မြေဈေးကစားသူ၊ အိမ်ခြံမြေဈေးနှုန်းမတည်ငြိမ်မှုနှင့် အမျိုးသားအကျိုးစီးပွားအရှုံးပြခြင်း - Property News in Myanmar from iMyanmarHouse.com
3005 Views

မြေဈေးကစားသူ၊ အိမ်ခြံမြေဈေးနှုန်းမတည်ငြိမ်မှုနှင့် အမျိုးသားအကျိုးစီးပွားအရှုံးပြခြင်း

နိုင်ငံသူနိုင်ငံသားတို့၏ အကျိုးစီးပွားအရှုံးပြလျှင် ယင်းမှာအမျိုးသားအကျိုးစီးပွား(National Interest) အရှုံးပြခြင်းပင်ဖြစ်သည်။ နိုင်ငံတစ်ခုတွင် အနည်းငယ်သောလူတစ်စုကသာ အကျိုးအမြတ်ရရှိနေပြီး လူဦးရေအများအပြား အရှုံးပြခြင်းသည် နိုင်ငံတော်အနေဖြင့် အမျိုးသာအကျိုးစီးပွားဆုံးရှုံးနေခြင်းတစ်မျိုးပင် ဖြစ်သည်။

အမျိုးသားအကျိုးစီးပွားဆုံးရှုံးမှုကြောင့် အချို့သောနိုင်ငံများလှော်ရင်းနှင့်နစ်နေသည့် သာဓကများလည်း အများအပြားပင်ဖြစ်သည်။

နိုင်ငံစီးပွားရေးဖွံ့ဖြိုး
မတိုးတက်သည့်အတွက်ဆင်းရဲသည့် နိုင်ငံအဖြစ်
သက်ဆင်းနေရသည့်နိုင်ငံများလည်း ယခုအထိပေါ်ပေါက်နေသေးသည်ကိုလည်းတွေ့ရှိရ
မည်ဖြစ် သည်။

ယခုလက်ရှိပြည်တွင်း အိမ်ခြံမြေဈေးကွက်၏ ဈေးအတက်အကျသည် အမှန်တကယ်ဝယ်လိုအား ပေါ်တွင် ဈေးနှုန်းအပြောင်း
အလဲဖြစ်ပေါ်လျက်မရှိဘဲ မြေဈေးကစားသူတို့၏ဈေးညှိုမှုပေါ်တွင် မှုတည်၍ပြည်တွင်း အိမ်ခြံမြေဈေးနှုန်းများအပြောင်းအလဲဖြစ်ပေါ်လျက်ရှိသည်။

ထို့အတွက် မြေဈေးကိုလိုသလို ချိန်ညှိုနိုင်သည့် ဓနရှင်များကသာ အမြတ်အစွန်းကိုပိုမိုရရှိမည်ဖြစ်ပြီး တစ်ပိုင်တစ်နိုင်ဝင်ရောက်လုပ်ကိုင်သည့် ပြည်သူတို့မှာ အရှုံးပေါ်အရှုံးဆင့် အရှုံးဆင့်ကဲဖြစ်စဉ်(Consequences on Lose)နှင့် တွေ့ကြုံနေကြရသည်။ ဤသည်မှာလည်း မြန်မာနိုင်ငံအတွက် အမျိုးသားအကျိုးစီးပွားဆုံးရှုံးနေခြင်းကို ကြုံတွေ့နေရခြင်းဖြစ်သည်။

နိုင်ငံတော်အစိုးရမှလုပ်ကိုင်နေသည့်စီးပွားရေးလုပ်ငန်းများ အရှုံးပြခြင်းမှနိုင်ငံတော်အရှုံးပေါ် ခြင်းမျိုး မဟုတ်ဘဲမြန်မာနိုင်ငံသူ၊ နိုင်ငံသားတို့လုပ်ကိုင်နေသည့်
လုပ်ငန်းများ နိုင်ငံသားတို့ငွေအရင်းအနှီးကြီးကြီးမားမား ဝင်ရောက်ရင်းနှီးမြှုပ်နှံထားသောလုပ်ငန်းများတွင် ငွေကြေးဆုံးရှုံးမှု၊ အရှုံးပြမှုဖြစ်ပေါ်နေလျှင်လည်း ယင်းမှာ နိုင်ငံတော်တစ်ခုအနေနှင့်အရှုံးပြနေခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ အိမ်ခြံမြေဈေးကွက်တွင် အိမ်ခြံမြေဈေးနှုန်း အတက်အကျသည် မကြာခဏဖြစ်ပွားနေသည့်အတွက် နိုင်ငံငွေကြေး ဆုံးရှုံးမှုများပြားလျက်ရှိသည်။

