ကွန်ဒိုမီနီယံဥပဒေ သဘောထားကွဲလွဲမှု များကို ညှိနှိုင်းနေဆဲ - Property News in Myanmar from iMyanmarHouse.com
1103 Views

ကွန်ဒိုမီနီယံဥပဒေ သဘောထားကွဲလွဲမှု များကို ညှိနှိုင်းနေဆဲ

ယခုနှစ်တွင် အတည်ပြုနိုင်မည်ဟု ခန့်မှန်းထားသည့် ကွန်ဒိုမီနီယံဥပဒေမူကြမ်းသည် လက်ရှိအချိန်ထိ ပြည်ထောင်စုလွှတ်တော်
ဥပဒေကြမ်းပူးပေါင်းကော်မတီတွင်
ဆွေးနွေးလျက်သာရှိနေသေးကြောင်း အဆိုပါဥပဒေအားရေးဆွဲခဲ့သည့် ဆောက်လုပ်ရေးဝန်ကြီးဌာနမြို့ပြနှင့် အိမ်ရာဖွံ့ဖြိုး ရေးဦးစီးဌာန တာဝန်ရှိသူများက ပြောသည်။

ကွန်ဒိုမီနီယံဥပဒေမူကြမ်းကို ၂၀၁၃ ခုနှစ် ခန့်က မူကြမ်းရေးဆွဲပြီးစီးခဲ့ပြီးယင်းမူကြမ်းကိုလွှတ်တော် အဆင့်ဆင့်သို့တင်ပြရာမှ ပြန်လည်ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်နေခြင်းကြောင့် ယခုအချိန်ထိ ဥပဒေတစ်ခုအဖြစ်
ပေါ်ထွက်မလာသေးပေ။

“ကွန်ဒိုမီနီယံဥပဒေ အမြန်ဆုံး ထွက်ပေါ်လာနိုင်ဖို့ မျှော်မှန်းထားပါတယ်။ ဒါပေမဲ့ ပြည်ထောင်စုလွှတ်တော်ကအတည်ပြုမယ့် အချိန်မှသာဥပဒေကို ပြဋ္ဌာန်းပေးနိုင်မှာပါ။
လောလောဆယ်တော့ ပြည်ထောင်စုလွှတ်တော်ရဲ့ ဥပဒေကြမ်း ပူးပေါင်းကော်မတီမှာ အသေးစိတ်ပြန်လည် ညှိနှိုင်းနေပါတယ်” ဟု ဆောက်လုပ်ရေး ၀န်ကြီးဌာန မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနဒုတိယညွှန်ကြားရေးမှူး(ဥပဒေ) ဒေါ်ခင်မိမိထွေးက ပြောသည်။

ပြည်ထောင်စုလွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ်များ၊ ဆောက်လုပ်ရေးလုပ်ငန်းရှင်များ၊သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများ စသည်တို့နှင့် အဓိကအချက်လေးချက်ကို ဆက်လက်ဆွေးနွေးလျက်ရှိပြီးပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းကော်မတီတွင် ကွန်ဒိုမီနီယံဥပဒေမူကြမ်းအပေါ် သဘောထား ကွဲလွဲလျက်ရှိသည့် အချက်များကို
ပြန်လည်ညှိနှိုင်းလျက်ရှိကြောင်း ၎င်းက ပြောသည်။

ထိုသို့ အဓိကပြန်လည်ညှိနှိုင်းရသည့် အချက်များမှာ ကွန်ဒိုမီနီယံအဆောက်အအုံဆောက်လုပ်မည့်မြေအား စုပေါင်းပိုင်မြေ သတ်မှတ်ရန် သင့်၊ မသင့်နှင့် ကွန်ဒိုမီနီယံ အဆောက်အအုံရှိ အိမ်ခန်းများကို
နိုင်ငံခြားသားများထံ ရောင်းချခွင့်ပြု၊ ၊ မပြု တို့ ဖြစ်သည်။

