အိမ်ခြံမြေဆိုင်ရာ ဥပဒေတစ်ရပ်ပေါ်ထွက် လာရေးအတွက် ကြိုးပမ်းသွားမည် - Property News in Myanmar from iMyanmarHouse.com
990 Views

အိမ်ခြံမြေဆိုင်ရာ ဥပဒေတစ်ရပ်ပေါ်ထွက် လာရေးအတွက် ကြိုးပမ်းသွားမည်

အိမ်ခြံမြေဆိုင်ရာ ကိစ္စရပ်များ ပိုမိုလွယ်ကူ စွာဆောင်ရွက်နိုင်ရေးအတွက် အိမ်ခြံမြေဆိုင်ရာ
ဥပဒေတစ်ရပ်ပေါ်ထွက်လာရေးအတွက် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ
အိမ်ခြံမြေ၀န်ဆောင်မှုအသင်း(ဗဟို) ၏ ဒုတိယဥက္ကဋ္ဌက ပြောသည်။

ယခုချိန်အထိ အိမ်ခြံမြေဆိုင်ရာ ဥပဒေတစ်ရပ်မရှိသေးခြင်းကြောင့် အိမ်ခြံမြေဆိုင်ရာ ကိစ္စရပ်များကို
လုပ်ကိုင်ရာတွင် အခက်အခဲအချို့ရှိနေပြီး အိမ်ခြံမြေကိစ္စရပ် များကို ထိရောက်စွာ
ကိုင်တွယ်လုပ်ကိုင်နိုင် ရေးအတွက် အိမ်ခြံမြေဥပဒေလိုအပ်နေခြင်း ဖြစ်ကြောင်း အိမ်ခြံမြေ
ဝန်ဆောင်မှုအသင်း (ဗဟို) ဒုဥက္ကဋ္ဌ ဦးသန်းဦးက ပြောသည်။ "ရိုးရာဓလေ့ဥပဒေရယ်၊
မြို့ပြဥပဒေတွေရယ်တော့ ရှိပါတယ်။ ဒါပေမဲ့ အသေး စိတ်ကိစ္စတွေ၊ အိမ်ခြံမြေဥပဒေနဲ့
ဖြေရှင်းမှ ပြေလည်နိုင်မှာမို့ အိမ်ခြံမြေဥပဒေ ပေါ် ပေါက်လာဖို့ကြိုးပမ်းနေတာပါ" ဟု
၎င်းက ပြောသည်။။ ရောင်းမှား ၀ယ်မှားဖြစ်ခြင်းဆိုင်ရာ ကိစ္စများကို ရှောင်ရှားနိုင်ရန်
မြေယာများ ကို မည်ကဲ့သို့ မှတ်ပုံတင်ရမည်ဆိုသည် ကဲ့သို့သောဥပဒေများ ပါဝင်မည်ဖြစ်ပြီး
ယင်း ဥပဒေကြမ်းကို ရေးဆွဲပြီးပါက လွှတ်တော် သို့ တင်သွင်းမည်ဖြစ်သည်။

"မြန်မာအိမ်ခြံမြေဥပဒေကို ပြဋ္ဌာန်းမယ် ဆိုတာ လွယ်လွယ်နဲ့တော့မရပါဘူး။ ဥပဒေ နဲ့
ပတ်သက်ပြီး နှံ့စပ်ကျွမ်းကျင်တဲ့ လူတွေ လိုပါတယ်။ ဥပဒေနှံ့စပ်တဲ့လူတွေကို အကူအညီ
တောင်းပြီး အိမ်ခြံမြေအသင်းကြီးက ကမကထလုပ်ပြီး ရေးဆွဲမှာပါ။ အကူအညီ
တွေရဖို့ ကြိုးပမ်းနေပါတယ်။ အဓိက ကတော့ နိုင်ငံတော်မှာ မြေရာပြဿနာတွေရှိတယ်။
တကယ်လို့ မြန်မာအိမ်ခြံမြေ ဥပဒေထွက်လာရင် မြေပိုင်ဆိုင်မှုဘယ်လိုရှိတယ်၊
ဒီမြေပိုင်ဆိုင်မှုတွေကို ဘယ်လို မှတ်ပုံတင်မလဲ၊ ဒါတွေမလုပ်ရင် ဘာတွေဆုံးရှုံးနိုင်မလဲ၊
နစ်နာမလဲ၊ အိမ်ခြံမြေဆိုင်ရာ အကျိုးဆောင်ခတွေမပေးရင် ဘယ်လိုတရားစွဲမလဲဆိုတဲ့
အချက်မျိုးတွေ၊ ရောင်းသူဝယ်သူဆိုင်ရာ ဥပဒေမျိုးတွေပါဝင်အောင် ကြိုးပမ်းသွားမှာပါ" ဟု
အိမ်ခြံမြေ ၀န်ဆောင်မှုအသင်း(ဗဟို) ဥက္ကဋ္ဌ ဦးခင် မောင်သန်းက ပြောသည်။

