တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများ မရှိပါက ပြည်သူများ၏ အိမ်ရာ ပိုင်ဆိုင်မှု လျော့နည်းလာနိုင် - Property News in Myanmar from iMyanmarHouse.com
1351 Views

တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများ မရှိပါက ပြည်သူများ၏ အိမ်ရာ ပိုင်ဆိုင်မှု လျော့နည်းလာနိုင်

အိမ်ခြံမြေ ဈေးနှုန်းမြင့်တက်လာ နေသည့်အတွက် တိုက်ခန်း၊ ကွန်ဒို များ၏ ဈေးနှုန်းများပါ လိုက်ပါ မြင့်တက်နေသဖြင့် ပြည်သူများ၏ အိမ်ရာပိုင်ဆိုင်မှုများ လျော့ကျလာ နိုင်သည့် အခြေအနေကြောင့် တန်ဖိုး နည်းအိမ်ရာများကို မြန်မာနိုင်ငံအနှံ့ အပြား၌ တည်ဆောက်ပေးနေခြင်း ဖြစ်ကြောင်း ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှ ဒါရိုက်တာ ဦးတင်အောင်မြင့်က ပြောသည်။

”နိုင်ငံတော်ဘက်ကလည်း တန်ဖိုးနည်းအိမ်ရာတွေကို တစ်ပြည် လုံးမှာ ဆောက်ရမယ်လို့ မူချထားပါ တယ်။ တိုင်းနဲ့ ပြည်နယ် အားလုံးမှာ လည်း အိမ်ရာစီမံကိန်းတွေကို အိုး အိမ်ဦးစီးဌာနက ဦးဆောင်ပြီး ဖော် ထုတ်ပေးနေပါတယ်။ ပြည်သူတွေ က Low cost အိမ်ရာတွေ မရှိရင် နေထိုင်နိုင်စွမ်း၊ အိမ်ရာပိုင်ဆိုင်နိုင် စွမ်း အခုအခြေအနေအရ လျော့သွား နိုင်တဲ့အနေအထားရှိပါတယ်။ နိုင်ငံ တော်က ဦးစီးပြီးလုပ်ပေးမှ ရမှာ ဖြစ်တဲ့အတွက် ကြိုစားလုပ်ဆောင် ပေးနေပါတယ်”ဟု ၎င်းက ပြော သည်။

Low cost housing project များကို နိုင်ငံအနှံ့တွင် ဖော်ထုတ်လုပ်ဆောင်နိုင်ရန်နှင့်
ပြည်တွင်း ဆောက်လုပ်ရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်ချက်ဖြင့် CHD ဘဏ်ကို ပြည်တွင်းဆောက် လုပ်ရေး ကုမ္ပဏီများ၏ ထည့်ဝင်ငွေ ၅ဝ ရာခိုင်နှုန်းအပေါ် အရင်းတည်ပြီး ကျန် ၅ဝ ရာခိုင်နှုန်းကို ပြင်ပစီးပွား ရေးလုပ်ငန်းရှင်များနှင့် ဆောက်လုပ် ရေး ဝန်ကြီးဌာန၏ ထည့်ဝင်ငွေများ ဖြင့် ၂ဝ၁၃ ခုနှစ် နှစ်ကုန်ပိုင်းမှ စတင်ကာ ဖွင့်လှစ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

ယင်းဘဏ်သည် စုစုပေါင်း မတည်ရင်းနှီးငွေ ကျပ် ၁ဝဝ ဘီလျံ ရှိပြီး နိုင်ငံတော်၏ ထည့်ဝင်ငွေ ၁ဝ ရာခိုင်နှုန်း ပါဝင်သည့ှ်Semi government ဘဏ်အမျိုးအစားထဲ တွင် ပါဝင်ကာ ဘဏ်လောက၌ ငွေကြေးခိုင်မာမှုအရ ဒုတိယအဆင့် တွင် ရပ်တည်လျက်ရှိပြီး ပြည်ပနိုင်ငံ များ၏ ယုံကြည်မှုများကိုပါ တဖြည်း ဖြည်းရရှိလာကြောင်း သိရသည်။

” အိမ်ရာစီမံကိန်းတွေ ဆောက် တဲ့ အခါမှာ နိုင်ငံတော်ဘတ်ဂျက်နဲ့ ဆောက်လုပ်တယ်ဆိုပေမယ့် ထုံးစံ အတိုင်း လုပ်ထုံးလုပ်နည်းတွေ အများ ကြီးရှိတယ်။ အဲဒီအချိန်မှာ ကျွန်တော် တို့က ရင်းနှီးမြှုပ်နှံမှု သဘောနဲ့ အိုးအိမ်ကို ငွေချေးပေးလိုက်တယ်။ သို့သော် သူတို့ဘက်ကလည်း ငွေကို နှစ်ပေါက်အောင်မထားဘဲ ဘတ် ဂျက်နှစ်တွေမှာ ပြန်ပေးတယ်။ တစ် ဖက်ကလည်း ကန်ထရိုက်တာတွေ ရွေးတာကိုလည်း ကျွန်တော်တို့က ဝင်ပြီး မစွက်ဖက်ဘဲ ငွေကြေး ထောက်ပံ့မှုပဲ လုပ်ပေးပါတယ်”ဟု ၎င်းက ပြောသည်။

