မြေနှင့်အိမ်တိုက်အပေါင်ထားပြီးဘဏ်မှချေးငွေရယူ လိုသူများအတွက်လိုအပ်သည့်စာရွက်စာတမ်းနှင့် ဆောင်ရွက်ချက်များ - Property News in Myanmar from iMyanmarHouse.com
4270 Views

မြေနှင့်အိမ်တိုက်အပေါင်ထားပြီးဘဏ်မှချေးငွေရယူ လိုသူများအတွက်လိုအပ်သည့်စာရွက်စာတမ်းနှင့် ဆောင်ရွက်ချက်များ

စီးပွားရေးလုပ်ငန်းများသည်ဈေးကွက်ချဲ့ထွင်ရန်သော် လည်းကောင်း ပိုမိုကျယ်ပြန့်စွာကုန်အရောင်းအဝယ် ပြုရန်သော်
လည်းကောင်း ထုတ်ကုန်တိုးမြှင့်ထုတ်လုပ် ရန်အတွက်ကုန်ကြမ်းပိုမိုဝယ်ယူရန်သော်လည်းကောင်း လှည့်လည်ငွေရင်း Working Capital လုံလောက်စွာ ရှိရန်လိုအပ်ပါသည်။ ထိုလှည့်လည်ငွေရင်းပမာဏ တစ်ခု မိမိလုပ်ငန်းချဲ့ထွင်ရန်လုံလောက်မှုမရှိပါက ဈေးကွက်တွင်ပေါ်ပေါက်လာသည့် အခွင့်အရေး ဈေးကွက်ဝေစုနှင့်ဖောက်သည်သစ်များအားလက်လွတ် မခံပဲရရှိရန်အလို့ငှာဘဏ်အဖွဲ့အစည်းများထံမှချေးငွေ ရယူရမည်ဖြစ်ပါသည်။

ထိုကြောင့်ရှင်သန်တိုးတက်မှု ရှိသောစီးပွားရေးလုပ်ငန်းတစ်ခုအတွက်ဘဏ်မှ မြေနှင့်အိမ်အပေါင်ထားငွေချေးယူရန်လိုအပ်သည့် လုပ်ငန်းဆောင်တာများနှင့်စာရွက်စာတမ်းများကို အကျဉ်းချုံ့တင်ပြလိုက်ပါသည်။

ဘဏ်မှငွေမချေးမှီအချက်နှစ်ချက်ပြည့်စုံရန် ဦးစွာ လိုအပ်ပါသည်။ ပထမအချက်မှာငွေချေးယူလိုသူသည် လည်ပတ်နေသောလုပ်ကိုင်ခွင့်လိုင်စင်တစ်ခုခုရရှိထား သည့် စီးပွားရေးလုပ်ငန်းတစ်ခု၏ပိုင်ရှင် ဖြစ်ရပါမည်။

ထိုလုပ်ငန်းသည်ကုမ္ပဏီဖြစ်ပါကကုမ္ပဏီကိုကိုယ်စား ပြုနိုင်သည်ရာထူးရှိသည့်အမှုဆောင်တစ်ဦးဖြစ်ရမည် ဖြစ်ပြီးငွေချေးယူရန်သဘောတူညီမှုရှိကြောင်းဒါရိုက်တာ အဖွဲ့မှထောက်ခံစာပါရှိရပါမည်။ ဒုတိယအချက်မှာ ထိုစီးပွားရေးလုပ်ငန်း သို့မဟုတ်စီးပွားရေးလုပ်ငန်း ပိုင်ရှင်တွင် ဘဏ်မှအပေါင်လက်ခံနိုင်မည့် အာမခံ ပ္စစည်းတစ်ခုခုရှိရပါမည်။ ထိုအာမခံပ္စစည်းအမျိုးမျိုး ထဲတွင် မြေနှင့်ထိုမြေပေါ်ရှိအိမ်အဆောက်အအုံတို့ သည် မရွှေ့ပြောင်းနိုင်သောအာမခံပ္စစည်းအဖြစ်အကျုံး ဝင်ပါသည်။

