ရန်ကုန်မြို့အစွန် မြေဧက တစ်သိန်းကျော်တွင် မြို့သစ်ချဲ့ထွင်ရန် မြို့တော်ဝန်က လွှတ်တော်သို့ အဆိုတင်သွင်း - Property News in Myanmar from iMyanmarHouse.com
1440 Views

ရန်ကုန်မြို့အစွန် မြေဧက တစ်သိန်းကျော်တွင် မြို့သစ်ချဲ့ထွင်ရန် မြို့တော်ဝန်က လွှတ်တော်သို့ အဆိုတင်သွင်း

ရန်ကုန်မြို့အစွန်အဖျား နေရာ ခုနစ်နေရာရှိ မြေဧကပေါင်း တစ်သိန်းကျော်တွင် မြို့သစ်ချဲ့ ထွင်ရန် ဇွန်လ ၁၀ ရက်က ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေး၌ ရန်ကုန်မြို့တော်ဝန်က အဆို တင် သွင်းခဲ့သည်။

မြို့သစ်စီမံကိန်းများအဖြစ် ချဲ့ထွင်ရန် ရန်ကုန်အရှေ့ပိုင်း၊ အနောက်တောင်ပိုင်း၊ သန်လျင်၊ ဒလ၊ ထန်းတပင်၊ မှော်ဘီ၊ လှည်းကူး စသည့်မြို့သစ်များအဖြစ် စုစုပေါင်းမြို့သစ် ခုနစ်မြို့နယ်ရှိ မြေဧက တစ်သိန်းကျော်တွင် ချဲ့ထွင်သွားရန် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်သို့ မြို့တော်ဝန်က တင်ပြခြင်း ဖြစ်သည်။

မြို့သစ်တစ်ခုချင်းအလိုက် တိုးချဲ့ရာတွင် ရန်ကုန်အရှေ့ပိုင်း မြို့သစ်ကို ၁၇,၃၅၅ ဧက၊ အ နောက်တောင်ပိုင်းမြို့သစ် (ကြည့်မြင်တိုင် တစ်ဖက်ကမ်း) ကို ၂၁,၇၁၆ ဧက၊ သန်လျင်မြို့သစ် ကို ၂၁,၁၉၃ ဧက၊ ဒလမြို့သစ်ကို ၁၅,၁၇၃ ဧက၊ ထန်းတပင်မြို့သစ်ကို ၂၄,၇၄၈ ဧက၊ မှော်ဘီမြို့သစ်ကို ၁၁,၅၉၄ ဧက၊ လှည်းကူးမြို့ သစ်ကို ၆,၉၃၃ ဧက အလိုက် တိုး ချဲ့ရန် သတ်မှတ်ထားကြောင်း ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ပြောသည်။

မြို့သစ်အလိုက် တိုးချဲ့မည့် နေရာများတွင် ထန်းတပင်မြို့သစ်က ဧကအများဆုံးဖြစ်ပြီး အနောက်တောင်ပိုင်းမြို့သစ် (ကြည့်မြင်တိုင်တစ်ဖက်ကမ်း)က ဒုတိယအများဆုံး ဖြစ်သည်။

အဆိုပါ မြို့သစ်များတွင် ရန်ကုန်၏ တိုးပွားလာမည့် လူဦး ရေ ၁၀ သန်းခန့်နေထိုင်ရန် လျာ ထားပြီး ယခုစီမံကိန်းမှာ ဂျပန်အ ပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင် ရွက်ရေး အေဂျင်စီနှင့် ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မတီတို့ ၂၀၁၃ တွင် ပူးပေါင်းရေးဆွဲခဲ့သည့် မြို့ပြစီမံကိန်းကို အကောင်အထည်ဖော်ခြင်း ဖြစ်သည်။ ယခုချဲ့ထွင်မည့် မြို့ပြစီမံ ကိန်းမှာ ရန်ကုန်ကို မီဂါစီးတီးအ ဖြစ် တိုးချဲ့ရန် ရည်ရွယ်ထားသည့်စီမံကိန်းဖြစ်ပြီး ၂၀၄၀ အထိ ဦးစားပေးအဆင့်များဖြင့် တစ်ခုချင်းလုပ်ဆောင်သွားမည့် မြို့သစ်စီမံကိန်း ဖြစ်သည်။