နိုင်ငံတော် စီမံကိန်းများနှင့် ဝန်ကြီးဌာနများမှ လုပ်ဆောင်နေ သည့် စီမံကိန်းကြီးများကို တင်ဒါ စနစ်ဖြင့် ဝင်ရောက် လုပ်ကိုင်နေ သည့် ကန်ထရိုက်တာများအနေဖြင့် ဆောက်လုပ်သည့် အဆောက်အအုံ၏ ၂ဝ ရာခိုင်နှုန်း ပြီးစီးမှသာ ပြန်လည် ငွေပေးချေသည့် စနစ်ကို ကျင့်သုံး လျက်ရှိရာ ဆောက်လုပ်ရေးကုမ္ပဏီ များအနေဖြင့် လုပ်ငန်း ဆက်လက် လည်ပတ်နိုင်ရန်အတွက် မိမိ ငွေပင် ငွေရင်းထဲမှ လတ်တလော စိုက်ထုတ် လုပ်ကိုင်နေရသည့်အပြင် ဆောက် လုပ်ရေးပစ္စည်းများကိုပါ ကြိုတင် ဝယ်ယူ စုဆောင်းထားရသည့် အခြေ အနေကြောင့် တန်ဖိုးနည်း အိမ်ရာ စီမံကိန်း ဆောက်လုပ်နေသည့် ကန် ထရိုက်များအနေဖြင့် အနည်းဆုံး အဆောက်အအုံ၏ ၃ဝ ရာခိုင်နှုန်းမှ ၄ဝ ရာခိုင်နှုန်းအထိ စိုက်ထုတ် လုပ်ကိုင်နေကြသဖြင့် ငွေကြေး လိုအပ်မှု အများအပြား ဖြစ်ပေါ်လာ သည့်အတွက် ယင်းကန်ထရိုက်များ လုပ်ငန်း ပုံမှန်လည်ပတ်နိုင်စေရန် အိုးအိမ်ဦးစီးဌာန၏ ထောက်ခံချက် ဖြင့် CHD ဘဏ်က ချေးငွေများ ထုတ်ချေးပေးလျက်ရှိသည်။

”အိမ်ရာစီမံကိန်းတွေက ထွက် တဲ့ အခန်းတွေကိုတော့ တိုင်းဒေသ ကြီး အစိုးရအဖွဲ့တွေရဲ့ အစီအစဉ်နဲ့ အများပြည်သူကို ရောင်းချပေးမှာပါ” ဟု မြို့ရွာနှင့် အိုးအိမ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်က ပြောသည်။

ရန်ကုန်မြို့တော် တစ်ခုတည်း မှာပင် နှစ်စဉ် အိမ်ရာလိုအပ်ချက် သောင်းဂဏန်းနှင့် ချီ၍ ရှိနေသော် လည်းလိုအပ်ချက် ပြည့်မီအောင် ဆောက်လုပ် ဖြည့်ဆည်းပေးနိုင်ခြင်း မရှိသေးသည့်အတွက် တိုက်ခန်း အိမ်ရာများ၏ ဈေးနှုန်းများ တဖြည်း ဖြည်း မြင့်တက်လာနေကာ အနည်း ဆုံး ၁၂ ပေခွဲ၊ ပေ ၅ဝ သာမန်တိုက် ခန်း တစ်ခုပင်လျှင် ကျပ်သိန်း ၂ဝဝ ဝန်းကျင်ခန့်ဖြင့် ပြင်ပဈေးကွက်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိရာ ဝင် ငွေနည်းမိသားစုများအဖို့ အိမ်ရာ ပိုင်ဆိုင်နိုင်မှုမှာ အလှမ်းဝေးကွာ လျက်ရှိနေသည်။

”တကယ် တန်ဖိုးနည်းအိမ်ရာ ဖြစ်ဖို့က တစ်လုံးချင်းထက် အလုံးရေ အများကြီးဆောက်ရမယ်။ ဒါ့အပြင် နည်ပညာလည်း လိုတယ်။ ကုန်ကျ စရိတ်လည်း လျှော့ချနိုင်ရမယ်။ Mass product လုပ်နိုင်မှ တိုက်ခန်း ဈေးတွေ အများကြီး ကျပြီး တန်ဖိုး နည်း အိမ်ရာတွေဖြစ်လာနိုင်တယ်” ဟု တန်ဖိုးနည်း အိမ်ရာစီမံကိန်းများ ကို ဖော်ထုတ်ဆောက်လုပ်ခဲ့သည့် တော်ဝင်မိသားစု ဆောက်လုပ်ရေး ကုမ္ပဏီမှ ဦးကိုကိုထွေးက ပြော သည်။

၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာရေးနှစ် အတွင်း အိုးအိမ်ဦးစီးဌာနမှ မြန်မာ တစ်နိုင်ငံလုံးတွင် အိမ်ရာစီမံကိန်း ပေါင်း ၁၉ ခု ဆောက်လုပ်၍ ယင်း စီမံကိန်းများမှ ထွက်ရှိလာမည့် အိမ် ခန်းပေါင်း ၁၈,၉၇ဝ ခန်းကို အများ ပြည်သူအား ရောင်းချပေးနိုင်ရန် စီစဉ်လျက်ရှိနေသည့်အပြင် တိုင်း ဒေသကြီး အစိုးရများနှင့် စည်ပင်သာ ယာရေး ကော်မတီများ၏ အစီအစဉ် များဖြင့်လည်း နေစရာလိုအပ်လျက် ရှိသော မြို့ပြနေပြည်သူများ အိမ်ရာ ပိုင်ဆိုင်နိုင်ရေးအတွက် တန်ဖိုးမျှတ အိမ်ရာစီမံကိန်းများကို ဖော်ထုတ် လျက်ရှိသည်။

Credit: thetradetimes

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service