ဆောက်လုပ်ရေးလုပ်သား လျှော့ချမှု များပြား - Property News in Myanmar from iMyanmarHouse.com
1217 Views

ဆောက်လုပ်ရေးလုပ်သား လျှော့ချမှု များပြား

အိမ်ခြံမြေဈေးကွက်အေးနေ သောကြောင့် တိုက်ခန်း၊ ကွန်ဒိုနှင့် အိမ်ရာဆောက်လုပ်မှုများတွင်ပါ အရောင်းအဝယ်များကျဆင်းလာ နေသည့်အတွက်
ဆောက်လုပ်ရေး လုပ်ငန်းလုပ်ကိုင်သည့် ကုမ္မဏီကြီး များအနေဖြင့် လုပ်သားများ လျှော့ချ ကာ ရုန်းကန် ရပ်တည်နေကြရ ကြောင်း ပြည်တွင်းရှိ နာမည်ကျော် ဆောက်လုပ်ရေးကုမ္မဏီကြီးများက
ပြောသည်။

”အရင်တုန်းက ဝန်ထမ်းတွေ တော်တော်များပါတယ်။ အခုတော့ ဆောက်လုပ်ရေးဝန်ထမ်း ၁,၂ဝဝ လောက်တော့ ရှိပါတယ်”ဟု ရွှေ ကမ္ဘာမောင်မောင် ဆောက်လုပ်ေ၇း ကုမ္ပဏီလီမိတက် ဥက္ကဋ္ဌ ဦးမောင် မောင်က ပြောသည်။

၂ဝ၁၄ ခုနှစ်မှ နှစ်ကုန်ပိုင်းမှ စတင်၍ အိမ်ခြံမြေဈေးကွက်အေး လာကာ တိုက်ခန်း၊ ကွန်ဒို အရောင်း အဝယ်များ ကျဆင်းလာခဲ့သည့် အတွက် ဆောက်လုပ်ရေး စီမံကိန်း သစ်များတွင် ကုမ္ပဏီကြီးများ ထပ်မံ ရင်းနှီးမြှုပ်နှံ တည်ဆောက်ရန် အခက်အခဲ ဖြစ်လာနေသည့်အပြင် အချို့သော ဆောက်လုပ်ရေးလုပ်ငန်း ငယ်များပါ ကုမ္ပဏီပိတ်သိမ်းသည် အထိ ဖြစ်ပေါ်လာခဲ့သည်။

အလုပ်သမား ဆန္ဒဖော်ထုတ်မှု များ၊ ရင်းနှီးမြှုပ်နှံသူများ၏ ဈေးကွက် စောင့်ကြည့်သည့် အခြေအနေများ စသည်တို့အပြင် ၂ဝ၁၅ ရွေးကောက် ပွဲအပြီး ဖြစ်ပေါ်လာနိုင်သည့် ဈေး ကွက်အနေအထား၊ အမြတ်အစွန်းကြီးမြင့်သည့်ကွန်ဒိုမီနီယမ်များကို
ဈေးကွက်တွက်ချက်ခြင်း မရှိဘဲ အများအပြား ဆောက်လုပ်ခဲ့ကြ သည့် အခြေအနေကြောင့် အိမ်ခြံမြေ ဈေးကွက်အတွင်း တိုက်ခန်း၊ ကွန်ဒို များကို ဝယ်လက်မရှိဘဲ ရောင်းချ လိုသူအများအပြားရှိလာသည်။

သာမန် အုတ်စီလုပ်သားများ၊ ပန်ရန်လုပ်သားများသာမက အင်ဂျင် နီယာများအထိ ဈေးနှုန်းတိုးမြှင့်ပေး သည့် လုပ်ငန်းခွင်များသို့မကြာခဏ ပြောင်းရွှေ့လုပ်ကိုင်ကြသည့်အတွက် လုပ်ငန်းခွင်တွင် အလုပ်သမား တည် မြဲမှုနည်းပါးကာ မကြာခဏ လုပ်ငန်း ခွင် ပြောင်းရွှေ့မှုများ လုပ်သားများ အကြားတွင် ဖြစ်ပေါ်လျက်ရှိသလို အခြားလုပ်ငန်းများသို့လည်း ပြောင်း ရွှေ့လုပ်ကိုင်မှုများ ရှိသဖြင့် လုပ်သား အင်အားလျော့နည်းသွားရခြင်း ဖြစ် သည်။

လုပ်သားရှားပါးမှု ပြဿနာ၊ လုပ် သားများ လုပ်ငန်းခွင် မကြာခဏ ပြောင်းရွှေ့သည့် ပြဿနာများအပြင် ဈေးကွက်အတွင်း တိုက်ခန်း၊ ကွန်ဒို များ အရောင်းအဝယ်အေးနေသည့် ယနေ့အချိန်တွင် လုပ်ငန်းရှင်များ ဘက်မှ ကုန်ကျစရိတ်များ သက်သာ စေရန်နှင့် လုပ်သားရှားပါးမှု ပြဿနာ များကို ဖြေရှင်းနိုင်ရန်အတွက် လူ အင်အားအသုံးပြု တည်ဆောက် သည့်စနစ်မှ စက်များ အသုံးပြုလာ ခြင်း၊ တိုးတက်လာသည့် ဆောက် လုပ်ရေးနည်းစနစ်များနှင့် ယန္တရား များကို အသုံးချလာကြကြောင်း သိရသည်။

”ကျွမ်းကျင်လုပ်သားတွေက လည်း ခုန်တာတွေ များတယ်။ အလုပ်သမားတွေတင် မဟုတ်ဘူး။ အင်ဂျင်နီယာတွေလည်း ခုန်ကြ တယ်။ အရင်တုန်းက ဆောက်လုပ် ရေး လုပ်သားက ကျွန်တော့ဆီမှာ ၅,ဝဝဝ လောက် ရှိခဲ့တယ်။ လူတွေက မမြဲတော့ လျှော့ချရင်း လျှော့ချရင်းနဲ့ ကျွန်တော်ကိုယ်တိုင် လူ၂,ဝဝဝ အောက်ကို လျှော့ချလိုက်ရတယ်”ဟု တော်ဝင်မိသားစု ဆောက်လုပ်ရေး ကုမ္ပဏီလီမိတက် ဥက္ကဋ္ဌ ဦးကိုကို ထွေးက ပြောသည်။

ဆောက်လုပ်ရေးကုမ္ပဏီကြီး အချို့အနေဖြင့် လုပ်သားများ လုပ် ငန်းခွင်တွင် မြဲမြံစေရေးအတွက် နေရာထိုင်ခင်းများ၊ ကားအကြိုအပို့၊ နေ့လယ်စာထမင်းကျွေးသည့်စနစ် များစသည်တို့ဖြင့် ဆွဲဆောင် ထိန်း သိမ်းကာ လုပ်ငန်းများ လည်ပတ်နိုင် ရန် လုပ်ဆောင်လျက်ရှိသည်။

Credit: thetradetimes

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

Upcoming Property Events

From 08 Jul To 08 Aug

Central Shophouse

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service