ဧရာဝဏ်နှင့် ရတနာ အိမ်ရာစီမံကိန်းမှ အိမ်ခန်းများကို တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် အရစ်ကျစနစ် အသုံးပြုရောင်းချရန် အိုးအိမ်ဘဏ်နှင့် ညှိနှိုင်းနေ - Property News in Myanmar from iMyanmarHouse.com
1253 Views

ဧရာဝဏ်နှင့် ရတနာ အိမ်ရာစီမံကိန်းမှ အိမ်ခန်းများကို တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် အရစ်ကျစနစ် အသုံးပြုရောင်းချရန် အိုးအိမ်ဘဏ်နှင့် ညှိနှိုင်းနေ

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့ သစ် ဆိပ်ကမ်းမြို့နယ်တွင် တည် ဆောက်နေသည့် အထပ်မြင့် တန်ဖိုးမျှတ အိမ်ရာစီမံကိန်းဖြစ်သည့် ဧရာဝဏ်နှင့် ရတနာ အိမ်ရာ စီမံ ကိန်းများမှ အိမ်ခန်းများကို အရစ်ကျ စနစ်အသုံးပြု၍ တိုင်းဒေသကြီး အစိုးရ၏ စီစဉ်ညွှန်ကြားမှုဖြင့် ရောင်း ချရန် ညှိနှိုင်းဆောင်ရွက်နေကြောင်း သတင်းရရှိသည်။

”အဲဒီသတင်းက မှန်ပါတယ်။ တခြားအိမ်ရာစီမံကိန်းတွေ ရောင်း သလိုပါပဲ။ အာမခံတာကတော့ အိုးအိမ်က လုပ်မှာပါ။ ချေးလည်း ချေးပေးနိုင်ပါတယ်။ ဝယ်တဲ့ လူတွေ က အပေါင်ပေးစရာ မလိုပါဘူး။ အရင်အတိုင်းပဲ လုပ်မှာပါ။ အိမ်ကိုပဲ အာမခံထားရမယ့် စနစ်ပါ။ ဘယ် တော့လောက် စရောင်းပေးမလဲ ဆိုတော့ သူတို့က မပြီးသေးဘူးလေ။ ဒီကိစ္စက သိပ်ပြီးတော့လည်း မပြီး ပြတ်သေးဘူး” ဟု ဆောက်လုပ်ရေး နှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် ဦးဆောင် ညွှန်ကြားရေးမှူး ဦးဝင်းဇော်က ဧပြီလ ၇ ရက်တွင် The Trade Times ကို ပြောသည်။

အိမ်ခန်းများအား အများပြည်သူ တို့ကို အရစ်ကျစနစ်ဖြင့် တိုင်းဒေသ ကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ရောင်းချရန်အတွက် ဆောက်လုပ် ရေးနှင့် အိမ်ရာဖွံ့ဖြိုးဘဏ်တို့နှင့် ညှိနှိုင်းဆောင်ရွက်နေသည့် သတင်း များမှာ မှန်ကန်မှုရှိကြောင်း ဦးဝင်း ဇော်က ထပ်လောင်း အတည်ပြုခဲ့ သော်လည်း လုပ်ငန်းများ ပြီးပြတ် ခြင်း မရှိသေးသည့် အခြေအနေ ကြောင့် အတိအကျ ပြောဆိုရန် ခက်ခဲ နေကြောင်း၊ အိုးအိမ်ဘဏ်မှ အခြား အိမ်ရာစီမံကိန်းများတွင်မူ ကနဦး ပေးသွင်းငွေ၏ ၃ဝ ရာခိုင်နှုန်းနှင့် ဘဏ်နှင့် ချိတ်ဆက်ကာ လေးနှစ် အရစ်ကျ ရောင်းချပေးသည့် ပုံစံဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရ သည်။

