သင်္ကြန်လွန်ကာလ ဒဂုံအရှေ့မြေကွက်များ ဈေးနှုန်း နှစ်ဆခန့် မြင့်တက် - Property News in Myanmar from iMyanmarHouse.com
2393 Views

သင်္ကြန်လွန်ကာလ ဒဂုံအရှေ့မြေကွက်များ ဈေးနှုန်း နှစ်ဆခန့် မြင့်တက်

သင်္ကြန်ပိတ်ရက်အလွန် ဧပြီလ ၂၂ ရက်မှ စတင်၍ လုပ်ငန်းရှင် အချို့က မြေကွက်ဝယ်ယူ စုဆောင်း မှုများ ပြန်လည်ပြုလုပ်သည့်အတွက် အကွက်အကွင်းကျသည့် နေရာများ တွင် မြေကွက်ဈေးနှုန်းများ နှစ်ဆ ခန့်အထိ မြင့်တက်ပြီး အရောင်း အဝယ်ဖြစ်နေကြောင်း အိမ်ခြံမြေ အကျိုးဆောင်များက ဧပြီလ ၂၈ ရက်တွင် The Trade Times ကို ပြောသည်။

”လူတွေကတော့ ဝိုင်းထဲမှာ အုံနေတယ်။ အဝယ်တွေလည်း ဆင်းပေမယ့် သိန်း ၁ဝဝ၊ သိန်း ၁၅ဝ လောက် မြေကွက်တွေကို ဝယ်ကြ တယ်။ တချို့အကွက်တွေဆို ရက်ပိုင်း အတွင်း ဈေးက နှစ်ဆအထိ ပြန်ဖြစ် လာတယ်”ဟု အေးရိပ်စံ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ ဒေါ်နီလာ ကျော်က ပြောသည်။

အိမ်ခြံမြေဈေးကွက်အေးစက် နေသည့် ယနေ့အချိန်တွင် မြေကွက် ဝယ်ရောင်းကြီးများက ယခုကဲ့သို့ ဈေးပြန်လည်ဆွဲတင်သည့် ပုံစံဖြင့် မြေကွက်များကို ပြန်လည်ပြန်ဝယ်ယူ သော်လည်း အများအားဖြင့် ကျပ် သိန်းထောင်ချီတန်သည့် မြေကွက်ပါ အိမ်များထက် ကျပ်သိန်း ၁ဝဝ နှင့် ကျပ်သိန်း ၂ဝဝ ကြား တန်ဖိုး ရှိသည့် မြေကွက်များကိုသာ ဝယ်ယူ စုဆောင်းခြင်းပြုသည့်အတွက် မေးခွန်းထုတ်စရာ ဖြစ်နေကြောင်း အိမ်ခြံမြေဈေးကွက်မှ သိရသည်။

ယခုနှစ်အစ ဇန်နဝါရီလမှ ဧပြီ လဆန်းအထိ ဒဂုံအရှေ့ရှိ တန်ဖိုး သိန်း ၁ဝဝ အောက် မြေကွက်များကို မြေကွယ်ဝယ်ရောင်းများက ¤င်းတို့ အကြိုက် မြေကွက်များကိုသာ ကြိုက်ဈေးပေးကာ ရွေးချယ် ဝယ်ယူ မှုများ ရှိသကဲ့သို့ ငွေကြေးလိုအပ် သည့် မြေကွက်ပိုင်ရှင်များကလည်း ကြိုက်ဈေး မရသည့်တိုင် ဈေးနှုန်း လျှော့ချကာ ရောင်းချခဲ့ကြောင်း၊ ထို့ကြောင့် အရောင်းအဝယ်မသွက် ဘဲ ကျဲကျဲပါးပါးသာ ရှိခဲ့ကြောင်း၊ သို့သော် ယခုအခါ မြေကွက်ဝယ်ယူ သူများ ပြန်လည်များပြားလာသည့် အတွက် မြေကွက်ပိုင်ရှင်များအနေ ဖြင့် ကြိုက်ဈေးရသည်အထိ ဈေးနှုန်း ထပ်မံမြင့်တက်နိုင်မည့် အခြေအနေ ကို စောင့်ကြည့်နေကြကြောင်း၊ လော လောဆယ်၌ ရောင်းသူနှင့်ဝယ်သူ နှစ်ဦးနှစ်ဖက် သဘောတူညီသည့် ဈေးနှုန်းများဖြင့် အရောင်းအဝယ် ဖြစ်လျက် ရှိကြောင်း ဈေးကွက် အတွင်းမှ သိရသည်။

မြန်မာနိုင်ငံ အိမ်ခြံမြေဈေးနှုန်း မြင့်တက်လာရသည့် အကြောင်းရင်း များ၌ မြို့သစ်စီမံကိန်းများ၊ အခြေခံ အဆောက်အဦဆိုင်ရာ စီမံကိန်း လုပ်ငန်းကြီးများ အကောင်အထည် ဖော်မည့် စီမံကိန်းပတ်ဝန်းကျင် နေရာများတွင် မြေဈေးကစားသူတို့ ဝင်ရောက်ဈေးကစားခဲ့သည့် အစဉ် အလာများ ရှိခဲ့သည့်အတွက် ယခု ကဲ့သို့ ဒဂုံအရှေ့ပိုင်းမြို့နယ်ရှိ မြေ ကွက်လွတ်များကို လုပ်ငန်းရှင်များ ပြန်လည် ဝယ်ယူစုဆောင်းလာရ သည့် အကြောင်းရင်းများ ရှိနိုင် ကြောင်း၊ ထိုအကြောင်းရင်းများတွင် ရန်ကုန်ဘူတာကြီး စီမံကိန်းသစ် (ရွာသာကြီး) နှင့် ဒဂုံအရှေ့မြို့နယ် အတွင်း ဆောက်လုပ်ရန် လျာထား သည့် တန်ဖိုးမျှတ အိမ်ရာစီမံကိန်းတို့ ပါဝင်နိုင်ကြောင်း အိမ်ခြံမြေ အကျိုး ဆောင်များက သုံးသပ်ပြောဆိုသည်။

”အရင် ဈေးငြိမ်နေတုန်းက တစ်ကွက်ကို သိန်း ၇ဝ တန်၊ ၈ဝ တန် ပေ ၄ဝ ထ ပေ ၆ဝ အကွက်တွေက အခု သိန်း ၁၅ဝ လောက်အထိ ပြန် ခေါ်လာပြီး အဝယ်လည်း ရှိတယ်။ အထူးသဖြင့် ၁၃ စီးရီး ရပ်ကွက်တွေ က မြေကွက်လွတ်တွေ အဝယ်လိုက် တယ်။ နေမယ့်သူတွေထက် နောက် ကွယ်က သူဌေးတွေ ငွေထုတ်ပြီး ဝယ်ခိုင်းတာတွေ ရှိလာတယ်။ ဘယ် လို ရည်ရွယ်ချက်နဲ့ ဝယ်တာလဲ ဆိုတာ မသိပေမယ့် စီမံကိန်းမြေ နေရာနားမှာရှိတဲ့ အကွက်တွေက ပိုအလုပ်ဖြစ်တယ်” ဟု မောင်းမကန် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ ကိုဝင်းထိန်က ပြောသည်။

Credit: thetradetimes

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း

Upcoming Property Events

From 07 Jun To 08 Jun

The Vista

From 07 Jun To 08 Jun

Innwa Pyae Sone Residance

From 14 Jun To 15 Jun

Magical World Apartment

From 14 Jun To 15 Jun

Mingalar Market

From 02 Jun To 30 Jun

42 Mini Condo

The Vista Luxury Residance
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service