မြန်မာ နိုင်ငံအတွင်း အိမ်ခြံမြေဈေးကစားသူတို့သည် ၎င်းတို့အမြတ် အစွန်းများစွာရရှိစေရေးအတွက် တန်ဖိုးနိမ့်၊ ပေါက်ဈေးနည်းမြေယာများကို တစ်ပိုင်တစ်နိုင်လုပ်ငန်းရှင်များ ဝင်ရောက်လုပ်ကိုင်လာစေရန်အတွက် အယောင်ပြစီမံကိန်းများကိုလည်ကောင်း၊ အဝယ်လိုက်သည့်ဟန်ဖြင့် လည်ကောင်း၊ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုမျိုးဖြင့်လည်းကောင်း မျှားခေါ်ကြသည်။

ပြည်တွင်းအခြေစိုက် တစ်ပိုင်တစ်နိုင်လုပ်ငန်းရှင်များမှာလည်း ငွေကြေးလည်
ပတ်နိုင်ရန်အတွက် အရောင်းအဝယ်သွက်ပြီး အမြတ်ကျန်သည့်နေရာများတွင် လွယ်လင့်တကူ ဝင်ရောက်၍ ရင်းနှီးမြှုပ်နှံမှုပြုကြသည်။

ယင်းမှာ အိမ်ခြံမြေဈေးကစားသူတို့အဖို့ အမြတ်ရယူနိုင်သည့် လုပ်ကွက် များပင်ဖြစ်သည်။ လက်ရှိပြည်တွင်းအိမ်ခြံမြေဈေးကွက်တွင် ဝင်ရောက်လုပ်ကိုင် နေသောစီးပွားရေး လုပ်ငန်းရှင်များတွင် ငွေကြေးပိုမိုတက်နိုင်သူများမှ ရင်းနှီးမြှုပ်နှံမှုကြီးကြီးမားမားပြုလုပ်ကာ ဈေးကစားကြပြီး တစ်ပိုင်တစ်နိုင် ဝင်ရောက်လုပ်ကိုင်သူများမှာ အရှုံးခံဘဝများပင်ဖြစ်နေကြသည်။

“ဒလစီမံကိန်းကြားလို့ မြေကွက်နှစ်ကွက်ကို
ပေါက်ဈေးပေးပြီးဝယ်ထားမိတာ အခုဝယ်ထားတဲ့ဈေးနဲ့ပြန်ရောင်းတာ တောင်
ရောင်းမထွက်သေးဘူး။ စီမံကိန်းမှမရှိတော့တာ ဒီအချိန်ပြန်ရောင်းလည်း အောက်ဈေးပဲရမှာ။ တစ်ခြားအိမ်ခြံမြေဝယ်ရောင်းတွေလည်း စီမံကိန်းတိုင်းမျက်လုံးမှိတ်မဝယ်ဖို့တော့ပြောချင်တယ်။
နောက်ပြီး အဲ့လိုမြို့ ပြင်တွေမှာ မြေဝယ်တော့မယ်ဆိုရင် ချင့်ချိန်ပြီးဝယ်စေချင်တယ်။”ဟုပြည်တွင်းတစ်ပိုင်တစ်နိုင်
အိမ်ခြံ မြေဝယ်ရောင်းတစ်ဦးက စီမံကိန်းပြုလုပ်မည့်နေရာမှ မြေကွက်များကိုဝယ်ယူရာတွင်
လေ့လာသုံးသပ်ပြီးမှဝယ်ယူသင့်ကြောင်းပြောကြားခဲ့သည်။

လက်ရှိပြည်တွင်းအိမ်ခြံမြေဈေးကွက်တွင် တံတားစီမံကိန်း၊ အိမ်ရာစီမံကိန်း၊ မြို့ သစ်စီမံကိန်းနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စသည့်စီမံကိန်းများကြောင့် စီမံကိန်းဝန်းကျင် မြေဈေးများအဆမတန်တက်သွားခဲ့ပြီး အဆိုပါမြေများကိုဝယ်ယူခဲ့သူများလည်း အရှုံးများပြခဲ့သည်။

ယင်းကဲ့သို့အိမ်ခြံမြေဈေးကစားသူများကြောင့် တစ်ချို့သောလုပ်ငန်းရှင် များအတွက်နစ်နာမှုများလည်း ရှိခဲ့သည်။

စီးပွားရေးလုပ်ကိုင်ဆောင်ရွက်မည့်လုပ်ငန်းရှင်များမှာလည်း အဆိုပါမြေဈေးကစားမှုကြောင့် မြေကွက်တစ်ကွက်ကို ကာလပေါက်ဈေးတန်ဖိုးထက် ပိုမိုမြင့်မားသောတန်ဖိုးဖြင့် ဝယ်ယူ၊ ငှားရမ်းလုပ်ကိုင်နေ ကြရသည့်အတွက် လုပ်ငန်းလုပ်ကိုင်ရာတွင်မြေအသုံးပြုစရိတ်ကိုအများအပြားစိုက်ထုတ်နေကြရသည်။ ထို့အတွက် လုပ်ငန်းတိုးချဲ့  ရန်အတွက်လုပ်ငန်းရှင်တို့မှာ များစွာအခက်အခဲဖြစ်ပေါ်နေကြသည်။

