ဒုတိယ စီးပွားရေးဇုန် ခွင့်ပြုပါက (၅)နှစ်အတွင်း လုပ်ဆောင်မည် - Property News in Myanmar from iMyanmarHouse.com
1016 Views

ဒုတိယ စီးပွားရေးဇုန် ခွင့်ပြုပါက (၅)နှစ်အတွင်း လုပ်ဆောင်မည်

ရန်ကုန်မြို့၏ဒုတိယဗဟိုစီးပွားရေးဇုန်အားရင်းနှီးမြုပ်နှံမှု
ကော်မရှင် (MIC) ခွင့်ပြုချက်ရရှိပြီးပါက ငါးနှစ်အတွင်း အပြီးသတ် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာ (အဆောက်အအုံ) ဌာနထံမှ
သိရသည်။

”ဒီစီမံကိန်းကိုလုပ်ဖို့ကုမ္ပဏီတချို့ကိုလည်း ဆွေးနွေး ပြီးသွားပြီး။ ဒါကြောင့် (MIC) ရဲ့ ခွင့်ပြုချက်ရတာနဲ့ အမြန်ဆုံး အကောင်အထည် ဖော်သွားမှာပါ” ဟု အထက်ပါ ဌာနမှူးး ဦးသန်းဌေးက ပြောသည်။အဆိုပါ စီမံကိန်း ပြီးစီးပါက ရန်ကုန်မြို့၏ဒုတိယစီးပွားရေး မြို့လယ်နေရာတစ်ခု ဖြစ်လာမည်ဖြစ်၍ ရင်းနှီးမြုပ်နှံမှုများ ပိုမိုဝင်ရောက်လာကာ
အလုပ်အကိုင်အခွင့်အလမ်းများကိုများစွာဖန်တီးပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။

ဒုတိယ ဗဟိုစီးပွားရေးဇုန်တွင် ကုန်သွယ်ရေး စင်တာ၊ ဟိုတယ်များ၊ ရုံးခန်းများ၊ ဈေးဝယ်စင်တာများ၊ အထပ်မြင့် အဆောက်အဦ စသည့်တို့ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။ ”အထူး စီးပွားရေးဇုန်တွေများတာ၊ နိုင်ငံတကာလို ပြည့်ဝပိုင်ဆိုင်မှုရှိတဲ့ ဈေးကွက် ဒီနိုင်ငံမှာ ရှိလာမယ်။

ဒါကြောင့်စီးပွားရေးဖွံ့ဖြိုးမှုကိုအထောက်အပံ့ ပေးနိုင်တယ်ဆိုပေမယ့်၊ နိုင်ငံခြားသားတွေပဲ လုပ်မယ်ဆိုရင်တော့ ဒီနိုင်ငံအတွက် အကျိုးသိပ်မရှိနိုင်ဘူး” ဟု စွန့်ဦးတီထွင် ဦးရဲမြင့်က သုံးသပ် ပြောသည်။

ယင်းစီးပွားရေးဇုန်သည် မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းနှင့် တော်ဝင်လမ်းထောင့်ရှိ မြေဧရိယာ (၃၆) ဧကတွင်အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။

အဆိုပါစီမံကိန်းအားပုဂ္ဂလိကကုမ္ပဏီများနှင့်အကျိုးတူပူးပေါင်း လုပ်ကိုင်ရန် (၂၀၁၃) ခုနှစ်က တင်ဒါ ခေါ်ယူခဲ့ပြီး လက်ရှိတွင်ကုမ္ပဏီတချို့အား ရွေးချယ်ထားပြီး ဖြစ်ကြောင်း သိရသည်။ လက်ရှိ ရန်ကုန်မြို့သည် မြန်မာနိုင်ငံ၏ စီးပွားရေး မြို့တော်ဖြစ်ပြီး၊ပထမ ဗဟိုစီးပွားရေးဇုန်အား သီလ၀ါတွင် အကောင်အထည် ဖော်နေပြီး ယခု မင်းဓမ္မလမ်းတွင် ဒုတိယ ဗဟိုစီးပွားရေးဇုန်ကို ထပ်မံ အကောင်အထည် ဖော်နေခြင်း ဖြစ်သည်။

Credit : Messenger News Journal

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ

Upcoming Property Events

From 26 Jul To 27 Jul

Emerald Bay Luxury Condo

From 26 Jul To 27 Jul

ERC Luxury Condo

From 26 Jul To 27 Jul

Magical World Apartment

From 08 Jul To 08 Aug

Central Shophouse

Magical World Apartment
Emerald Bay Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service