မြို့သစ်စီမံကိန်းအကောင် အထည်ဖော်ရန် ပုဂ္ဂလိကကုမ္ပဏီ များမှ လုပ်ကိုင်ခွင့်ကို တင်ဒါခေါ် ခြင်း၊ အဆိုပြုလွှာခေါ်ယူခြင်းများ ပြုလုပ်ရန် အစီအစဉ်ကို မြို့တော်ဝန်က ထည့်သွင်းပြောကြားသွားခြင်း မရှိပေ။

‘‘စီမံကိန်းတစ်ခုလုံးကို ကြည့် ရင် ရည်ရွယ်ချက်ကောင်းကောင်း နဲ့ လုပ်တာတွေ့ရတယ်။ စေတနာကောင်းနဲ့ လုပ်တာ ထင်ရှားတယ်။ဒါပေမဲ့ တစ်ခုသတိထားရမှာက ဘယ်သူက ဘယ်ပိုက်ဆံတွေနဲ့ လုပ်မှာလဲဆိုတာ မေးခွန်းထုတ်စရာဖြစ်နေတယ်။ ဒီထဲမှာ ရင်းနှီးမယ့် ငွေတွေက ငွေဖြူဖြစ်ရဲ့လား၊ ငွေဖြူမဖြစ်ဘူးဆိုရင် ငွေကြေးဈေးကွက်ကြီး ပျက်သွားနိုင်တယ်။ နောက်ပြီး ဘယ်သူတွေက အကောင်အထည်ဖော်မလဲဆိုတာကလည်း အရေးကြီးတယ်’’ ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ် တော်ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်းက ပြောသည်။

စီမံကိန်းရင်းနှီးမြှုပ်နှံမှု ငွေအဖြစ် ကျပ်ဘီလီယံပေါင်း ရှစ်ထောင်ကျော်ကို မြို့သစ်စီမံကိန်း တိုးချဲ့ရာတွင် အသုံးပြုသွားမည် ဟု ရန်ကုန်မြို့တော်ဝန်က တိုင်း ဒေသကြီးလွှတ်တော်တွင် ထည့် သွင်းပြောကြားသွားသည်။

မြို့သစ်ဧရိယာချဲ့ထွင်မည်ဆိုပါက စီမံခန့်ခွဲမှု ကောင်းမွန် ရန် လိုအပ်ပြီး ယခင်ချဲ့ထွင်ခဲ့သည့် လှိုင်သာယာ၊ ရွှေပြည်သာမြို့သစ်များကဲ့သို့ အခြေခံ အ ဆောက်အအုံမပြည့်စုံသည့် မြို့ နယ်များ မဖြစ်လာစေရန် သတိ ထားရမည်ဖြစ်ကြောင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာန အငြိမ်းစားညွှန်ကြားရေးမှူး တစ်ဦးကပြောသည်။

‘‘ဒီပုံအတိုင်းဆို ချဲ့မယ်ဆို ရင်လည်း မြို့သစ်တွေမှာရှိသင့် တဲ့ အခြေခံအဆောက်အအုံတွေ ကို အရင်မြှင့်တင်ရမယ်။ ဒါမှ လူ နေထိုင်လို့ သင့်တော်မယ်၊ မဟုတ်ရင် ရန်ကုန်ကို ၀ိုင်းနေတဲ့ ရွာတန်း ရှည်ကြီးလို ဖြစ်သွားလိမ့်မယ်’’ဟု မြို့ပြစီမံကိန်း ပညာရှင် ဦးဝင်းမြင့်က သုံးသပ်သည်။

Credit: 7Day Daily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V

Upcoming Property Events

From 26 Jul To 27 Jul

Emerald Bay Luxury Condo

From 26 Jul To 27 Jul

ERC Luxury Condo

From 26 Jul To 27 Jul

Magical World Apartment

From 08 Jul To 08 Aug

Central Shophouse

Magical World Apartment
Emerald Bay Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service