ဝန်ထမ်းအိမ်ရာလား…….. ပြည်သူ့အိမ်ရာလားဆိုတာ အဖြေမပေါ်သေးသည့် ပုသိမ်ကဇာတ်လမ်းတစ်ပုဒ် - Property News in Myanmar from iMyanmarHouse.com
1515 Views

ဝန်ထမ်းအိမ်ရာလား…….. ပြည်သူ့အိမ်ရာလားဆိုတာ အဖြေမပေါ်သေးသည့် ပုသိမ်ကဇာတ်လမ်းတစ်ပုဒ်

နေမကောင်းသည့်လူနာတစ်ယောက်ကို အကယ်၍ဆေးကုသမှုပေးမည်ဆိုလျှင် အနာနှင့်ဆေး၊ ဆေးနှင့်အနာတည့်ဖို့အထူးလိုအပ်ပေသည်။ ဖြစ်ပေါ်နေသည့်ရောဂါနှင့် ပေးလိုက်သည့်ဆေးမတည့်လျှင်အဆိပ် အတောက်ဖြစ်စေသည်။ ထိုလူနာအတွက်ဆေးပေးရန် ဖြစ်ပေါ်နေသည့်အနာကို ဂဃနဏ သိအောင် လုပ်ရမည်မှာ ဆရာဝန်၊ ဆေးဖက်တာဝန်ခံတို့၏ အရေးကြီးသောအလုပ်တစ်ခုပင်ဖြစ်သည်။ ပေးလိုက်သည့် ဆေးမှားယွင်းခဲ့ရင်တော့ အနာပျောက်ကင်းတော့မည်မဟုတ်ပေ။ ယင်းနည်းတူ လက်ရှိမြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေသောပဋိပက္ခများကိုအဖြေရှာရာတွင်လည်း အစိုးရအနေဖြင့်အနာနှင့်ဆေးတည့်ဖို့အထူးလိုအပ်ပေ သည်။ အစိုးရအနေဖြင့် အနာနှင့်မတည့်သည့်ဆေးပေးလိုက်မိပါက ခံရမည်လူနာမှာ ပြည်သူပင်ဖြစ်သည်။

ယခုအခါတွင်လည်း ဧရာဝတီတိုင်းဒေသကြီး၏ ဖွံ့ဖြိုးမှုအရှိဆုံးမြို့ ဖြစ်သည့် ပုသိမ်မြို့ နေပြည်သူအချို့ သည်လည်း အနာနှင့်ဆေးလွဲနေလေသည်။ ဆေးပေးသူကအစိုးရပင်ဖြစ်လေသည်။ အစိုးရ၏ အနာကို မသိ၍လား၊ သိရဲ့သားနှင့် မသိချင်ယောင်ဆောင်၍လားဆိုတာမကွဲပြားသေးပေမဲ့လည်း ပြည်တော်သာအိမ်ယာ ရှိ မိသားစု(၃၀၀)ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ကိန်းကြုံနေလေပြီဖြစ်သည်။ အဆိုပါ ပြည်တော်သာအိမ်ရာကို ၁၉၅၁ ခုနှစ်ကစတင်၍ ဧရာဝတီတိုင်း၊ ပုသိမ်မြို့ တွင်ရှိသောပြည်တော်သာမြေကွက်များကို အိမ်ရှင်၊ အိမ်စာချုပ်အရမည်သူမဆို အိမ်ပိုင်ရှင်မရှိ၊ ဝင်ငွေနည်းသူများ၊ နေထိုင်ခွင့်လျှောက်ထားနိုင်ပြီး တန်းစီဇယား စနစ်ဖြင့် ပြည်တော်သာ အိမ်ရာ အဖြစ်ချထားပေးခဲ့သည်။ အဆိုပါပြည်တော်သာအိမ်ရာကိုစတင်တည်ဆောက် သည့်အချိန်က ပြည်သူ့အိမ်ရာအဖြစ် တည်ဆောက်ခဲ့သည့်အတွက် မြန်မာနိုင်ငံတော်အစိုးရအပြင်နိုင်ငံခြား မှလည်းပါဝင်ကူညီ၍ တည်ဆောက် ပေးခဲ့ သည်။ ယင်းအိမ်ရာ ကို(၇၅)နှစ်အထိ သက်တမ်းအာမခံပေးခဲ့သည်။ ၁၉၉၀ခုနှစ်အရောက်တွင် တပ်မတော်အစိုးရမှ ပြည်တော်သာအိမ်ရာကို ဝန်ထမ်းအိမ်ရာအဖြစ်ပြန်လည် ပြင်ဆင်သတ်မှတ်ခဲ့သည်။ သို့ရာတွင် တရားဝင်အမိန့်ကြော်ငြာစာဖြင့် သတ်မှတ်ခဲ့ခြင်းမျိုးမဟုတ်ကြောင်း ပြည်တော်သာရာဇဝင်မှတ်တမ်း များအရသိရှိခဲ့ရသည်။ လက်ရှိအခြေအနေတွင် ပြည်တော်သာအိမ်ရာသည် ဝန်ထမ်းအိမ်ရာဖြစ်သည်ဟု အစိုးရမှသတ်မှတ်ထားသည်။ “အရင်ကဆောက်ခဲ့တဲ့ ပြည်သူ့အိမ်ရာတွေမှာ ဒီပြည်တော်သာပြည်သူ့အိမ်ရာတစ်ခုဘဲ ဝန်ထမ်းအိမ်ရာပြန်ဖြစ်သွားတာပါ။” ဟုပြည်တော်သာအိမ်ရာတွင် ဘိုးစဉ်ဘောင်ဆက်နေထိုင်လာသူတစ်ဦးကပြောကြားခဲ့သည်။ ထို့ကြောင့်ဝန်ထမ်းအိမ်ရာဖြစ်သည့်အတွက် ဝန်ထမ်းအိမ်ရာစည်းကမ်းအရ အငြိမ်းစားယူသည့်ဝန်ထမ်းများ၊ ထုတ်ပယ်၊ ကွယ်လွန်လျင်အပ်နှံရမည်ဖြစ်သည်။ ထို့အတွက် ဝန်ထမ်းအိမ်ရာအဖြစ်သတ်မှတ်ထားသည်ဖြစ်ရာ အငြိမ်းစားပင်စင်သမားတို့ နေစရာအိမ်ပျောက်နိုင်ရန်အကြောင်းဖန်လာခဲ့သည်။