ထို့ပြင်ကွန်ဒိုမီနီယံအဆောက်အအုံရှိ အိမ်ခန်းများကို ဆောက်လုပ်မှု
မပြီးစီးမီ ကြိုတင်ရောင်းချနိုင်ခြင်း ရှိ၊ မရှိနှင့် ကွန်ဒိုမီနီယံအဆောက်အအုံရှိ အိမ်ခန်းများကိုနိုင်ငံခြားသားများကို ၀ယ်ယူခွင့်ပြုမည်ဆိုပါက
အလွှာ၊ သို့မဟုတ် အထပ်သတ်မှတ် ၀ယ်ယူခွင့်ပြုရန် သင့်၊ မသင့်တို့ဖြစ်ကြောင်း ဒေါ်ခင်မိမိထွေးက မြန်မာတိုင်း(မ်)ကို
ပြောသည်။ မူကြမ်းကို ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်သို့ တင်ပြခဲ့ပြီးသည့်နောက်တွင် ယင်းလွှတ်တော်တော်နှစ်ရပ်က
အဆိုပါ အချက်လေးချက်တွင် သဘောထားကွဲလွဲမှုများ ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။

သို့သော် လွှတ်တော်တွင် ဥပဒေအတည်ပြုသည့်
ပုံမှန်ဆောင်ရွက်မှုမှာ ယင်းကဲ့သို့ လွှတ်တော်နှစ်ရပ်၏ သဘောထားကွဲလွဲမှုများရှိပါက မဲခွဲဆုံးဖြတ်ကာ မဲများသည့် လွှတ်တော်သဘောထားကို
ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြုကာ ဥပဒေ ထုတ်ပြန်ခြင်းဖြစ်သည်။

ကွန်ဒိုမီနီယံ ဥပဒေမူကြမ်းမှာမူ ယင်းကဲ့သို့ မဲခွဲဆုံးဖြတ်မှု
မပြုလုပ်တော့ဘဲ ပြည်ထောင်စုလွှတ်တော်နာယကက ပြန်လည် ဆွေးနွေးရန် ပြောဆိုခဲ့ရာ ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းကော်မတီတွင်
ဆွေးနွေးနေခြင်းဖြစ်ပြီး ထိုသို့ပြန်လည်ဆွေးနွေးမှုများမှ ဥပဒေမူကြမ်းနောက်ထပ်အသစ်တစ်ခု ထွက်ပေါ်လာနိုင်ကြောင်း အမျိုးသားလွှတ်တော်
ကိုယ်စားလှယ် ဦးဖုန်း မြင့်အောင်က ပြောသည်။

“အခုက ပုံမှန်သွားနေကြအတိုင်း လွှတ်တော်နှစ်ရပ်က သဘောထားကွဲလွဲမှုကို မဲခွဲဆုံးဖြတ်တာ မဟုတ်တော့ဘူး။ ပြည်ထောင်စုလွှတ်တော် နာယကက ပြန်ညှိနှိုင်းဖို့ ပြောထားတော့ ပြည်သူ့လွှတ်တော်ရဲ့ သဘောထားနဲ့ အမျိုးသားလွှတ်တော်ရဲ့
သဘောထားတစ်ခုခုကိုဆုံးဖြတ်တော့မှာမဟုတ်ဘဲနောက်ထပ်ဆွေးနွေး ညှိနှိုင်းလို့ရတဲ့အချက်တွေနဲ့ ပုံစံအသစ်မျိုးနဲ့ ပြန်ထွက်လာနိုင်တယ်” ဟု ၎င်းကပြောသည်။ ပြည်ထောင်စုလွှတ်တော်တွင် ပြန်လည်ဆွေးနွေးလျက်ရှိသည့် ယင်းအချက်များသည် ကွန်ဒိုမီနီယံ ဥပဒေမူကြမ်းတွင်အဓိက ရေးဆွဲထားသည့်အချက်များဖြစ်ပြီး အဆိုပါအချက်လေးချက်မှကွန်ဒိုမီနီယံအဆောက်အအုံရှိအိမ်ခန်းများကို နိုင်ငံခြားသားများထံ
ရောင်းခွင့် ပြု၊၊မပြုအချက်ကို ဆောက်လုပ်ရေးလုပ်ငန်းရှင်များက ရောင်းချခွင့်ပြုစေလိုကြောင်းမြန်မာနိုင်ငံဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးသာဌေးက ပြောသည်။

