စီမံကိန်းနှင့်နီးစပ်သူများက မြေကြိုတင်ဝယ်ယူ ထားမှုများနှင့် ရန်ကုန်အရှေ့မြောက်ပိုင်း မြို့သစ်စီမံကိန်း၏ မြေဈေးကွက် - Property News in Myanmar from iMyanmarHouse.com
1310 Views

စီမံကိန်းနှင့်နီးစပ်သူများက မြေကြိုတင်ဝယ်ယူ ထားမှုများနှင့် ရန်ကုန်အရှေ့မြောက်ပိုင်း မြို့သစ်စီမံကိန်း၏ မြေဈေးကွက်

ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်အဆုံး မစိုကားလမ်းမကြီး ဘေးတစ်ဖက်တစ်ချက်တွင်ရှိသည့်
လယ်ကွင်းပြင်ကျယ်များသည်ရန်ကုန်တိုင်းဒေသကြီးအစိုးရက မကြာသေးမီက အတည်ပြုလိုက်သည့် မြို့သစ်ခုနှစ်ခုအနက် ပထမဦးစားပေး တည်ဆောက်ရန် လျာထားသည့် မြို့သစ်နေရာဖြစ်လာခဲ့သည်။

ဦးစားပေး ခုနစ်ခုဖြင့် တည်ဆောက်မည့် မြို့သစ် ခုနစ်မြို့ စီမံကိန်းသည် တိုင်းဒေသ ကြီးအစိုးရ၏
ရန်ကုန်မြို့ မဟာရန်ကုန်မြို့ပြ ဖွံ့ဖြိုးရေး မဟာဗျူဟာစီမံကိန်း ၂၀၄၀ ပြည့်နှစ် ပါ စီမံကိန်းများဖြစ်ပြီး
ဦးစားပေး (၁) မှာ ဒဂုံမြို့သစ်အရှေ့ပိုင်းနှင့် လှည်းကူးမြို့နယ် ကြားရှိ မြေဧက တစ်သောင်းကျော်ရှိသည့်
ဧရိယာတွင် အရှေ့မြောက်ပိုင်းအမည်ဖြင့် မြို့သစ်တည်ဖြစ်သည်။

ပထမဦးစားပေး (၁) ဖြစ်ရခြင်းမှာ လန (၃၉) ကျပြီးသော မြေနေရာဖြစ်ပြီး လူဦးရေးသိပ်သည်းမှု
နည်းပါးခြင်း၊ လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်ခြင်း၊ ရန်ကုန်မြို့၏ အရှေ့ပိုင်းတွင် သီလ၀ါ
အထူးစီးပွားရေးဇုန် နှင့် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ် အကြား ကုန်စည်ပို့ဆောင်ရေးအရ
အချက်အချာနေရာတွင် ရှိခြင်း၊ လက်ရှိ အကောင်အထည်ဖော်ဆဲ လဂွန်းပြင် ရေသန့်စင် စက်ရုံ
စီမံကိန်းက ရေဖြန့်ဖြူးပေးနိုင်ခြင်း တို့ကြောင့် ဖြစ်သည်ဟု မြို့တော်ဝန်ဦးလှမြင့်က အဆိုပါ
မဟာဗျူဟာ စီမံကိန်းကို လွှတ်တော်၌ တင်သွင်းစဉ် ပြောကြားခဲ့သည်။

