ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်က ကျပ် ၇၀ ဘီလီယံ ထုတ်ချေးထား - Property News in Myanmar from iMyanmarHouse.com
654 Views

ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်က ကျပ် ၇၀ ဘီလီယံ ထုတ်ချေးထား

ဆောက်လုပ်ရေး နှင့်အိမ်ရာဖွံ့ဖြိုးရေးဘဏ်ကဆောက်
လုပ်ရေးလုပ်ငန်းရှင်များ အား ကျပ် ၇၀ ဘီလီယံ ထုတ်ချေး ထားကြောင်း အဆိုပါဘဏ်ဥက္ကဋ္ဌ ဦးမင်းထိန်က ပြောသည်။

အဆိုပါ ချေးငွေများအနက် ဘီလီယံ ၆၀ ကျော်ကို လက်ရှိ မြို့ ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာနကတည်ဆောက်နေသည့် ရတနာနှင့်သရ၀ဏ်အိမ်ရာများတည် ဆောက်ခွင့်ရရှိထားသည့်ဆောက် လုပ်ရေး ကုမ္ပဏီများကို ချေးပေး ထားပြီး ကျန် ၁၀ ဘီလီယံမှာ ဆောက်လုပ်ရေးလုပ်ငန်းရှင်ကြီး ၁၀ ဦးအား ထုတ်ချေးပေးထားခြင်း ဖြစ်ကြောင်း ဦးမင်းထိန်က ပြော ကြားသည်။

လက်ရှိ ငွေချေးရာတွင် အ ခန်းပေး အခန်းယူစနစ်ဖြင့် တည် ဆောက်သည့် လုပ်ငန်းရှင်များ အား ငွေမချေးဘဲ တိုက်ရိုက်ကိုယ် ပိုင်မြေတွင် တည်ဆောက်သည့် ကုမ္ပဏီများကိုသာ ငွေချေးပေးခြင်း ဖြစ်ကြောင်းသိရသည်။

လက်ရှိ တွင် အဆိုပါဘဏ်မှာ လုပ်ငန်းမ လည်ပတ်နိုင်သဖြင့် တစ်ဝက်တစ် ပျက်နှင့် ရပ်နားထားရသည့် ကန် ထရိုက်တိုက်အလုံး၄၀ကို ငွေချေး ထားပြီးဖြစ်ကြောင်း သိရသည်။

ထို့ပြင်မြို့ရွာနှင့် အိုးအိမ်ဖွံ့ ဖြိုးမှုဦးစီးဌာနက တည်ဆောက် ရောင်းချထားသည့် ရွှေလင်ဗန်း အိမ်ရာစီမံကိန်းမှ အခန်းပေါင်း ၅၀၀ ကိုအရစ်ကျစနစ်ဖြင့် ၀ယ်ယူ လိုသူ အယောက် ၂၀၀နှင့်မန္တလေး မြရည်နန္ဒာ အိမ်ရာ စီမံကိန်းမှ ၀ယ်ယူလိုသူ ၂၉ ဦးကို ရှစ်နှစ်အ ရစ်ကျစနစ်ဖြင့် ငွေထုတ်ချေးပေး ထားကြောင်း သိရသည်။

ငွေချေးလိုသူသည် ကိုယ်ပိုင် မြေတွင် တည်ဆောက်ရမည်ဖြစ် ပြီး အဆောက်အအုံ၏ ၂၀ ရာခိုင် နှုန်းပြီးမှသာ ဘဏ်က အတိုးနှုန်း ၁၂ ရာခိုင်နှုန်းယူ၍ ငွေချေးပေးထားကြောင်း သိရသည်။

‘‘အခုတိုက်ခန်းတွေကို အ ရစ်ကျနဲ့ ရောင်းတဲ့ ကုမ္ပဏီတော် တော်များများက ဘဏ်ချေးငွေရ လို့ သူတို့ဆောက်နိုင်ကြတာ။ ကိုယ့်ငွေကိုတော့ ဘယ်သူမှစိုက် ပြီးစမဆောက်နိုင်ဘူး’’ဟုဧရာကမ္ဘာ ဆောက်လုပ်ရေးကုမ္ပဏီမန်နေဂျင်း ဒါရိုက်တာ ဦးသန်း လွင်က ပြောသည်။

ဆောက်လုပ်ရေးနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဘဏ်ကို အစိုးရအပါအ ၀င် ဆောက်လုပ်ရေးလုပ်ငန်းရှင် များ၊ ပြင်ပစီးပွားရေးလုပ်ငန်းရှင် များ စုစည်းပြီး ပြီးခဲ့သည့်နှစ်က စတင်တည်ထောင်ခြင်းဖြစ်သည်။

၂၀၁၃ ဇူလိုင်တွင် ဗဟိုဘဏ်က ဘဏ်လိုင်စင်ရရှိခဲ့ပြီး ငွေချေးခြင်းလုပ်ငန်းများ လည်ပတ်နေသည်မှာ သုံးလခန့်သာ ရှိသေးသည်။

အဆိုပါဘဏ်သည် နယ်မြို့ ကြီးများတွင် ဘဏ်ခွဲများဆက် လက်ဖွင့်လှစ်ရန် ပြင်ဆင်နေပြီး နိုင်ငံတကာက အတိုးနှုန်းသက်သာသည့် ငွေကြေးအထောက်အပံ့များယူ၍ လည်ပတ်ရန် စီစဉ် လျက်ရှိသည်။

Credit: 7daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်

Upcoming Property Events

From 26 Jul To 27 Jul

Emerald Bay Luxury Condo

From 26 Jul To 27 Jul

ERC Luxury Condo

From 26 Jul To 27 Jul

Magical World Apartment

From 08 Jul To 08 Aug

Central Shophouse

ERC Luxury Condo
Emerald Bay Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service