ထိုနှစ်ချက်ပြည့်စုံပါကငွေချေးယူမည့် ဘဏ်ရှိ ချေးငွေဌာနတွင် မြေနှင့်အိမ်အပေါင်ခံငွေချေး ရန် ပုံစံတင်လျှောက်ထားခြင်းစတင်နိုင်ပြီဖြစ်သည်။ ချေးငွေလျှောက်ထားမှုကိုချေးငွေအရာရှိများနှင့် အတူ လုပ်ဆောင်သွားရမည်ဖြစ်ပါသည်။

ထိုကဲ့လျှောက်ထားရာတွင်မိမိပိုင်သို့မဟုတ်မိမိလုပ်ငန်း ပိုင် မြေနှင့်အိမ်တစ်ခုခုကိုအပေါင်ထားရမည်ဖြစ်၍ တင်ပြရန်လိုအပ်ချက်များမှာအောက်ပါအတိုင်းဖြစ်သည်
၁။ မြေသည်လွှဲပြောင်းနိုင်သောမြေအမျိုးအစားဖြစ် ရမည်
၂။ ဘိုးဘွားပိုင်မြေ သို့ ဂရန်မြေဖြစ်ရမည်ဖြစ်ပြီး အနည်းဆုံးသက်တမ်းသုံးလေးနှစ်ကျန်ရှိရမည်
၃။ ကျေးရွာမြို့နယ်မြေစာရင်းရုံးပုံစံ ၁၀၅၊ ၁၀၆နှင့် ၁ကရှိရမည်
၎။ မြေနှင့်မြေပေါ်အဆောက်အအုံပိုင်ဆိုင်မှုမှတ်ပုံတင် စာချုပ်၊ မြေပုံ၊ မြေရာဇဝင် ခြောက်လအတွင်း ဆက်စပ် စာချုပ်များရှိရမည်
၅။ တရားဝင်လုပ်ကိုင်နေသောသက်တမ်းရှိလုပ်ငန်း လိုင်စင်၊ သက်ဆိုင်ရာဝန်ကြီးဌာနမှရယူထားသော လုပ်ငန်းလိုင်စင်၊ ကုမ္ပဏီမှတ်ပုံတင်လက်မှတ်၊ သင်းဖွဲ့မှတ်တမ်း MOA နှင့် သင်းဖွဲ့စည်းမျဉ်း Articles of Association၊ ပုံစံ ၆၊ ၂၆၊ အီး စည်ပင်သာယာတွင် လုပ်ငန်းတစ်ခုခုအတွက် အခွန်ဆောင်ရပါက မိမိပိုင်အိမ်အတွက် လုပ်ငန်း အတွက်အခွန်ကြွေးကျန်မရှိကြောင်းထောက်ခံချက်၊ ကုမ္ပဏီဖြစ်ပါက ဒါရိုက်တာအဖွဲ့ဝင်တို့၏ အစည်း အဝေးမှ ဆုံးဖြတ်ချက်တို့ ရှိရမည်
၆။ လုပ်ငန်းနှင့် ပတ်သက်သည့်နိုင်ငံတော်သို့ တစ်နှစ် နှစ်နှစ်အတွင်းပေးဆောင်ထားသောအမြတ်ခွန်ပြေစာ များ၊ ပြည်တွင်းအခွန်များဌာနမှအခွန်ကြွေးမရှိကြောင်း
ထောက်ခံစာတို့ရှိရမည်
၇။ အာမခံအဆောက်အအုံ၊ မြေနှင့် လုပ်ငန်း အဆောက်အအုံတို့ကိုမှတ်တမ်းတင်ထားသည့် ရှေ့ နောက်ဘေးဝဲယာအတွင်း ဓာတ်ပုံများပါရမည်
၈။ လုပ်ငန်းနှင့်သက်ဆိုင်သော တစ်နှစ် သို့ နှစ်နှစ် စာအရှုံးအမြတ်စာရင်း Income Statement ဝင်ငွေ ထွက်ငွေစာရင်း Cash Flow Statement နှင့် လက်ကျန်စာရင်း Balance Sheet များတင်ပြရမည်
၉။ အာမခံပ္စစည်းနှင့်သက်ဆိုင်သောတခြားလိုအပ် သည့် စာရွက်စာတမ်းအပြည့်အစုံ မြေပုံ မြေရာဇဝင် စသည်တို့ပါရမည်
၁၀။ ဘဏ်ထံအပေါင်ထားမည့်မြေနှင့်အိမ်ကို မိမိအမှန် တကယ်ပိုင်ကြောင်းလွှဲပြောင်းပေါင်နှံရောင်းချထားခြင်း မရှိကြောင်း ကျမ်းကျိန်လွှာပါရမည်
၁၁။ စည်ပင်ခွန် မြေခွန် ပြေစာ အိမ်ထောင်စုစာရင်း မှတ်ပုံတင်မိတ္တူ ကုမ္ပဏီအစည်းအဝေးဆုံးဖြတ်ချက် စသည့် လိုအပ်သည့်စာရွက်စာတမ်းများပါရမည်
၁၂။ အသစ်ဆောက်ပြီးစ အဆောက်အအုံများသည် ဆောက်လုပ်ပြီးစီးကြောင်းသက်သေခံလက်မှတ် Building Completion Certificateပါရှိရပါမည်။
ထိုလိုအပ်ချက်များပြည့်စုံပါက ချေးငွေလျှောက်လွှာ အမှုတွဲဖွင့်နိုင်ပြီဖြစ်သည်။ ဘဏ်မှချေးငွေအရာရှိများ သည် အာမခံပ္စစည်းအားကွင်းဆင်းလေ့လာသွားမည် ဖြစ်သည်။