ရန်ကုန်အရှေ့မြောက်ပိုင်းမြို့သစ် လျာထားရာ နေရာသည် လက်ရှိတွင် ကျေးရွာ အချို့နှင့်
လယ်မြေများ၊ လုပ်ငန်းလုပ်ကိုင်မှု နည်းပါးသေးသည့် စက်မှုဇုန်လေးခုနှင့် အိမ်ရာတစ်ခု
စသည်တို့သာရှိပြီး ဖွံ့ဖြိုးတိုးတက်မှု မရှိသေးသည့် နေရာသာဖြစ်သည်။ စီမံကိန်းနေရာသို့
စတင်ဝင်ရောက်သည့်နေရာတွင်မူ လွန်ခဲ့သည့်၁၈ နှစ်ခန့်ကပင် အကောင်အထည်ဖော်နေသော
ဒီဇင်ဘာဘောဂသီရိအိမ်ရာ တစ်ခုရှိပြီး လက်ရှိတွင် တန်းဖိုးနည်းတိုက်ခန်းများကို ဆောက်လုပ်
လျက်ရှိကြောင်း အဆိုပါ မြို့သစ်စီမံကိန်းအတွင်းပါရှိသည့်ကျေးရွာဒေသခံများက ပြောသည်။
"ဒီအိမ်ရာကြီးက တော်တော်ကြာပါပြီ။ ၁၉၉၇ ခုနှစ်လောက်ကတည်းက ရှိခဲ့တာ အစိုးရနဲ့
ကုမ္ပဏီနဲ့ ပေါင်းဆောက်တယ်လို့ တော့ ပြောကြတယ်။ ဒါပေမဲ့ ဒီဘက်က ခေါင်တော့
လူသိပ်မနေဘူး။ အခုတော့ အဲဒီ မှာ တိုက်ခန်းတွေ ဆောက်နေတာတွေ့တယ် တန်ဖိုးနည်း
တိုက်ခန်းတွေလို့ ကြားတယ်" ဟု ယင်းမြို့သစ်ဧရိယာအတွင်းတွင် ပါဝင်သည့်ညောင်ပင်သာ
ကျေးရွာနေ ဒေသခံတစ်ဦးက ပြောသည်။

သို့သော် အရှေ့မြောက်ပိုင်းမြို့သစ်တည် ရန် တိုင်းဒေသကြီးအစိုးရက အတည်ပြုပြီးသည့် ဇွန်
၁၉ ရက် နောက်ပိုင်းတွင် အဆိုပါဒေသများ၏ အိမ်ခြံမြေ ဈေးနှုန်းများမှာ ရုတ်ချည်းလှုပ်ခတ်၍
လာရောက်ဝယ်ယူသူ အများအပြား မရှိခဲ့သော်လည်း လယ်မြေများ နှင့် ကျေးရွာတွင်းရှိ
မြေအများအပြားမှာ ရောင်းပြီးဖြစ်ကြောင်း အဆိုပါမြို့သစ် အဆုံး သတ်နေရာတွင်ရှိသော
သရက်ပင်ချောင်ကျေးရွာက အိမ်ခြံမြေပွဲစား လုပ်ကိုင်သူ ဦးသန်းလွင်က ပြောသည်။ "ဒီရက်ထဲ
အရောင်းအ၀ယ် နည်းနည်း ပါးနေတယ်။ ဒါပေမဲ့ ဒီနေရာတွေက လွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက်
ကတည်းက လာဝယ်တဲ့သူတွေရှိနေတာ။ ဒီက လယ်ရော ရွာထဲ က မြေတော်တော်များများတောင်
ရောင်းကုန်နေပြီ။ တချို့ဆို လယ်သမားတွေဆီက ၀ယ်ထားတဲ့ပိုင်ရှင်တွေက ဈေးပိုရလို့ တခြား
ဝယ်လက်တွေကို ပြန်ရောင်းတာတောင်ရှိတယ်" ဟု ၎င်းကပြောသည်။ ယင်းကဲ့သို့ မြေများ
လာရောက်ဝယ်ယူသူ အများစုမှာ ရှမ်းတရုတ်လုပ်ငန်းရှင်များ၊ ၀န်ကြီးများ၏ ကိုယ်ရေးအရာရှိများနှင့်အငြိမ်းစားဗိုလ်ချုပ်ကြီးများ ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

Credit : mmtimes
စီမံကိန်းနှင့်နီးစပ်သူများက မြေကြိုတင်ဝယ်ယူ ထားမှုများနှင့် ရန်ကုန်အရှေ့မြောက်ပိုင်း မြို့သစ်စီမံကိန်း၏ မြေဈေးကွက် - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service