ဧရာဝဏ်နှင့် ရတနာအိမ်ရာကို ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်ရှိ မြေ ဧက ၂၂ဝ ပေါ်တွင် ၁၈ ထပ်အမြင့် ၂၄ ခန်းတွဲ တိုက်အလုံးပေါင်း ၂၅ လုံး တည်ဆောက်နေပြီး တိုက်တိုင်းတွင် စတုရန်းပေ ၆ဝဝ ကျယ်ဝန်းသည့် အိမ်ခန်းပေါင်း ၁ဝ,၈ဝဝ ရှိသည့် အတွက် လူဦးရေ ၁ဝဝ,ဝဝဝ ခန့် အဆင်ပြေပြေ နေနိုင်မည် ဖြစ်ပြီး ယင်းသို့ နေထိုင်နိုင်ရန် အခြေခံ အဆောက်အဦများပါ ထည့်သွင်း တည်ဆောက်လျက် ရှိကြောင်း သိရ သည်။

”ဝယ်မယ့်သူက သူ ပေးသွင်း နိုင်တဲ့ income တော့ ပြရမှာဖြစ် တယ်။ တန်ဖိုးအနေနဲ့ များလာတာ ရယ်။ ပေးဆပ်ရမယ့် အချိန်များလာ တာလောက်တော့ ကွာလာနိုင် တယ်”ဟု ၎င်းက ဆက်လက်ပြော သည်။

အိမ်ရာလိုအပ်ချက်များ အများ အပြားရှိနေသည့်အတွက် တန်ဖိုး မျှတ အိမ်ရာစီမံကိန်းများကို မြန်မာ နိုင်ငံအနှံ့တွင် အများအပြား တည် ဆောက်ပေးနေပြီး ယင်းစီမံကိန်း များအနက်မှ ဧရာဝဏ်နှင့် ရတနာ အိမ်ရာစီမံကိန်းများမှာ ပမာဏ အကြီးဆုံးနှင့် လူနေထိုင်နိုင်မှုပမာဏ အကြီးမားဆုံး စီမံကိန်းကြီးလည်း ဖြစ်သည်။

ယင်းစီမံကိန်းအား မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနနှင့် ကုမ္ပဏီများ ပူးပေါင်း၍ ၂ဝ၁၃- ၂ဝ၁၄ ဘဏ္ဍာရေးနှစ်မှ စတင်တည် ဆောက်ခဲ့ခြင်းဖြစ်ပြီး ၁၈ ထပ်အမြင့် ၂၄ ခန်းတွဲ အဆောက်အအုံ တစ်လုံး လျှင် ကျပ် ၅ ဘီလျံ ကုန်ကျမှုများ ရှိသည့်အပြင် အခြေခံအဆောက် အဦများဖြစ်သည့် ရေ၊ လျှပ်စစ်၊ ကျောင်း၊ ရေနုတ်မြောင်းများ၊ ဘတ်စ် ကားလိုင်းများပါ တစ်ပါတည်း ထည့် သွင်း တည်ဆောက်ပေးထားပြီး ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု ငွေလုံးငွေရင်း အသုံး စရိတ် ရန်ပုံငွေမှ ခန့်မှန်း ကုန်ကျ စရိတ် ကျပ် ၂၈၈ ဒသမ ၂၄ ဘီလျံ အထိ လျာထားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း တည်ဆောက်လျက်ရှိသည့် တန်ဖိုး မျှတ အိမ်ရာစီမံကိန်းများကို ဆောက် လုပ်ရေးဝန်ကြီးဌာန လက်အောက်ရှိ မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုရေးဦးစီးဌာန နှင့် ရန်ကုန်မြို့တော် စည်ပင်သာယာ ရေး ကော်မတီတို့မှ လှိုင်သာယာ၊ ဒဂုံမြို့သစ် မြောက်ပိုင်း၊ ဒဂုံမြို့သစ် အရှေ့ပိုင်းတို့တွင် စဉ်ဆက်မပြတ် တည်ဆောက်လျက် ရှိနေကာ အိမ်ရာ အမှန်တကယ်လိုအပ်လျက်ရှိသော ပြည်သူများအတွက် စီမံဆောင်ရွက် ပေးလျက်ရှိသည်။

Credit: thetradetimes

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

Upcoming Property Events

From 07 Jun To 08 Jun

The Vista

From 07 Jun To 08 Jun

Innwa Pyae Sone Residance

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

The Vista Luxury Residance
Innwa Pyae Sone Residence

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service