“ ရန်ကုန်မှာရှိတဲ့ကားအရောင်းပြခန်းအများစုက
မြေငှားပြီးဖွင့်နေရတာ။ ကားအရောင်းပြခန်းဖွင့်ဖို့ဆိုတာကလည်း နေရာကောင်းမှရမှာဆိုတော့ လူသွားလူလာများတဲ့နေရာမြေဈေးက အရမ်းမြင့်တယ်၊ အခုတစ်ချို့ ကား အရောင်းပြခန်းတွေ မြေငှားရမ်းဖွင့်နေပေမဲ့ အရှုံးပြတာတွေရှိလာတယ်” ဟု ကားအရောင်းပြခန်းပိုင်ရှင်တစ်ဦးက ပြောကြားခဲ့သည်။ မြေဈေးတက်ခြင်းကလည်း ပြည်တွင်းစီးပွားရေးလုပ်ငန်းများကို တိုးတက်မှုနှောင့်နှေးစေသည့်အတွက် အမျိုးသာအကျိုးစီးပွားအရှုံးပြသည့်အရာများပင်ဖြစ်သည့်။

ထို့အပြင် မြေဈေးကစားသူများကြောင့် နိုင်ငံတော်အစိုးရမှ မူဝါဒသစ်များချမှတ်ရာတွင် လက်တွေလုပ်ငန်းဆောင်ရွက်နေသူများအဖို့ အလွန်အခက်အခဲများဖြစ်ပေါ်လျက်ရှိသည်။

ဥပမာအားဖြင့် ပုံမှန်လည်ပတ်နေသောစက်မှုဇုန်မြေကွက်အရောင်း အဝယ်တွင် မြေဈေးကစားသူတို့ဝင်ရောက်လုပ်ကိုင်လာခဲ့သည်အတွက် အစိုးရမှ အဆောက်အဦးတည်ဆောက် ၍လုပ်ငန်းလုပ်ကိုင်ခြင်းမရှိသော် စက်မှုဇုန်မြေကွက်များကို ကာလပေါက်ဈေးဖြင့်လေလံပစ်ရန်အမိန့်ထုတ် ပြန်ခဲ့သည့်တွက်အမှန်တကယ်စီးပွားရေးလုပ်ကိုင်ရန်ဝယ်ယူထားသော လုပ်ငန်းရှင်တို့မှ မိမိလုပ်ငန်းမစတင်မီ ဝယ်ယူထားသောမြေကွက်များကို ဂိုဒေါင်များတည်ဆောက်လာကြရသည်။

ထို့အတွက် မြေဈေးတက်အောက်ပြု လုပ်နေသော မြေဈေးကစားသူများမှာလည်း အမျိုးသားအကျိုးစီးပွားကိုဆုံးရှုံးရအောင်ပြုလုပ်နေခြင်းပင်ဖြစ် သည်။ မြေဈေးအတက်အကျများ ခဏခဏဖြစ်ပေါ်နေခြင်းသည် မြန်မာကျပ်ငွေတန်ဖိုး
ကိုလည်းအပြောင်းအလဲ ဖြစ်ပေါ်စေသည့်အတွက် မြေဈေးမတည်ငြိမ်ဖြစ်နေခြင်းကို သက်ဆိုင်ရာဌာနများအနေဖြင့်ဥပဒေအရ ကာကွယ်ထားသင့်ပေသည်။

အိမ်ခြံမြေအရောင်းအဝယ်လုပ်ငန်းများကို ပုဂ္ဂလိကလုပ်ငန်းရှင်များကဆောင်ရွက် နေသည်ဟုဆိုသော်လည်း မြန်မာနိုင်ငံသားများငွေကြေးအရှုံးပြနေခြင်းသည် အမျိုးသာအကျိုးစီးပွားနှင့် ရာခိုင်နှုန်းပြည့်သက်ဆိုင်နေပေသည်။
ထို့အတွက် ပြည်တွင်းအိမ်ခြံမြေဈေးကွက်ကို လှုပ်ခပ်အောင်ဆောင်ရွက် နေသော မြေဈေးကစားသူများကို ပြန်လည်ထိန်းချုပ်နိုင်ရန်အတွက် မြန်မာနိုင်ငံအစိုးရ
အနေဖြင့်အလေးအနက် စီစဉ်ရန်လိုအပ်လျက်ရှိသည်။

လမင်းအောင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ

Upcoming Property Events

From 07 Jun To 08 Jun

The Vista

From 07 Jun To 08 Jun

Innwa Pyae Sone Residance

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

imyanmarmarket
Innwa Pyae Sone Residence

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service