မြို့နယ်အချို့တွင် လုပ်ငန်းလုပ်ကိုင်ရန် ကျပ်သိန်းရာကျော်ပေး၍ နေရာငှားရမ်းမှုများရှိ - Property News in Myanmar from iMyanmarHouse.com
881 Views

မြို့နယ်အချို့တွင် လုပ်ငန်းလုပ်ကိုင်ရန် ကျပ်သိန်းရာကျော်ပေး၍ နေရာငှားရမ်းမှုများရှိ

စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရန် ရန်ကုန်မြို့တွင်းပိုင်း မြို့နယ်များရှိ အချက်အချာနေရာ များကို ယခုရက်ပိုင်းအတွင်းကျပ် သိန်းရာကျော်ပေး၍ ငှားရမ်းနေ ကြကြောင်း သတင်းရရှိသည်။

ကျောက်တံတား၊ လသာ၊ လမ်းမတော်မြို့နယ်အပါအဝင် သာကေတ၊ ဒေါပုံနှင့် လှိုင်သာယာမြို့နယ်များ၌ အဓိကအားဖြင့် မြေညီထပ်များတွင် ဆိုင်ခန်းဖွင့် ရန် အငှားဈေးကွက်အားကောင်း နေခြင်းဖြစ်သည်။

စားသောက်ဆိုင်၊ အဝတ် အထည်ဆိုင်နှင့် ဟန်းဆက် အရောင်းဆိုင်များ ဖွင့်လှစ်ရန် အဓိက ငှားရမ်းနေရပြီး လမ်းမကြီးတန်း အချက်အချာကျသည့်နေရာများကို တစ်လလျှင် ကျပ်သိန်း ၅၀ မှ ကျပ်သိန်း ၁၀၀ ခန့်အထိ ဈေးကောင်းပေး ငှားရမ်းဖွင့်လှစ်လာခြင်း ဖြစ်သည်ဟု အောင်စည်ဟိန်းအိမ်ခြံမြေအကျိုး ဆောင်လုပ်ငန်းရှင် ဦးမြတ်ဝင်းမင်း ကပြောသည်။

‘‘ဒီရက်ပိုင်း မြို့ထဲဘက်မှာ ကိုးကန့်ဘက်ကရှမ်းတရုတ်တွေ ဟန်းဆက်ဆိုင်ဖွင့်ဖို့ တစ်လကို သိန်း ၁၀၀ လောက်ထိသုံးပြီး ငှား နေကြတယ်။ အရောင်းဈေးကွက် ငြိမ်နေချိန်မှာ အငှားဈေးကွက်က တော့ ကောင်းနေတုန်းပဲ’’ဟု ၎င်း ကဆိုသည်။

ထို့ပြင် လှိုင်သာယာမြို့နယ် ပန်းလှိုင်အိမ်ရာအတွင်း အဆင့် မြင့် လုံးချင်း တိုက်ခန်းများကို တစ်လလျှင် ကျပ်သိန်း ၃၀ မှ ကျပ်သိန်း ၄၀ အထိဈေးကောင်းပေးငှားရမ်းနေထိုင်ကြကြောင်း လှိုင်သာယာ မြို့နယ်မှ အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက ပြောကြား သည်။

‘‘လှိုင်သာယာထဲက အိမ် ရာတွေက တော်ရုံမြန်မာနိုင်ငံ သားမငှားနိုင်ဘူး။ ဒီရက်ပိုင်း ဒလ နဲ့ တွံတေးဘက်ကမြေတွေလာ ကြည့်ဖို့ ကိုရီးယားတွေကို တော် တော်လေး ငှားနေရတယ်’’ ဟု အထက်ပါအကျိုးဆောင်ကပြော သည်။

အဆင့်မြင့် အိမ်ရာများ အတွင်းမှ ပေ ၄၀×ပေ ၁၀၀ လုံး ချင်းတိုက်ခန်းများ အဓိကငှားရမ်း နေရပြီး ယခုတစ်ပတ်အတွင်း ပန်း လှိုင်အိမ်ရာမှ အိမ်လုံးချင်းနှစ် လုံးကို ကျပ်သိန်း ၃၀ ဝန်းကျင်ဖြင့် အငှားဈေးကွက်ဖြစ်ပေါ်ခဲ့ကြောင်းလှိုင်သာယာအိမ်ခြံမြေဈေးကွက် မှ စုံစမ်းသိရသည်။

နိုင်ငံခြားသား အများစုက အိမ်လုံးချင်းများကို ငှားရမ်းရာ တွင် အိမ်ထောင်ပရိဘောဂအစုံ၊ ပစ္စည်းအစုံအလင်ပါသည့် အဆင့်မြင့်လုံးချင်းတိုက်ခန်းများကိုပိုမို စိတ်ဝင်စားကြပြီး အဆိုပါပစ္စည်း များပါဝင်ပါက ငှားရမ်းခကို အိမ် ရှင်များဘက်က ပိုမိုတိုးမြှင့်ရယူကြကြောင်းသိရသည်။

ယခင်က ဈေးကွက်၏အငှား ဈေးကွက်တွင် အမြဲဦးဆောင်လေ့ ရှိသည့် နိုင်ငံခြားသားများကို ငှား ရမ်းသည့် ကွန်ဒိုတိုက်ခန်းဈေး ကွက်မှာမူ လွှတ်တော်တွင် စုပေါင်းပိုင်အဆောက်အအုံဥပဒေကြမ်း အတည်ပြု ပြဋ္ဌာန်းတော့ မည်ဆိုခြင်းကြောင့် အများစုက ဈေးကွက်အခြေအနေကို စောင့် ကြည့်လျက်ရှိသည်။

ထို့ပြင် တန်ဖိုးကြီးမြေကွက် နှင့် အိမ်ကြီးအိမ်ကောင်းများ၏ အရောင်းအဝယ်ဈေးကွက်မှာ လည်း ယခင်ကလောက် အလုပ် မဖြစ်ဘဲငြိမ်နေကြောင်း စိုင်းခွန် နောင်အိမ်ခြံမြေအကျိုးဆောင် ပိုင်ရှင် ဦးစိုင်းခွန်နောင်က ပြော ကြားသည်။ ရောင်းချသူများသည် ဈေးကွက်အခြေအနေကို ထပ်မံ မစောင့်နိုင်တော့သဖြင့် ရောင်းချ ခြင်းဖြစ်သည်ဟု အကျိုးဆောင် များက သုံးသပ်ကြသည်။

မြန်မာနိုင်ငံတွင် ယခုနှစ်၌ ရွေးကောက်ပွဲရှိသဖြင့် လာမည့် နှစ်တွင် စီးပွားရေးအခြေအနေ ကောင်းလာပြီး အိမ်ခြံမြေမှာလည်း အရောင်းအဝယ် ပြန်ကောင်းလာနိုင်သည်ဟု အကျိုးဆောင်အချို့က မျှော်လင့်နေကြသည်။

Credit: 7daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service