ဝန်ကြီးဌာနပိုင် မြေနေရာများပေါ်ရှိ အဆောက်အအုံများကို စည်းမျဉ်းစည်းကမ်းနှင့် ညီမညီသာ စစ်ဆေးနိုင် - Property News in Myanmar from iMyanmarHouse.com
705 Views

ဝန်ကြီးဌာနပိုင် မြေနေရာများပေါ်ရှိ အဆောက်အအုံများကို စည်းမျဉ်းစည်းကမ်းနှင့် ညီမညီသာ စစ်ဆေးနိုင်

ရန်ကုန်မြို့တော်အတွင်းရှိ အစိုးရဝန်ကြီးဌာန အသီးသီးမှ ပိုင်ဆိုင်သည့် မြေနေရာများပေါ်တွင် ဆောက်လုပ်နေသည့် အဆောက် အအုံများနှင့် ပတ်သက်၍ ရန်ကုန် မြို့တော် စည်ပင်သာယာရေးကော် မတီအနေဖြင့် စည်းမျဉ်းစည်းကမ်း နှင့် ညီမညီ စစ်ဆေးနိုင်သည့် အခြေ အနေတွင်သာ ရှိနေသေးကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီမှ သတင်းရရှိသည်။

”တစ်ခါတလေကျရင် သူတို့ လုပ်ချင်သလို လုပ်တယ်။ ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ကိုလည်း တင်ပြပြီးပြီ။ MIC ရဲ့ ခွင့်ပြုချက် လည်း ရပြီးပြီ ဆိုပြီး သူတို့ လုပ်ချင် သလိုလုပ်တာကို စည်ပင်က လိုက် ရှင်းရတယ်။ ဝန်ကြီးဌာနတွေက ပြည် ထောင်စုအဆင့်ဖြစ်နေတော့ ကျွန် တော်တို့က မလှန်ရဲဘူး ဖြစ်နေ တယ်”ဟု ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီမှ ကော်မတီ ဝင် (၇) ဦးခင်လှိုင်က ပြောသည်။

ဝန်ကြီးဌာနများ၏ အနေအထား မှာ ပြည်ထောင်စုအဆင့် အဖွဲ့ အစည်းများဖြစ်ပြီး မြို့နယ်ပေါင်း ၃၃ မြို့နယ်ရှိ ပြည်သူ ၅ ဒသမ ၂ သန်းကို ဝန်ဆောင်မှုပေးနေသည့် ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော် မတီမှာမူ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လက်အောက်တွင် ရှိနေသည့်အတွက် Protocol အရ ဝန်ကြီးဌာန အသီးသီးမှ ယင်းတို့ ပိုင် မြေနေရာများပေါ်တွင် လုပ်ကိုင် နေသည့် အဆောက်အအုံများနှင့် ပတ်သက်၍ ပြောဆိုကန့်ကွက်ရန် စည်ပင်သာယာ ကော်မတီအနေဖြင့် အခက်အခဲများ ရှိနေသည်။

ဝန်ကြီးဌာနအသီးသီးမှ မိမိတို့ ပိုင်မြေများအတွင်း ဆောက်လုပ် သည့် အဆောက်အအုံများ၏ ကိစ္စ နှင့် ပတ်သက်၍ မြို့တော်စည်ပင် အနေဖြင့် ကန့်ကွက်တားမြစ်ခြင်း များကို ပြုလုပ်ခွင့် မရှိသော်လည်း ယင်းအဆောက်အအုံ တည်ဆောက် မည့် ပုံသဏ္ဌာန်၊ Structure မှန်ကန် စွာ ဆောက်လုပ်ထားခြင်း ရှိမရှိ၊ ကြံ့ခိုင်မှု ရှိမရှိ၊ ဆောက်လုပ်သည့် နည်းစနစ် မှန်မမှန်ကိုသာ ထိန်းချုပ် စစ်ဆေးခွင့် ပြုနိုင်သည်။

