မြို့ပြနှင့် ဒေသဆိုင်ရာ စီမံကိန်း ဥပဒေ(မူကြမ်း)အား ယခု ကျင်းပဆဲ လွှတ်တော်သို့ တင်မည် - Property News in Myanmar from iMyanmarHouse.com
845 Views

မြို့ပြနှင့် ဒေသဆိုင်ရာ စီမံကိန်း ဥပဒေ(မူကြမ်း)အား ယခု ကျင်းပဆဲ လွှတ်တော်သို့ တင်မည်

အဆိုပါ ဥပဒေကြမ်းတွင် အခန်းပေါင်း (၁၂)ခန်း ပါဝင်မည် ဖြစ်ကာ လူနေ သိပ်သည်းမှုနှင့် ဖွံ့ဖြိုးလာမှု အခြေအနေပေါ် မူတည်၍ မြို့သစ်များ ဖော်ဆောင် ရပါက မြို့လူထု၏ သဘောထား မှတ်ချက်များကို အလေးထား ဆောင်ရွက်ရမည့် အချက်များ ပါဝင်ကြောင်း သိရသည်။

''ခေတ်အဆက်ဆက်မှာ ဖော်ဆောင် ခဲ့တဲ့ မြို့သစ်တွေက အစီအစဉ် မကျတဲ့ အခါမှာ တိုးတက်နေတဲ့ လူဦးရေနဲ့ နေထိုင် စားသောက် ရမှု ပုံစံတွေက သဟဇာတ မဖြစ်တော့ဘူး။

နောက်တစ်ခုက ဒီနောက်ပိုင်းမှာ မြို့စွန်တွေမှာ ရှိတဲ့ မြေကွက်တွေကို ၀ယ်ယူပြီး၊ နေအိမ်တွေ ချဲ့ထွင် လာကြတာကလည်း ဖွံ့ဖြိုးမှုကို အထောက်အကူ မဖြစ်နိုင်ဘူး''ဟု မြို့ရွာနှင့် အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာန(မြို့ပြစီမံကိန်း) ညွှန်ကြားရေးမှူး ဒေါ်အေးအေးမြင့်က ပြောသည်။

လက်ရှိ အခြေအနေတွင် လူဦးရေ သိပ်သည်း လာမှုကြောင့် မြို့သစ် ဖော်ဆောင်ရန် မဖြစ်မနေ လိုအပ်သည့် မြို့ကြီးများ အနက် ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ မုံရွာ၊ မကွေးနှင့် မြင်းခြံအစရှိသော မြို့များ ပါဝင်မည် ဖြစ်သည်။

ထို့ပြင် ယခု ရေးဆွဲထားသည့် ဥပဒေကြမ်း အရ မြို့သစ် စီမံကိန်းများ ရေးဆွဲရာတွင် အဖွဲ့ အစည်း တစ်ခုတည်းက မူပိုင် သဘောဖြင့် ရေးဆွဲခြင်းမျိုး မဟုတ်ဘဲ တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော်များသို့ တင်ပြ ဆွေးနွေး ရမည့် အချက်များ ထည့်သွင်းထားကြောင်း ၎င်းက ဆက်ပြောသည်။

မြို့သစ် ဖော်ဆောင်ရန် လိုအပ်သည့် မြို့ကြီးများ အနက်မှ ရန်ကုန် မြို့သစ် စီမံကိန်းနှင့် စပ်လျဉ်း၍ တိုင်းဒေသကြီး အစိုးရ အဖွဲ့မှ လွှတ်တော်သို့ အသိ မပေးဘဲ အားလုံး ရေးဆွဲ ပြီးစီးမှသာ လွှတ်တော်သို့ ချပြသည့် အတွက် ပွင့်လင်း မြင်သာ မရှိမှု အပေါ် လွှတ်တော် ကိုယ်စားလှယ် အချို့က ကန့်ကွက် ခဲ့သည် အတွက် စီမံကိန်း ရပ်ဆိုင်း ထားရသည်။

အထက်ပါ မြို့ပြနှင့် ဒေသဆိုင်ရာ စီမံကိန်း ဥပဒေကြမ်း ရေးဆွဲရာတွင် နိုင်ငံတကာ မြို့ပြ ဥပဒေများအား လေ့လာခဲ့သည့် အပြင် လူဦးရေ တစ်သိန်းနှင့် အထက် မြို့ကြီး(၅၆) မြို့တွင် စစ်တမ်း ကောက်ယူခြင်း၊ လူဦးရေ ငါးသောင်းအောက် မြို့ငယ်(၈၀)ကျော်၌ စစ်တမ်းကောက်ခြင်းများ ပြုလုပ်ကာ အသေးစိတ် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

Credit: messenger

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ

Upcoming Property Events

From 07 Jun To 08 Jun

The Vista

From 07 Jun To 08 Jun

Innwa Pyae Sone Residance

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

The Vista Luxury Residance
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service