ထိုသို့လေ့လာရာတွင် အာမခံပ္စစည်းသည် ရန်ကုန် မန္တလေးစသည့် ဘဏ်ခွဲဗဟိုရုံးများရှိသည့်မြို့များ၌ တည်ရှိသည်မဟုတ်ပါက ဘဏ်ရာဖြတ်နှင့် ဘဏ်ရှေ့နေ တို့၏အကြိုအပို့တာဝန်ကို ငွေချေးသူဘက်မှတာဝန်ခံခေါ်ဆောင်ရပါမည်။

ထို့နောက်ဘဏ်ရာဖြတ်သည် အာမခံမည့်မြေနှင် အိမ် တန်ဖိုးကိုသတ်မှတ်၍ဘဏ်ထံအစီအရင်ခံသွားပါမည်။ ဘဏ်ရှေ့နေမှလည်း သက်ဆိုင်ရာအာမခံပ္စစည်းနှင့် ဆက်စပ်သည့်စာချုပ်များကိုမှတ်ပုံတင်ရုံး မြေစာရင်း ဦးစီးဌာနတို့တွင် ကြည့်ရှုစစ်ဆေးသွားမည်ဖြစ်သည်။ ငွေချေးယူသူဘက်မှ
အာမခံပ္စစည်းကို မီးအာမခံထားရန် လည်းလိုအပ်ပါမည်။

ဘဏ်ရာဖြတ်၏တန်ဖိုးသတ်မှတ်ချက် ဘဏ်ရှေ့နေ၏ ထောက်ခံစာ မီးအာမခံနှင့် အထက်ပါစာရွက်စာတမ်း များ ပြည့်စုံပါက ချေးငွေလျှောက်လွှာအမှုတွဲ ပြည့်စုံပြီဖြစ်၍ ဘဏ်ချေးငွေစိစစ်ရေးအဖွဲ့မှ ချေးငွေ ချပေးရန်သင့်မသင့်ဆုံးဖြတ်ချက်ချမည်ဖြစ်သည်။ ချေးငွေချပေးရာတွင် အာမခံပ္စစည်းတန်ဖိုး၏ ၃၀ရာခိုင်နှုန်းကိုသာ အများဆုံးထုတ်ချေးပါမည်။