လက်ရှိအစိုးရ၏အစီအစဉ်သည် ပြည်တော်သာအိမ်ရာများမှာ သက်တမ်းကြာမြင့်ပြီဖြစ်၍ အဆိုပါအိမ်ရာများကို ဖျက်ကာလူနေတိုက်ခန်းအဖြစ် သုံးထပ်အမြင့်တိုက်ခန်းများကိုကနဦး လျာထားခဲ့သည်။ ဝန်ထမ်းအိမ်ရာဟုသတ်မှတ်ထားသည့်အတွက် အသစ်တည်ဆောက်မည့် သုံးထပ်အမြင့်ဝန်ထမ်းအိမ်ရာ များကို လက်ရှိတာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများကိုသာ ပြန်လည်ပေးအပ်သွားမည်ဖြစ်ပြီး ကျန်အငြိမ်း စားဝန်ထမ်းဟောင်းများကို အိမ်ရာမှဖယ်ရှားခိုင်းသွားမည်ဖြစ်သည်။ ယင်းသုံးထပ်အမြင့် ဝန်ထမ်းအိမ်ရာများကို ပုဂ္ဂလိကကုမ္ပဏီများမှတည်ဆောက်ပေးသွားမည်ဖြစ်ကာ အဖိုးခအဖြစ် အစိုးရမှပြည်တော်သာရှိ မြေကွက်အချို့ကိုလုပ်ကိုင်ခွင့်ပေးရမည်ဖြစ်သည်။ တည်ဆောက်ပေးသွားမည့် သုံးထပ်အဆောက်အဦး မှာလည်း ဝန်ထမ်းများကိုချစ်မြတ်နှိုး၍ ပိုင်တိုင်နှင့် ဖောင်ဒေးရှင်းပင်မတူးဘဲ ယခင်ကန်စွန်းကွက်အဟောင်းပေါ်တွင် တည်ဆောက်လျာထားခဲ့သည်။ လက်တွေ့တည်ဆောက်ချိန်တွင် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်၏ ကျေးဇူးတော်ကြောင့် ဖောင်ဒေးရှင်းမရှိသော သုံးထပ်တိုက်အစား၊ ဖောင်ဒေးရှင်းမရှိသောလေးထပ်တိုက်အဖြစ် သို့ပြောင်းလဲတည် ဆောက်ခဲ့ကြသည်။ ဝန်ထမ်းအိမ်ရာအဖြစ်တည်ဆောက်သည့်သုံးထပ်တိုက်အားကန်စွန်း ခင်းအဟောင်းပေါ်တွင် ဖောင်းဒေးရှင်းမချဘဲ လေးထပ်တိုက်ကိုဖောင်ဒေးရှင်းမချဘဲ တည်ဆောက်သည့်အတွက် ဝန်ထမ်းတို့အတွက် အန္တရာယ်ကင်းနိုင်သည့်အနေအထားမဟုတ်ပေ။ လက်ရှိ ရှိနေသည့်အိမ်မှာအချိန်ကြာမြင့်သော်လည်း အဆိုပါလေးထပ်တိုက်ထက် ကြံ့ခိုင်မှုမှာသာလွန်နိုင်သည်။ “ အခု ဝန်ထမ်းအိမ်ရာဆိုပြီးဆောက်ပေးနေတဲ့ လေးထပ်တိုက်ကအရင်ကကန်စွန်းကွက်တွေပါ၊ ဒါကိုဖောင်ဒေးရှင်းမချ ဘဲဆောက်နေတော့ အခုဆောက်နေရင်းဘဲ တချို့နေရာတွေမှာ အပ်တာ၊ ကွဲတာဖြစ်နေပြီ၊ တကယ်လူနေပြီဆို ခိုင်ပါ့မလား။ အစိုးရအနေနဲ့ ပြန်လည်သုံးသပ်စေချင်ပါတယ်။” ဟုပြည်တော်သာ အိမ်ရာတွင် လက်ရှိနေထိုင်သူ ဝန်ထမ်းတစ်ဦးက ဝေဖန်ပြောကြားခဲ့သည်။

