အခွန်နှုန်းသစ်ကြောင့် မြေဈေးကွက် ပြန်ကောင်းနိုင် - Property News in Myanmar from iMyanmarHouse.com
5875 Views

အခွန်နှုန်းသစ်ကြောင့် မြေဈေးကွက် ပြန်ကောင်းနိုင်

မြန်မာအစိုးရက သတ်မှတ်လိုက်သည့် အခွန်နှုန်းအသစ်ကြောင့် ပြီးခဲ့သည့်
လများအတွင်း အရောင်းအ၀ယ်ငြိမ်သက်ခဲ့သော အိမ်ခြံမြေဈေးကွက်သည်
ပြန်လည်အသက်ဝင်လာနိုင် ကြောင်း အိမ်ခြံမြေအကျိုးဆောင်များက ပြော
သည်။

ယင်းအခွန်သစ်ကြောင့် အိမ်ခြံမြေဈေးကွက် တွင် ၀ယ်လက်များ ရှိလာနိုင်ခြင်းကြောင့်
ဈေးကွက် ပြန်လည်လှုပ်ရှားလာနိုင်ကြောင်း အိမ်ခြံမြေအကျိုးဆောင်များက ပြောသည်။

"အစိုးရက အခွန်သစ်ကြေညာပြီးနောက် ပိုင်း ဈေးမေးစုံစမ်းလာကြတာတွေ ရှိလာပါတယ်။
စိတ်ဝင်စားတဲ့ လူတွေဝယ်ချင်တာကြောင့် အိမ်ခြံမြေဈေးကွက်က အနည်းအကျဉ်း တော့
ကောင်းလာနိုင်ပါတယ်" ဟု စိုင်းခွန် နောင်မှ အိမ်ခြံမြေနှင့် ဥပဒေအကြံပေး လုပ်ငန်းက
ဈေးကွက်မန်နျော ကိုဟိန်းဇံက ပြောသည်။

ပြည်ထောင်စုလွှတ်တော်က ယင်းဥပဒေသစ်ကို အတည်ပြုပြီးနောက် အစိုးရသတင်းစာက
ဧပြီ ၅ ရက်တွင် ဖော်ပြခဲ့သည်။ ၂၀၁၅၁၆ ဘဏ္ဍာနှစ်တွင် အိမ်ခြံမြေ ရောင်းဝယ်မှုအပေါ်
ကောက်ခံသော ၀င်ငွေ ခွန် အခွန်နှုန်းထားများတွင် တစ်ကျပ်မှ ကျပ်သိန်း ၁,၀၀၀ အထိ
အရောင်းအ၀ယ်ပြု လျှင် ၀င်ငွေခွန် သုံးရာခိုင်နှုန်း၊ ကျပ်သိန်း ၁,၀၀၁ ကျပ်မှ သိန်း ၅,၀၀၀
အထိ ၀င်ငွေခွန် ငါးရာခိုင်နှုန်း၊ သိန်း ၅,၀၀၁ ကျပ်မှ သိန်း ၁၀,၀၀၀ ကို ၁၀ ရာခိုင်နှုန်း၊
သိန်း ၁၀,၀၀၁ ကျပ်မှ ကျပ် သိန်း ၁၅,၀၀၀ ကို ၂၀ ရာခိုင်နှုန်းနှင့် ကျပ်သိန်း ၁၅,၀၀၁
ကျပ်မှ အထက်ကို ၃၀ ရာခိုင်နှုန်းကောက်ခံမည် ဖြစ်သည်။ ယခင်ဘာနှစ် ၂၀၁၄၁၅
တွင် အိမ်ခြံ မြေပေါ် ကောက်ခံသော အခွန်နှုန်းထားမှာ တစ်ကျပ်မှ ကျပ်သိန်း ၅၀၀
အထိကို အခွန် ၃ ရာခိုင်နှုန်း၊ သိန်း ၅၀၁ ကျပ်မှ ကျပ်သိန်း ၁,၀၀၀ ကို ငါးရာခိုင်နှုန်း၊
ကျပ် သိန်း ၁,၀၀၁ ကျပ်မှ ၁,၅၀၀ ကို ၁၀ ရာခိုင် နှုန်း၊ ကျပ်သိန်း ၁,၅၀၁ ကျပ်မှ ကျပ်
သိန်း ၃,၀၀၀ ကို ၂၀ ရာခိုင်နှုန်း၊ ကျပ် သိန်း ၃,၀၀၀ အထက်ကို ၃၀ ရာခိုင်နှုန်း ကောက်ခံခဲ့သည်။
ထို့ပြင် ရန်ကုန်နှင့် မန္တလေးတွင် ၀ယ်သူများအနေဖြင့် တံဆိပ်ခေါင်းခွန် ငါးရာခိုင်နှုန်း
ပေးရမည်ဖြစ်ပြီး နေပြည်တော်တွင် သုံး ရာခိုင်နှုန်း ပေးရမည်ဖြစ်သည်။

