မြို့သစ်စီမံကိန်းနေရာ ဈေးကွက်ပြန်လည်လှုပ်ရှားလာသော်လည်း အရောင်းအဝယ်မဖြစ် - Property News in Myanmar from iMyanmarHouse.com
813 Views

မြို့သစ်စီမံကိန်းနေရာ ဈေးကွက်ပြန်လည်လှုပ်ရှားလာသော်လည်း အရောင်းအဝယ်မဖြစ်

ပြီးခဲ့သည့် ဇွန်လ ၁၅ ရက်က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် ရန်ကုန်မြို့သစ် စီမံကိန်းကို ပြန်လည် အကောင် အထည်ဖော်ရန် အတည်ပြုခဲ့ပြီး နောက်ပိုင်း စီမံကိန်းဝန်းကျင် နေရာများ၌ မြေဈေးကွက် ပြန်လည်လှုပ်ရှားလာသော်လည်း ဈေးနှုန်းများအမြင့်ပိုင်း ရောက်ရှိနေမှုကြောင့် အရောင်းအဝယ် မဖြစ်ကြောင်း သတင်းရရှိသည်။

၂၀၁၄ သြဂုတ်က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် ရန်ကုန်မြို့သစ် စီမံကိန်း လုပ် ဆောင်မည်ဟု ရန်ကုန်မြို့တော် ဝန်က စတင်ပြောကြားခဲ့ရာ ယင်း စီမံကိန်း နေရာများဖြစ်သည့် ကြည့်မြင်တိုင်၊ ဆိပ်ကြီးခနောင် တိုနှင့် တွံတေးမြို့နယ်များတွင် မြေဈေးနှုန်းများ တစ်ဟုန်ထိုးမြင့်တက်ပြီး ဈေးကွက် လှုပ်ရှားခဲ့သော်လည်း တစ်လခန့်အကြာတွင် ကန့်ကွက်မှုများကြောင့် စီမံကိန်းရပ်ဆိုင်းရန် ကြေညာခဲ့ရာ ဈေးကွက်အေးစက်သွားခဲ့သည်။ လက်ရှိတွင် စီမံကိန်းကို ပြန်လည်အတည်ပြု လိုက်သည့်အတွက် ဈေးကွက်ပြန်လည် လှုပ်ရှားလာခြင်းဖြစ်သည်။

‘‘ဈေးကွက်အလှုပ်အယမ်း တွေကတော့ တော်တော်ဖြစ်လာ ပေမယ့် ဈေးတွေက အမြင့်ဈေး တွေ ဖြစ်နေတယ်။ စီမံကိန်းက သေချာသွားတော့ အမြင့်ဈေးတွေ ပဲ ခေါ်နေတဲ့အတွက် အမှန်တ ကယ်အရောင်းအဝယ်တော့ မဖြစ်ပါဘူး။ မြေကွက်တွေအားလုံးက ဝယ်ရောင်းတွေ လက်ထဲရောက် ကုန်တော့ သူတို့က ဈေးတွေမြင့် ကုန်ပြီ။ အနိမ့်ဆုံး လယ်မြေတစ် ဧကကို သိန်းတစ်ထောင်ဖြစ်နေ တယ်’’ဟု ရွှေကံမြေ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ ဦးခင် မောင်အေးက ပြောသည်။

စီမံကိန်းနေရာများသို့ မြေ ဝယ်ရောင်းပွဲစား အများအပြား လာရောက်လျက်ရှိနေပြီး လွန်ခဲ့ သည့် တစ်ပတ်ကပင် လာရောက် မှုများပြားနေကြောင်း ကြည့်မြင် တိုင်မြို့နယ် အေးရွာဒေသခံ ဦးလှအေးက ပြောသည်။

‘‘လွှတ်တော်ကပါ ခွင့်ပြု လိုက်တော့ တော်တော်အလှုပ်အ ယမ်းဖြစ်သွားတာပေါ့။ စီမံကိန်းစ တယ်ဆိုတုန်းက တစ်ဧက ငါးသိန်းပဲရှိတဲ့မြေကကျပ်သိန်း၇၀ လောက် ပေါက်သွားတယ်။ အခုတော့ အဲဒီထက် ပိုတက်သွားမယ်လို့ ထင်ရတယ်။ အမြင့်တွေပဲ ခေါ်နေတယ်’’ဟု ၎င်းက ပြောသည်။

‘‘ရောင်းချင်တဲ့ သူတွေပဲ ရှိ တယ်။ တချို့က တအားခေါ်ကြ တယ်။ စိုက်ပျိုးမြေတွေဖြစ်တော့ ခိုင်မာမှု ရှိ၊ မရှိပေါ် မူတည်ပြီး ဈေး တွေမြင့်တယ်။ အတက်အကျ ကြမ်းတာတွေ၊ စာရွက်စာတမ်း ခိုင်မာမှု ရှိ၊ မရှိဆိုတဲ့ ကိစ္စတွေ မျိုးစုံဖြစ်နေတော့ အဲဒီမြေတွေကို ဝယ်ရောင်းအကျိုးဆောင် မလုပ် ရဲဘူး’’ ဟု Estate Myanmar Enterprise မှ ဦးဟိန်းမိုးမြင့်လွင်က ပြောကြားသည်။

Credit: 7daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service