ရန်ကုန်မြို့အား နောက်ထပ် စတုရန်းမိုင် ၁၀၀ တိုးချဲ့မည့် စီမံကိန်းကို ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်သို့ တင်ပြမည် - Property News in Myanmar from iMyanmarHouse.com
1482 Views

ရန်ကုန်မြို့အား နောက်ထပ် စတုရန်းမိုင် ၁၀၀ တိုးချဲ့မည့် စီမံကိန်းကို ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်သို့ တင်ပြမည်

ရန်ကုန်မြို့ဧရိယာအား နောက်ထပ် စတုရန်းမိုင် ၁၀၀ ကျော် တိုးချဲ့မည့်စီမံကိန်းအား ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်သို့ တင်ပြမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းရေးဆွဲရေးဌာနမှ ဒါရိုက်တာ ဦးတိုးအောင်က ပြောကြားသည်။

လက်ရှိ ဧရိယာ ၃၄၀ စတုရန်းမိုင်ခန့်ရှိ သော ရန်ကုန်မြို့တော်အား နောက်ထပ် ဧရိယာ စတုရန်းမိုင် ၁၀၀ ကျော် ထပ်မံတိုးချဲ့မည်ဖြစ်ပြီး ဒဂုံအရှေ့၊ ဒလတောင်ခြမ်း၊ တွံတေး၊ လှည်းကူးအစပ်၊ ထန်းတပင်စသည့် နေရာများအား လျာထားကြောင်း သိရသည်။

ယင်းတိုးချဲ့မည့် စီမံကိန်းအား ရန်ကုန်တိုင်းဒေသကြီးအစိုရအဖွဲ့သို့ တင်ပြခဲ့ပြီးနောက် ယခု ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်သို့ တင်ပြရန် စီစဉ်နေခြင်းဖြစ်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် ဆွေးနွေးအတည်ပြုပြီးမှသာ ယင်းကိစ္စကို ဆက်လက်ဆောင်ရွက်မည်ဟု ဦးတိုးအောင်က ဆိုသည်။

“ရန်ကုန်မြို့ကို ထပ်ချဲ့ဖို့ကိစ္စကို ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကို တင်ပြဖို့လုပ်နေပါတယ်။ အနီးစပ်ဆုံးလုပ်မယ့် လွှတ်တော်အစည်းအဝေးမှာ တင်ပြမှာပါ။ လွှတ်တော်မှာ ဆွေးနွေးမှုတွေလုပ်ပြီးမှ စီမံကိန်းကို အကောင်အထည်ဖော်မှာပါ”ဟု ဦးတိုးအောင် က ပြောကြားသည်။

ရန်ကုန်မြို့အား ဧရိယာစတုရန်းမိုင် ၁၀၀ ကျော် တိုးချဲ့ရန်အတွက်တိုးချဲ့မည့်မြေနေရာများတွင် မြေများဝယ်ယူမည်ဖြစ်ပြီး ယင်းနေရာ၌ လယ်စိုက်ပျိုးနေသူများရှိပါက လျော်ကြေးများပေးရန် စီစဉ်သွားမည်ဟု ဆိုသည်။

ယခု ထပ်မံတိုးချဲ့မည့်ဧရိယာ စတုရန်းမိုင် ၁၀၀ ကျော်တွင် လူဦးရေ ရှစ်သန်းခန့် ထပ်မံနေထိုင်မည်ဖြစ်ကြောင်း၊ လက်ရှိ ရန်ကုန်မြို့၏ လူဦးရေ ငါးသန်းကျော် ပေါင်းလိုက်ပါက လူဦးရေ ၁၃ သန်းကျော် နေထိုင်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့အား တိုးချဲ့ရန် လိုအပ်နေပြီး တိုးချဲ့သည့်နေရာ၌လည်း ယခင်ကဲ့သို့ ဖြစ်သလိုတိုးချဲ့ခြင်း မဟုတ်ဘဲ စီမံကိန်းများ စနစ်တကျရေးဆွဲ တိုးချဲ့မှုပြုလုပ်ရန်လိုကြောင်းရန်ကုန်မြို့ပြပညာရှင် ဒေါက်တာကျော်လတ် က ထောက်ပြထားသည်။

