အိမ်ခြံမြေဈေးကွက်ကို မလှုပ်ခတ်နိင်တဲ့ အစိုးရစီမံကိန်းများ - Property News in Myanmar from iMyanmarHouse.com
1381 Views

အိမ်ခြံမြေဈေးကွက်ကို မလှုပ်ခတ်နိင်တဲ့ အစိုးရစီမံကိန်းများ

ရန်ကုန်မြို့ အိမ်ခြံမြေဈေးကွက်အတွင်း မြို့ပြဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ စီမံကိန်းများပြုလုပ်မည့် နေရာဒေသများတွင် ဈေးကွက် ကောင်းမွန်နိုင်သည့် မျှော်လင့်ချက်များဖြင့် အစိုးရက ပြုလုပ်ရန်ရှိသည့် စီမံကိန်းများ အတွက် သတင်းထုတ်ပြန်သည့်အချိန်တွင် ရင်းနှီးမြှုပ်နှံသူများက ကြိုတင်ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ခြင်းကြောင့် ယင်းနေရာများ၌ အိမ်ခြံမြေ ဈေးများ တစ်ဟုန်ထိုး မြင့်တက်လေ့ရှိသော်လည်း လက်ရှိတွင် ထိုသို့ဖြစ်ပေါ်မှုများ နည်းပါးလာကြောင်း အိမ်ခြံမြေအကျိုးဆောင်များကပါတယ်။

ထိုသို့ဖြစ်လာရခြင်းမှာ ယင်းစီမံကိန်းများအကောင်အထည်မပေါ်လာသည့် နောက်ပိုင်းတွင်အဆိုပါစီမံကိန်းနေရာများ၌ ဈေးကွက်ပြန်လည် ငြိမ်သက်ကျဆင်းခြင်းများကြောင့်ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ထားသူများမှာ ငွေကြေး ပိုက်မိခြင်း၊ ဈေးနှုန်းအနိမ့်များဖြင့် ပြန်လည်ရောင်းချခြင်းများ ကြုံတွေ့ရပြီး ဆုံးရှုံးမှု များလာခြင်းကြောင့်လို့ ဆိုပါတယ်။

"အစိုးရရဲ့ စီမံကိန်းတွေလုပ်မယ့်နေရာတွေမှာ မြေတွေ၊ ခြံတွေ ၀ယ်ယူရင်းနှီးမြှုပ်နှံ ကြတယ်။ဒါပေမဲ့ စီမံကိန်းလုပ်မယ်ဆိုပြီး မလုပ်ဖြစ်တော့တာတွေလည်းရှိတော့အဲဒီမှာ မြေ၀ယ်ပြီးရင်းနှီးမြှုပ်နှံတဲ့သူတွေ၊အရောင်းအ၀ယ်လုပ်တဲ့သူတွေ ဆက်လုပ်လို့မရတာတွေနဲ့ကြုံပြီးတချို့က အရှုံးခံပြီးပြန်ရောင်း ရတယ်။ တချို့ကျတော့လည်း အချိန်အကြာကြီး ပိုက်မိနေကြတယ်"ဟု အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးကဆိုပါတယ်။

လက်ရှိတွင် ကြည့်မြင်တိုင်မြို့နယ်နှင့် လှိုင်မြစ်တစ်ဖက်ကမ်းရှိ အေးရွာနှင့် ချိတ်ဆက်ဆောက်လုပ်မည့် မြစ်ကူးတံတားစီမံကိန်း တည်ဆောက်ရန် စီစဉ်ထားကြောင်း သတင်းထွက်ပေါ်လာသော်လည်းကြည့်မြင်တိုင် မြို့နယ်ရှိ အိမ်ခြံမြေဈေးကွက်မှာ ငြိမ်သက်ဆဲသာဖြစ်ကြောင်း အိမ်ခြံမြေအကျိုးဆောင် များက ပြောပါတယ်။

"တံတားဆောက်မယ်ဆိုတဲ့ စီမံကိန်းတွေက ပြောနေကြတာပဲ။ ဒါပေမဲ့ အဲလိုမျိုး ဆောက်မယ်ပြောပြီး မဖြစ်တာတွေလည်း ရှိခဲ့တယ်။ ပြောပြီး မဖြစ်တာတွေက နှစ်ခါလောက်ခံလိုက်ရတော့ နောက်ပိုင်း ဘာစီမံကိန်း တွေရှိရှိ မ၀ယ်ရဲကြတော့ဘူး။အခုကြည့်မြင်တိုင်မှာ တံတားဆောက်မယ်လို့ သတင်းထွက် ပေမယ့် အိမ်ခြံမြေဈေးကွက်ငြိမ်တောင်ငြိမ် နေတယ်။

ဒီဘက် ကြည့်မြင်တိုင်မြို့နယ်ရော ဟိုဘက်ကမ်းက ရွာဘက်ရော မြေ၀ယ်ဖို့ ဘယ်သူမှလာမမေးကြဘူး" ဟု ၎င်းက ပြောသည်။ ထို့ပြင် ကြည့်မြင်တိုင်မြို့နယ်သည် လူနေထူထပ်ပြီး တိုက်ခန်းများ များပြားကာ အိမ်ခြံ မြေဈေးကွက်မှာ အခြားမြို့နယ်များကဲ့သို့ ရင်းနှီးမြှုပ်နှံသူများ စိတ်ဝင်စားမှု သိပ်မရရှိ သည့်အပြင် ဈေးနှုန်းများမှာလည်း အခြား မြို့နယ်များနှင့်ယှဉ်ပါက မမြင့်မားဘူးလို့ပြောပါတယ်။