“ဆောက်လုပ်ရေးလုပ်ငန်းရှင်အနေနဲ့ကတော့ ကွန်ဒိုအခန်းတွေကို နိုင်ငံခြားသားတွေကိုရောင်းချခွင့်ကို
ခွင့်ပြုပေးစေချင်ကြတယ်။ လက်ရှိမူကြမ်းထဲမှာလည်း နိုင်ငံခြားသားကို ၆၀ ရာခိုင်နှုန်း ရောင်းချခွင့်ပေးဖို့ကို တင်ပြထားတယ်။
နိုင်ငံခြားသား ရောင်းချခွင့် ပိုင်ဆိုင်ခွင့်ရှိမှ ကွန်ဒိုဈေးကွက်ကလည်း အဆင်ပြေမှာပါ။ အခုဆိုရင်လည်း ပြည်တွင်း အိမ်ခြံမြေဈေးကွက်က
ကျနေတာဆိုတော့ နိုင်ငံခြားသားတွေကို ရောင်းချခွင့်ပေးလိုက်ရင် သူတို့တွေတော်တော်များများက ၀ယ်နိုင်ကြမယ်” ဟု ၎င်းကပြောသည်။

ထို့ပြင် လုပ်ငန်းရှင်များမှာ လက်ရှိဖွံ့ဖြိုးတိုးတက်မှုများနှင့် ဈေးကွက်အခြေအနေများအရ ကွန်ဒိုမီနီယံဥပဒေကို အမြန်ဆုံး ထွက်ပေါ်လာရန်
လိုအပ်ကြောင်း ၎င်းက ပြောသည်။ “အဓိကက မြန်မာနိုင်ငံမှာ ကွန်ဒိုဥပဒေတစ်ခုရှိနေဖို့ လိုအပ်နေပါတယ်။ လိုအပ်ချက်ကတော့ နောက်ပိုင်းမှာ အထပ်ထပ်ပြု ပြင်ပြီး ဥပဒေတစ်ခုအရင်ဦးဆုံး အမြန်ထွက်လာရင်တော့ ပိုကောင်းတာပေါ့။ ဥပဒေဖြစ်ဖို့ အတည်ပြုမှာဆိုပေမယ့်လက်ရှိ လွှတ်တော်ထဲမှာကလည်း နိုင်ငံရေးနဲ့ပတ်သက်တဲ့ဥပဒေကို ဆွေးနွေးနေကြတာဆိုတော့ ကျွန်တော်တို့ စီးပွားရေးနဲ့ဆိုင်တဲ့ ဥပဒေတွေက ကြာနေတာလို့ ထင်ပါတယ်” ဟု ၎င်းကပြောသည်။

ကွန်ဒိုမီနီယံဥပဒေကို လာမည့် ဩဂုတ် ၁၀ ရက်တွင် ပြည်ထောင်စုလွှတ်တော်တွင်ပြန်လည်
တွင်ဆွေးနွေးရန် သတ်မှတ်ခဲ့ပြီး အတည်ပြုနိုင်ရန်မှာ မခန့်မှန်းနိုင်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ပြောသည်။

ကွန်ဒိုမီနီယံ ဥပဒေသည် မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာသည့်အချိန်တွင်ဆောက်လုပ်ရေး လုပ်ငန်းကဏ္ဍနှင့် အိမ်ခြံမြေလုပ်ငန်းများ အတွက် နိုင်ငံတကာစံနှုန်းများနည်းတူ စံချိန်မီသည့် ခေတ်မီအဆောက်အအုံများ ပေါ်ထွက်လာရန်နှင့် ရင်းနှီးမြှုပ်နှံမှုများ ဖြစ်ပေါ်လာစေရန်တို့အတွက် ဥပဒေတစ်ခုလိုအပ်သည့်အတွက် ရေးဆွဲခဲ့ခြင်းဖြစ်သော်
လည်း သဘောထားကွဲလွဲမှုများရှိနေပြီး ဥပဒေအတည်ပြုမှုပိုင်းတွင်လည်း စောင့်ဆိုင်းနေရသည့် အနေအထားဖြစ်သည်။

Credit: The Myanmar Times

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service