“ရန်ကုန်မြို့က တိုးချဲ့ဖို့လိုနေပါတယ်။ တိုးချဲ့တဲ့နေရာမှာလည်း ဟိုအရင်က တိုးချဲ့ခဲ့တုန်းကလို ဖြစ်သလိုမဟုတ်ဘဲ ရေမြောင်းစီမံ
ကိန်းတွေ၊ ရေပေးရေးစီမံကိန်း၊ လမ်းပန်းစီမံကိန်းတွေ စသည်ဖြင့် အကုန်လုံးပေါင်းပြီး စီမံကိန်းနဲ့ရေးဆွဲပြီး တိုးချဲ့မှုတွေလုပ်ဖို့ လိုတယ်၊ ဖြစ်သလို ဟိုမှာလုပ်မယ်၊ဒီမှာလုပ်မယ်၊ဟိုကုမ္ပဏီကိုပေးမယ်။

ဒီကုမ္ပဏီကို ပေးမယ်ဆိုတာမျိုးကတော့ အဓိပ္ပာယ်မရှိဘူး။ မြို့တိုးချဲ့တယ်ဆိုတာက အစိုးရအလုပ်၊ တရားဝင် အစိုးရက မြေသိမ်းရမယ်။

အစိုးရက တရားဝင်စီမံကိန်း ဆွဲရမယ်။ ပြီးတော့မှ မြေသိမ်းခံရတဲ့သူတွေကို တရားဝင်လျော်ရမယ်။ လျော်တဲ့နည်းတွေ ရှိတယ်။ ပြီးတော့မှ အစိုးရက တရားဝင် တည်ဆောက်ရမှာ။ ကုမ္ပဏီတစ်ခုရဲ့ တာဝန်မဟုတ်ဘူး” ဟု ဒေါက်တာ ကျော်လတ်က ပြောကြားသည်။

ယခင်မြို့သစ်များ ဖော်ထုတ်ခဲ့စဉ်က စီမံကိန်းများ စနစ်တကျ ရေးဆွဲခဲ့ခြင်းမရှိ၍ လှိုင်သာယာ၊ ရွှေပြည်သာ၊ ဒဂုံမြို့သစ် စသည်တို့တွင် လက်ရှိအထိ အခြေခံအဆောက်အအုံများ ပြည့်စုံမှုမရှိသေးဘဲ အခက်အခဲများစွာရှိနေသည်ဟု ပညာရှင်များက ထောက်ပြထားသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က မြန်မာ့စေတနာမြို့သစ် အများပိုင်ကုမ္ပဏီများကို တာဝန်ပေးကာ ကြည့်မြင်တိုင်၊ ဆိပ်ကြီးခနောင်တိုနှင့် တွံတေးမြို့နယ်များရှိ မြေဧက ၃၀,၀၀၀ ပေါ်တွင် အကောင်အထည်ဖော်ရန် စီစဉ်ခဲ့သည့် ရန်ကုန်မြို့သစ်စီမံကိန်းမှာမူ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် ကြိုတင်ပြခဲ့ခြင်းမရှိဘဲ လျှို့ဝှက်စွာ လုပ်ဆောင်ပြီး မှ လွှတ်တော်သို့ အသိပေးခဲ့ခြင်းကြောင့် ဝေဖန်မှုများစွာခံခဲ့ရကာ စီမံကိန်းရပ်ဆိုင်းခဲ့ရကြောင်း သိရသည်။

Credit: Eleven Media Group

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။

Upcoming Property Events

From 14 Jun To 15 Jun

Magical World Apartment

From 14 Jun To 15 Jun

Mingalar Market

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

imyanmarmarket
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service