သို့သော် ရန်ကုန်မြို့တော် စည် ပင်သာယာရေး ကော်မတီမှ ခွင့်ပြု ထားပြီး မြို့ပြမြေ အသုံးချမှုဇုန်တွင် ပါဝင်သည့် အထပ်မြင့်ကန့်သတ် ချက်များထက် ကျော်လွန် ဆောက် လုပ်လျှင်မူ ရန်ကုန်မြို့တော်စည်ပင် သာယာရေး ကော်မတီအနေဖြင့် ဆောက်လုပ်ခွင့်ကို ကန့်ကွက်နိုင် သည်။

ရန်ကုန်မြို့တော် စည်ပင်သာ ယာရေးကော်မတီအနေဖြင့် သုံးထပ် ခွဲမှ ရှစ်ထပ်ခွဲအထိ အဆောက်အအုံ ဆောက်လုပ်မှုများကို ရန်ကုန်မြို့ တော် စည်ပင်သာယာရေး ကော်မတီ (အင်ဂျင်နီယာနှင့် အဆောက်အအုံ) ဌာနမှ ဆောက်လုပ်မှု ပုံစံ နံပါတ် ၄ ဖြင့် ခွင့်ပြုနိုင်ပြီး ရှစ်ထပ်ခွဲမှ ၁၂ ထပ်အမြင့်အထိ ဆောက်လုပ်မည် ဆိုပါက ကော်မတီဝင်များ၏ ခွင့်ပြု ချက်များဖြင့် ဆောက်လုပ်နိုင်သည်။

ရန်ကုန်မြို့တော်တွင် အများ အပြား ဆောက်လုပ်နေသည့် ၁၂ ထပ် အထက်အမြင့် အဆောက်အအုံ ကြီးများ၊ ကွန်ဒိုကြီးများအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ၏ ခွင့်ပြုချက်ဖြင့်သာ ဆောက်လုပ် နိုင်ပြီး မိမိဆောက်လုပ်မည့် အဆောက် အအုံကို ယင်းအဖွဲ့အစည်းများမှ ခွင့်ပြုခြင်း မရှိဘဲ ဆောက်လုပ်ပါက ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တရားမဝင် ဆောက် လုပ်မှုအဖြစ် သတ်မှတ်ကာ တရားစွဲ ဆိုပြီး ပြန်လည်ဖြိုဖျက်သည်အထိ ပြုလုပ်နိုင်သည်။

”ကျွန်တော်ကတော့ ဗြောင် ပြောပေမယ့် မြို့တော်ဝန်ကျတော့ ဗြောင်ပြောလို့ မရဘူး။ သူ့ကျတော့ Diplomatic တွေ၊ Protocol တွေ ရှိနေသေးတယ်”ဟု ရန်ကုန်မြို့ တော် စည်ပင်သာယာရေးကော်မတီ မှ အကြံပေး မြို့ပြစီမံကိန်း ပညာရှင် ဒေါက်တာကျော်လတ်က ပြောသည်။

မြို့နယ်ပေါင်း ၃၃ မြို့နယ်ရှိပြီး လူဦးရေ ၅ ဒသမ ၂ သန်း နေထိုင် သည့် ရန်ကုန်မြို့တော်ကို စီမံခန့်ခွဲ နေသည့် မြို့တော်စည်ပင်သာယာ ရေးကော်မတီ၏ လုပ်ငန်းဆောင် ရွက်မှုများ လျင်မြန်တိုးတက်စေရန် အတွက် နေပြည်တော်ကောင်စီ ကဲ့သို့ ပြည်ထောင်စုအဆင့် အဖွဲ့ အစည်းအဖြစ် ပါဝင်ဖွဲ့စည်းနိုင်ရန် နိုင်ငံတော်သမ္မတထံသို့ ရန်ကုန် မြို့တော် စည်ပင်သာယာရေးကော် မတီဝင် (၇) ဦးခင်လှိုင်က တင်ပြ တောင်းဆိုထားကြောင်းလည်း သိရ သည်။


Credit: Thetradetimes

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ

Upcoming Property Events

From 26 Jul To 27 Jul

Emerald Bay Luxury Condo

From 26 Jul To 27 Jul

ERC Luxury Condo

From 26 Jul To 27 Jul

Magical World Apartment

From 08 Jul To 08 Aug

Central Shophouse

Magical World Apartment
ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service