"ကြည့်မြင်တိုင်မြို့နယ်က တိုက်ခန်းတွေ များတယ်။ ကွန်ဒိုအိမ်ရာတွေတော့ လက်ရှိမှာ အများကြီးဆောက်နေကြပေမယ့်အိမ်ခြံမြေ ဈေးကွက်က အေးနေတဲ့အရှိန်နဲ့သိပ်အရောင်း မသွက်ကြဘူး။ တချို့ကွန်ဒိုတိုက်ခန်းအသစ် တွေဆို အခုထိ ရောင်း မထွက်တာတွေ ရှိသေး တယ်။ ဒါပေမဲ့ အခုတံတားဆောက်ပေးမယ်ဆိုပြီး ပြောနေကြတာ တစ်ကယ်ဆောက်ဖြစ်ရင်တော့ ကြည့်မြင်တိုင်မြို့နယ်ရဲ့ အိမ်ခြံမြေဈေးကွက်ကတော့ပိုကောင်းလာနိုင်ပါတယ်" ဟု အကျိုးဆောင်တစ်ဦးက ပြောသည်။

ထို့ပြင် ဆောက်လုပ်ရေးဝန်ကြီးဌာနက ရန်ကုန်မြစ်ကိုဖြတ်ကာ ဒေါပုံမြို့နယ်နှင့် မင်္ဂလာတောင်ညွန့်မြို့နယ်နှစ်ခုကို ဆက် သွယ်ပေးသော မြစ်ကူးတံတားတည်ဆောက်ပေးလျက်ရှိသော်လည်း ယင်းကဲ့သို့တံတားတစ်စင်း ပေါ်ပေါက်လာသော်လည်းယင်း မြို့နယ်များ၏ အိမ်ခြံမြေဈေးကွက်မှာသိသာစွာကောင်းမွန်လာခြင်း မရှိသည့်အပြင် ဈေး နှုန်းများလည်း သိသာစွာ မြင့်တက်သွားခြင်းများ မရှိကြောင်း စိုင်းခွန်နောင် အိမ်ခြံမြေ အကျိုးဆောင်မှာ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

"တံတားဆောက်နေပေမယ့် အဲဒီမြို့နယ်ဘက်တွေက အိမ်ခြံမြေတွေကို အရမ်းဝယ်တဲ့သူတွေ မတွေ့သေးဘူး။ အရင်လို စီမံကိန်း ရှိတဲ့နေရာကို အကုန်လုံးပြုံဆင်းပြီး အရောင်းအ၀ယ်လုပ်တာမျိုးတွေ သိပ်မရှိတော့ဘူး။ တံတားဆောက်ပြီးရင်တော့ အိမ်ခြံမြေဈေး ကွက်ကောင်းမကောင်းကို မပြောတတ် သေးပေမယ့် အဲ့ဒီဘက်မြို့နယ်တွေ သွားရေး လာရေးတော့အဆင်ပြေသွားမှာ" ဟု ၎င်းက ပြောသည်။

ယင်းကဲ့သို့ အစိုးရ၏ မြို့ပြဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာ စီမံကိန်းများပြုလုပ်မည့် သတင်း များမှာ အိမ်ခြံမြေဈေးကွက်ကို လှုပ်ရှားလာသည်အထိ ဆွဲဆောင်မှုများ မရှိတော့ပဲ အမှန် တကယ် ဖြစ်ပေါ်လာမှသာ ယင်းစီမံကိန်းနေရာဒေသများတွင် အိမ်ခြံမြေဈေးကွက် အခြေအနေများ ပြောင်းလဲလာနိုင်ကြောင်း အိမ်ခြံမြေလုပ်ငန်းကျွမ်းကျင်သူများက ခန့်မှန်းပါတယ်။

"စီမံကိန်းတွေ တကယ်အကောင်အထည်ဖော်တော့မှပဲ အဲဒီနေရာတွေက အိမ်မြေတွေနဲ့ကွန်ဒိုတိုက်ခန်းတွေ အရောင်းအ၀ယ်ဖြစ်တော့မယ် ထင်တယ်" ဟု အိမ်ခြံ မြေလုပ်ငန်းကျွမ်းကျင်သူတစ်ဦးက ပြောပါတယ်။

ထို့ပြင် လက်ရှိအိမ်ခြံမြေလုပ်ငန်းများ အတွက် ငွေရှားပါးမှုနှင့်ရင်ဆိုင်နေရပြီး ဈေးကွက်အတွင်းငွေစီးဆင်းနိုင်မှုနည်းသွားခြင်းတို့ကြောင့် ရန်ကုန်မြို့၏ အိမ်ခြံမြေ ဈေးကွက်မှာ အေးနေရခြင်းလည်းဖြစ်ကြောင်း၎င်းက သုံးသပ်ပါတယ်။

"ငွေနည်းနည်းရှားသွားပြီး အိမ်ခြံမြေ ဈေးနှုန်းတွေ ကြီးနေတဲ့အချိန်မှာ တန်ဖိုးကြီးတဲ့ အိမ်ခြံတွေကိုရင်းနှီးမြှုပ်နှံဖို့ မလွယ်ဘူး ဖြစ်နေတယ်။ သိန်း ၅,၀၀၀ အောက်တန် ဖိုးရှိတဲ့ အိမ်ခြံမြေတွေ လောက်ပဲ အလုပ်ဖြစ်နိုင်တယ်" ဟု ၎င်းကပြောပါတယ်။

Credit : mmtimes

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးက ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသွာ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးက ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသွာ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က

Upcoming Property Events

From 14 Jun To 15 Jun

Magical World Apartment

From 14 Jun To 15 Jun

Mingalar Market

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service