၂၀၁၅ ခုနှစ် နိုင်ငံရေးအခြေအနေကို စောင့်ကြည့်နေခြင်း၊ စီးပွားရေးလုပ်ငန်းများရင်းနှီးမြှုပ်နှံ
မှုများ ထပ်မံမပြုလုပ်ခြင်း၊ အစိုးရ က သက်တမ်းကုန်ဆုံးခါနီးသောကြောင့် လုပ်ငန်း စီမံကိန်း
ကြီးများကို ဆက်လက် အကောင်အထည် မဖော်ခြင်းတို့ကြောင့်လည်း မြန်မာ့စီးပွားရေးသည်
လေးလံထိုင်းမှိုင်း နေပြီး အကျိုးဆက်အားဖြင့် မြန်မာ့စီးပွားရေး ၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်သော
အိမ်ခြံမြေ လုပ်ငန်းသည်လည်း အေးစက်လာခဲ့သည်။

သို့သော် ယခုပြဋ္ဌာန်းလိုက်သော အခွန် နှုန်းထားအသစ်ကြောင့် ဈေးကွက်အပေါ်တွင် သက်ရောက်မှုများရှိလာနိုင်ပြီး၊ ဈေးကွက် ပြန်လည်လှုပ်ရှားလာနိုင်ကြောင်း ဂလက်စီအိမ်ခြံမြေအကျိုးဆောင်က မြေပွဲစားတစ်ဦးဖြစ်သည့် ဒေါ်မြမြစိန်က ပြောသည်။

"သင်္ကြန်ပြီးရင်တော့ အိမ်ခြံမြေဈေးကွက် ပြန်လှုပ်ခတ်နိုင်ပါတယ်။ အခွန်နှုန်းအသစ်ကြောင့်လည်း
အရောင်းအ၀ယ်ပြန်ဖြစ်လာ နိုင်တယ်။ မြေဈေးကွက် အရောင်းအ၀ယ် ပြန်လိုက်နိုင်ပါတယ်"
ဟု ၎င်းကပြောသည်။

"အခွန်နှုန်းထားတွေ ပြောင်းလဲပေးမယ့် ဆောင်ချင်တဲ့လူတွေပဲ ဆောင်တာပါ" ဟု ပြည်တွင်း
အခွန်များဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်က ပြောသည်။ ဦးသိန်းစိန်ဦးဆောင်သည့်
အစိုးရအသစ် တက်လာပြီးနောက်ပိုင်း စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းမှုများကြောင့် ရန်ကုန်တွင်
အိမ်ခြံမြေဈေးကွက် ဖွံ့ဖြိုးလာခဲ့သည်။ ၂၀၁၂ ခုနှစ်မှ စတင်ခါ အိမ်ခြံမြေဈေးနှုန်း များ
စတင်မြင့်တက်ခဲ့ကာ ရန်ကုန်၊ မန္တလေး စသည့် မြို့ကြီးများသာမက ပုသိမ်၊ တွံတေး၊
ကလော၊ မူဆယ်၊ ပဲခူး၊ ရှမ်းပြည်နယ်၊ ရခိုင် ပြည်နယ်နှင့် ချင်းပြည်နယ်ပါမကျန် တစ်နိုင်ငံ
လုံးနီးပါး အိမ်ခြံမြေဈေးနှုန်းများ ထူးခြားစွာ မြင့်တက်ခဲ့သည်။ ရန်ကုန်မြို့လယ်၏ မြေ
တစ်ပေပတ်လည်ဈေးနှုန်းသည် အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့ထက်ပင်မြင့်မားနေပြီ
ဟူသော အသံများပင်ထွက်ပေါ် လာခဲ့သည်။

Credit: mmtimes

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ

Upcoming Property Events

From 08 Jul To 08 Aug

Central Shophouse

From 09 Aug To 10 Aug

THADAR CONDOMINIUM

From 09 Aug To 10 Aug

Mingalar Market

THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service