မွေးရပ်ဇာတိပြန်လာပြီး ဆင်းရဲသားရွာသားတွေအတွက် အဆင်မြင့်အိမ်ရာတွေ ဆောက်လုပ်ပေးတဲ့ တရုတ်သန်းကြွယ်သူဌေးရဲ့ မြင့်မြတ်တဲ့စိတ်ထား
တစ်ရွာမပြောင်းသူကောင်းမဖြစ်နိုင်လို့သာ နေရာအရပ်တွေရွှေ့ပြောင်းပြီး လူ့လော ကကြီးမှာ အဆင်ပြေပြေရှင်သန်ရပ်တည်နိုင်ဖို့ ကြိုးစားနေခဲ့ရသော်လည်းပဲ ကိုယ်မွေး တဲ့ အရပ်ဒေသကလေးကိုတော့ ဘယ်တော့မှမေ့နိုင်ကြမယ်မထင်ပါဘူး။ ဘယ်လိုပဲ လူနေမှုအဆင့်အတန်းအခြေအနေတွေပြောင်းလဲသွားနေပါစေ ကိုယ့်မွေးရပ်မြေက ရိုးရှင်းတဲ့ ဘဝတွေကိုပဲ မျှော်လင့်တောင့်တကြတာအမှန်ပါ။
တရုတ်နိုင်ငံ အမျိုးသားတစ်ဦးရဲ့ အများအကျိုး၊ ရပ်ရွာအကျိုးသယ်ပိုးတတ်တဲ့ စိတ် ထားလေးက တကယ့်ကိုမြင့်မြတ်ပါတယ်။ စီရောင် ရှီဝှါဆိုသူ အမျိုးသားက တရုတ်နိုင်ငံ တောင်ပိုင်း ပြည်နယ် ရှင်ယူမြို့တော်က စီယွန်ခမ်းရွာလေးတစ်ရွာမှာ မွေးဖွားခဲ့ပါတယ်။ ဆင်းဆင်းရဲရဲချို့ချို့တဲ့တဲ့ နေထိုင်ရလာတဲ့ အခြေအနေမှာ ဘဝအောင်မြင်ရေးအတွက် စွန့်စားမယ်ဆိုတဲ့ စိတ်နဲ့မွေးရပ်မြေလေးကို ဆယ်စုနှစ်များနဲ့ ချီခွဲခွာသွားပြီးတဲ့နောက် အောင်မြင်တဲ့စီးပွားရေး လုပ်ငန်းရှင်တစ်ဦးအဖြစ်နဲ့ ပြန်လာနိုင်ခဲ့ပါတယ်။
ဒီလိုပြန်လာတဲ့အချိန်မှာ သာမန်သူဌေးသူကြွယ်တွေလို ဘဝမေ့ကာ ကြွားဝါချင်တဲ့စိတ် တွေနဲ့ပြန်လာတာမဟုတ်ပဲ စိတ်ကူးထားတဲ့အိပ်မက်ကလေးကို အကောင်အထည်ဖော် နိုင်ဖို့ပါပဲ။ ဆင်းရဲချို့တဲ့စွာနေထိုင်ရတဲ့ ရွာသားတွေရဲ့တဲစုတ်အိမ်ငယ်လေးတွေကို မြေ လှန်ပြီး အဆင်မြင့် အုတ်၊ တိုက်အိမ်တန်းလျားတွေ အကျအနတည်ဆောက်ပေးကာ တစ်ရွာလုံးကဆင်းရဲတဲ့ မိသားစုပေါင်း ၇၂ စုကို အခမဲ့နေစေခဲ့ပါတယ်။
သူ့ရဲ့ဒီ ချီးကျူးထိုက်စရာမြင့်မြတ်တဲ့ စိတ်ဓာတ်နဲ့ ကိုယ့်မွေးရပ်မြေကိုကျေးဇူးဆပ်တဲ့ လုပ်ရပ်အကောင်အထည်ဖော်တဲ့အနေနဲ့ အဆင်မြင့်အိမ်ရာတွေ တည်ဆောက်ပေး ဖို့အတွက် စတာလင်ပေါင်လေးသန်းနီးပါးကုန်ကျခဲ့ပြီး အခြားသော သူကြွယ်မိသားစု တွေကလည်း ဝိုင်းဝန်းကူညီပေးခဲ့ပါတယ်။
“ကျွန်တော်ငွေတွေအများကြီးရှာတာ ဘာ ကြောင်းကြောင့်လဲဆိုတာ စိတ်ထဲမှာအမြဲထည့်ထားတယ်။ ကျွန်တော်ရဲ့ ငယ်ဘဝကို ဘယ်တော့မှ မေ့မပစ်ဘူး။ ဘဝမမေ့တတ်ပါဘူး။ အခုကျွန်တော်ရွာပြန်လာပြီးတော့ ကျွန်တော့အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့လာခဲ့တာပဲ။ အခုတော့ ကျွန်တော် လုပ်နိုင်ခဲ့ပြီလို့” ဝမ်းသာစွာပြောကြားခဲ့ပါတယ်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ဘာသာပြန်သည်။)