ထို့အပြင် လက်ရှိဝန်ထမ်းအိမ်ရာဟုသတ်မှတ်ထားသော ပြည်တော်သာအိမ်ရာမှာ အမှန်တကယ်အတိ အလင်း ဝန်ထမ်းအိမ်ရာအဖြစ်မကြေငြာသေးပေ။ ထို့အတွက် အချို့သော ဝန်ထမ်းများက အဆိုပါအိမ်ရာကို အတိအလင်းကြေငြာစေလိုနေသည်။ သို့သော်ယခုအချိန်အထိ ဧရာဝတတီတိုင်းဝန်ကြီးချုပ်ကလည်း ထုတ်ပြန်ခြင်းမရှိသေးပေ။ ထို့အပြင် ပြည်တော်သာအိမ်ရာနေ ပင်စင်စားဝန်ထမ်းများနှင့်တွေ့ဆုံစဉ် ၎င်း၏တာဝန်သက်တမ်းအတွင်း ပြည်တော်သာအိမ်ရာဘာမှမဖြစ်စေရဘူးဟု အာမခံပေးခဲ့သည်။ အဆိုပါဝန်ကြီး၏တာဝန်သက်တမ်းမှာ ၈ လကျော်မျှသာကျန်ရှိတော့ပြီး၊ တစ်နည်းအားဖြင့်ပြောရလျှင် ပြည်တော်သာအိမ်ရာ၏သက်တမ်းမှာလည်း ၈လကျော်သာကျန်ရှိတော့သည်ဟူသော သဘောသက်ရောက်နေ ပေသည်။
“ ဘယ်သူမှ လက်ရှိကနေလက်မဲ့မဖြစ်ချင်ပါဘူး။ နောက်ပြီးဒီမှာနေတဲ့လူတွေကလည်း ဝန်ထမ်းတွေ ပါ။ တကယ်လို့အစိုးရကစီမံကိန်းတစ်ခုလုပ်မယ်ဆိုလည်းလုပ်ပါ။ ဒါပေမဲ့လက်ရှိနေတဲ့လူတွေကို ပြန်ပြီးနေရာချထားမှုလေးလုပ်ပေးစေချင်တယ်။ အခုဆောက်နေတဲ့ လေးထပ်တိုက်ကလည်းခိုင်ခန့်မှုအပိုင်းမှာ အားနည်းလွန်းပါတယ်။ အခုမှဆောက်နေတဲ့တိုက်က ပြိုကျတာတို့ နံရံတွေကွဲတာတို့ဆိုတာမဖြစ်သင့်ပါဘူး။ သက်ဆိုင်ရာလူကြီးတွေအနေနဲ့စစ်ဆေးသင့်ပါတယ်။ တိုက်အပ်တော့မှမဟုတ်ဘဲ ဆောက်နေတုန်းလည်း စစ်ဆေးပေးသင့်ပါတယ်။” ဟုပြည်တော်သာအိမ်ရာနေ ပြည်သူတစ်ဦးကဆိုခဲ့သည်။ လက်ရှိပြည်တော်သာ အိမ်ရာတွင် မိသားစု(၃၅၀) အထိရှိနေပြီး၊ ဝန်ထမ်းအိမ်ရာအဖြစ်သတ်မှတ်၍ လက်ရှိ တာဝန်ထမ်းဆောင် နေသူများကိုသာ အိမ်ရာပြန်လည်ချထားပေးပါက မိသားစု(၁၅၀)ခန့်သာ ပြန်လည်ရရှိမည် ဖြစ်ပြီး ကျန်ဝန်ထမ်း မိသားစု(၂၀၀)ခန့်မှာ ဝန်ထမ်းအငြိမ်းစားများဖြစ်၍ အိမ်ရာမှဖယ်ရှားခံရမည်ဖြစ်သည်။

