကျပ် ၆,ဝဝဝ ကျော်တွေပဲ။ အရောင်းအဝယ်ကတော့ နေ့တိုင်း ရှိပါတယ်”ဟု KN ဆောက်လုပ် ရေး၊ လျှပ်စစ်ပစ္စည်းနှင့် အုတ်သဲ ကျောက် ရောင်းဝယ်ရေးမှ တာဝန် ရှိသူက ပြောသည်။

Credit: thetradetimes

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)

Upcoming Property Events

From 08 Jul To 08 Aug

Central Shophouse

From 09 Aug To 10 Aug

THADAR CONDOMINIUM

From 09 Aug To 10 Aug

Mingalar Market

THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service