ချေးငွေကျပါက ချေးငွေစာချုပ်ကို ငွေချေးယူသူနှင့် ဘဏ်အကြားချုပ်ဆိုရပါမည်။ အာမခံပ္စစည်းသည် ရန်ကုန် မန္တလေးစသည့် သမ္မတမှပြန်တမ်းများ ကြော်ငြာသတ်မှတ်ထားသည့်မြို့များတွင်ရှိပါက ချေးငွေစာချုပ်ကိုသက်ဆိုင်ရာဘဏ်တွင်သာ ချုပ်ဆိုနိုင်ပြီး ချေးငွေအတွက်တံဆိပ်ခေါင်းခွန်ပေး ဆောင်ရန်မလိုပါ။ ထိုမြို့များတွင် အာမခံပ္စစည်းမပါ ဝင်ပါက အာမခံပ္စစည်းရှိမြို့၏ မှတ်ပုံတင်ရုံးရှိ မှတ်ပုံတင်အရာရှိထံတွင် ချေးငွေစာချုပ်ပြုလုပ်ချုပ်ဆို ရပါမည်။ ထို့အပြင်ချေးငွေ ၁၀၀ကျပ်လျှင် ၂ကျပ်ခန့် တံဆိပ်ခေါင်းခွန်ပေးဆောင်ရပါမည်။

ထိုသို့အဆင့်ဆင့်ဆောင်ရွက်ပြီးစီးပါက ဘဏ်မှချေးငွေ ကိုတစ်ပတ်အတွင်းထုတ်ယူနိုင်တော့မည်ဖြစ်သည်။ ဘဏ်တို့သည် စာရင်းရှင်အပ်ငွေ Current Account ကိုငွေချေးယူသူအမည် သို့ ၄င်း၏ လုပ်ငန်းအမည်ဖြင့် ဖွင့်ပေးပြီး ချေးငွေကိုထည့်သွင်းပေးထားမည်ဖြစ်ပါ သည်။ ထိုချေးငွေသည် ကာလတိုနှစ်ချင်းဆပ်ငွေ ဖြစ်၍တစ်နှစ်အတွင်းအတိုးကောအရင်းပါ အကျေပြန် ဆပ်ရပါမည်။ တစ်ချို့ဘဏ်များသည် အတိုးကိုသုံးလတစ်ကြိမ်ခွဲဝေပေးချေရန်လိုအပ်ပါသည်။ ငွေချေးယူသူများဘက်မှသက်တမ်းမပြည့်မှီ ချေးငွေ အရင်းကိုပြန်ဆပ်ခဲ့သော်လည်း အတိုးကို တစ်လတိုး ၍ တွက်ချက်ကောက်ခံသွားပါမည်။

ခြောက်လနှင့် ပြန်ဆပ်လျှင် ၇လစာနှုန်းဖြင့်တွက်ချက်သွားမည် ဖြစ်သည်။ အချို့ဘဏ်များသည် သုံးလတိုး၍ တွက်ချက်လေ့ရှိပါသည်။

ဘဏ်များထံမှငွေချေးယူသည့် လုပ်ငန်းဆောင်တာများ အားယေဘူယျအားဖြင့်ချုံငုံတင်ဆက်ထားခြင်းဖြစ်ပါ သည်။ ဘဏ်တစ်ခုချင်း၏ မူဝါဒမတူညီမှုများကြောင့် အချိန်ကာလအပြောင်းအလဲကြောင့်ကွဲပြားခြားနားမှုများ ရှိနိုင်ပါကြောင်းတင်ပြရင်း နိဂုံး ချုပ်လိုက်ပါသည်။

Credit: Myanmar Investment Watch

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ

Upcoming Property Events

From 07 Jun To 08 Jun

The Vista

From 07 Jun To 08 Jun

Innwa Pyae Sone Residance

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

The Vista Luxury Residance
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service