ယခုအချိန်အထိ ပြည်တော်သာအိမ်ရာတွင် လက်ရှိတာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများစွာ နေထိုင်သကဲ့သို့ အစိုးရအဆက်ဆက်ကို အလုပ်အကျွေးပြုခဲ့သော ဝန်ထမ်းဟောင်း(သို့) အငြိမ်းစားဝန်ထမ်းများ လည်းနေထိုင်နေပေသည်။ အကယ်၍အဆိုပါပြည်တော်သာအိမ်ရာကို ဝန်ထမ်းအိမ်ရာအဖြစ်ပြောင်းလဲကျင့်သုံး လိုက်ပါက အစိုးရအဆက်အဆက်ကိုတာဝန်ထမ်းဆောက်ပေးခဲ့သော၊ ထားရာနေစေရာသွားခဲ့သော် သက်ကြီး ပင်စင်သမားများ နေစရာပျောက်ပြီး အသက်ကြီးမှခိုကိုးရမယ့်ဖြစ်မည့်ကိန်းဆိုက်သွားနိုင်သည်။ ထိုမဟုတ် အစိုးရမှလက်ရှိဆောင်ရွက်နေသော စီမံကိန်းကိုဆက်လက်အကောင်အထည်ဖော်ဆောင်ပြီး ပြည်တော်သာ အိမ်ရာတွင်နေထိုင်သော လက်ရှိတာဝန်ထမ်းဆောင်နေသောဝန်ထမ်းများအပြင် ပင်စင်စား၊ အငြိမ်းစားဝန် ထမ်းများကိုပင် နေထိုင်ရန်အတွက် အိမ်ရာစီမံကိန်းတစ်ခုပြန်လည်ချထားပေးသင့်သည်။ လက်ရှိတည်ဆောက် လျက်ရှိသော လေးထပ်တိုက်ခန်းများကို သက်ဆိုင်ရာဌာနအနေဖြင့် နေထိုင်မည့်ဝန်ထမ်းများကိုစာနာသောဖြင့် ပြန်လည်စစ်ဆေးသင့်ပါသည်။ ထို့ကြောင့်စေတနာဖြင့် အိမ်ရာများဟောင်းနွမ်း နေသည့်အနာကို အစိုးရမှ ပြန်လည်ပြင်စေပေးသည့် ဆေးကိုပေးသော်လည်း တကယ်လိုအပ်ချက်နှင့်ဖြည့်ဆီး မှုမှားယွင်းနေသည့်အတွက် မိသားစု(၂၀၀)ခန့် အိုးမဲ့အိမ်မဲ့ဖြစ်ကိန်းဆိုက်နေပြီဖြစ်သည်။ အစိုးရ၏တကယ့်စေတနာရင်းမှန်လျင် ပြည်သူများအိုးမဲ့အိမ်မဲ့ မဖြစ်စေရန်အနာနှင့်ဆေးတည့်ဖို့ ပုသိမ်ပြည်တော်သာအိမ်ရာတွင် အထူးလိုအပ်လျက် ရှိပါကြောင်း…………………………….


လမင်းအောင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
ဝန်ထမ်းအိမ်ရာလား…….. ပြည်သူ့အိမ်ရာလားဆိုတာ အဖြေမပေါ်သေးသည့် ပုသိမ်ကဇာတ်လမ်းတစ်ပုဒ် - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ

Upcoming Property Events

From 07 Jun To 08 Jun

The Vista

From 07 Jun To 08 Jun

Innwa Pyae Sone Residance

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

CarsDB
The Vista Luxury Residance

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service