ထို့ပြင် မြန်မာနိုင်ငံအိမ်ခြံမြေ၀န်ဆောင် မှု အသင်း(ဗဟို)သည် အာဆီယံဒေသတွင်း
နိုင်ငံများရှိ အိမ်ခြံမြေအသင်းများနှင့် ပူးပေါင်းဆောင်ရွက်ကာ မြန်မာနိုင်ငံရှိ
အိမ်ခြံမြေပွဲစားများကို ၀န်ဆောင်မှု ပိုကောင်းမွန်ရန်နှင့် ဥပဒေရေးရာများ ပိုမိုနားလည်း
သိရှိစေရန်လည်း ကြိုးပမ်း သွားမည်ဖြစ်သည်။ "အာဆီယံမှာရှိတဲ့ အိမ်ခြံမြေအသင်းတွေနဲ
့ချိတ်ဆက်ပြီး သူတို့ဆီကနေ နည်း ပညာတွေ၊ ၀န်ဆောင်မှုတွေ၊ လုပ်ကိုင်
ဆောင်ရွက်ပုံတွေကိုလေ့လာမှာပါ။ ပြီး တော့ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ အိမ်ခြံမြေပွဲစားတွေကို
သင်တန်းတွေပေးမယ်။ ၀န်ဆောင်မှုတွေ ပိုကောင်းလာအောင်၊ ကိုယ်ကျင့်သိက္ခာတွေ
ပိုကောင်းလာအောင် ပါ။ ဥပဒေကျွမ်းကျင်မှုရှိလာပြီး ရောင်း မှား ၀ယ်မှားတွေမရှိအောင်
အာဆီယံမှာရှိတဲ့ အိမ်ခြံမြေ၀န်ဆောင်မှုအသင်းတွေဆီကနေ လေ့လာသွားမှာပါ" ဟု
ဦးခင်မောင်သန်းက ပြောသည်။ "ကျဉ်းမြောင်းတဲ့ ပြည်တွင်းဈေးကွက်သာမကဘူး။
နိုင်ငံတကာထိချိတ်ဆက်ဖို့ ရည်မှန်းချက်ရှိပါတယ်။ ခုလည်း
ကုန်သည်ကြီးများအသင်းချုပ်အောက်ကနေ နိုင်ငံ တကာအဖွဲ့တွေနဲ
့ တွေ့ဆုံဆွေးနွေးမှုတွေလည်းရှိပါတယ်။ နိုင်ငံတကာအသင်းအဖွဲ့ တွေနဲ့လည်းအဆက်အဆံရှိပြီး ဆက်သွယ် ဆောင်ရွက်နေတာလည်းရှိပါတယ်" ဟု ဦးသန်းဦးက
ပြောသည်။

Credit: mmtimes

ရောင်းရန်ရှိသော အိမ်ခြံမြေများ

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး

Upcoming Property Events

From 26 Jul To 27 Jul

Emerald Bay Luxury Condo

From 26 Jul To 27 Jul

ERC Luxury Condo

From 26 Jul To 27 Jul

Magical World Apartment

From 08 Jul To 08 Aug

Central Shophouse

Emerald Bay Condo
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service