ရန်ကုန်မြစ်၏အလှအပကို ကြည့်ရှုခံစားနိုင်သည့် ဆိပ်ကမ်းသာပန်းခြံကို ခြံခတ်ပိတ်ဆို့ထားသော အေးရှားဝေါလ်ထံမှ ရန်ကုန်မြို့တော် စည်ပင်ပြန်လည်သိမ်းယူ - Property News in Myanmar from iMyanmarHouse.com
2261 Views

ရန်ကုန်မြစ်၏အလှအပကို ကြည့်ရှုခံစားနိုင်သည့် ဆိပ်ကမ်းသာပန်းခြံကို ခြံခတ်ပိတ်ဆို့ထားသော အေးရှားဝေါလ်ထံမှ ရန်ကုန်မြို့တော် စည်ပင်ပြန်လည်သိမ်းယူ

ရန်ကုန်တိုင်းဒေ သကြီး ကြည့်မြင်တိုင်မြို့နယ် ဗား ကရာကမ်းနားလမ်းပေါ်ရှိ ရန်ကုန် မြစ်၏အလှအပကို ကြည့်ရှုခံစားနိုင် သည့်ဆိပ်ကမ်းသာပန်းခြံနေရာကို ခြံခတ်ပိတ်ဆို့ထားသည့် အေးရှား ဝေါလ် ထံမှ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီက စည်ပင်ပိုင် မြေ အဖြစ်ကြေညာ၍ ပြန်လည်သိမ်း ယူခဲ့ကြောင်း ရန်ကုန်မြို့တော်စည် ပင်သာယာရေးကော်မတီမှ ကော်မ တီဝင် ဦးခင်လှိုင်က ပြောသည်။

ယင်းပန်းခြံမြေနေရာတွင် ယ ခင်က ရန်ကုန်မြစ်၏အလှအပကို လာရောက်ကြည့်ရှုရင်း အပန်းဖြေကြ လေ့ရှိသော်လည်း ၂၀၀၁ ခုနှစ်နောက် ပိုင်း Asia World Port Management Co.,Ltd က မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ထံတင်ပြကာ သွပ်ပြား များဖြင့် ဝင်းခြံများခတ်ခဲ့ခြင်းဖြစ်ပြီး ခွင့်ပြုချက်မရှိဘဲ မြေနေရာများ တိုး ချဲ့မှုများဆောင်ရွက်နေခြင်းဖြစ် ကြောင်း ၎င်းက ပြောသည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ကော်မတီဝင် ဦးခင်လှိုင်က ”ပန်းခြံကို ဧပြီ ၆ရက် စည်ပင်လက်ထဲပြန်အပ်ဖို့ အသိပေးစာကုမ္ပဏီ ကိုပို့ခဲ့ပေမယ့် တန်းလျား တစ်ခုနဲ့ တဲအိမ် တစ်လုံးကျန်နေသေးတယ်။

ကျွန်တော်တို့က အရင်က စည်ပင်ပိုင်မြေဖြစ်ကြောင်း ကပ်ခွင့် မရှိဘူး။ ခုကပ်ခွင့်ရှိလို့ ကပ်ထားပါ ပြီ။ ဒီပန်းခြံက ခုဆိုရင် ပြည်သူတွေ ပိုင်ဖြစ်သွားပါပြီ။ မြစ်ရဲ့အလှအပကို ပြည်သူတွေခံစားနိုင်တော့မှာ ဖြစ် ပါတယ်”ဟု ပြောသည်။

ယင်းပန်းခြံကို အေးရှားဝေါလ် ကုမ္ပဏီမှ အပြီးဖယ်ရှားရှင်းလင်း ပြီးပါက အဆင့်မြင့်ပန်းခြံအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ပြီး ဖယ်ရှား ရှင်းလင်းခြင်းမရှိလျှင် အေးရှားဝေါလ် ကုမ္ပဏီကို စည်ပင်သာယာ အက်ဥပဒေများအတိုင်း အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
၂၀၁၄ခုနှစ်ဇွန် ၂၄ရက်တွင် Asia World Port Manag-ement Co.,Ltd ကယင်းပန်းခြံနေရာတွင် စားအုန်းဆီအတင်အချ ဆိပ်ခံတံတားနှင့် ဆီသိုလှောင်ကန်များတည်ဆောက်ကာ စားအုန်းဆီ သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းများ ဆောင်ရွက်ရန် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် က ထောက်ခံပေး ခဲ့သော်လည်း ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့က အနာ ဂတ်စီမံကိန်းရှိ၍ စားအုန်းဆီအတင် အချ ဆိပ်ခံတံတားမဆောက်သင့် ကြောင်း သဘောထားမှတ်ချက်ထုတ် ပြန်ခဲ့ကြောင်း သိရသည်။

အေးရှားဝေါလ်ကုမ္ပဏီအနေ ဖြင့် ယင်းပန်းခြံတွင်း၌ စီမံကိန်းဆိုင် ရာရုံးများသာထားရှိခြင်းဖြစ်ကြောင်း Asia World Port Management Co.,Ltd မှလုံခြုံရေးအရာရှိတစ်ဦး က ပြောသည်။
”ကျွန်တော်ကတော့ ဘာမှတ် ချက်မှ မပေးချင်ပါဘူး။ အပေါ်ကပဲ သိနိုင်မှာပါ။ စဖျက်ပေးနေပါတယ်။ တစ်ညလုံးဖျက်နေတာပါ။ ပေးထားတဲ့ အချိန်က နည်းနေတော့ အကုန်မပြီး သေးတာပါ” ဟု ၎င်းကပြောသည်။
ယင်းဆိပ်ကမ်းသာပန်းခြံတွင် အေးရှားဝေါလ်ကုမ္ပဏီမှ အပြီးတိုင် ဖယ်ရှားပေးပြီးလျှင် လူအများကို စည်းကမ်းတကျသွားလာနိုင်ရန် အ သိပေးမှုများဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကြည့်မြင်တိုင်မြို့နယ်မှ ရပ်မိရပ်ဖဦးဝင်းဇော်က ပြောသည်။
”ပန်းခြံထဲကို ဝင်ထွက်ခွင့်ရ သွားပြီဆိုပြီး မှောင်ရိပ်ခိုတာတွေ၊ အ မှိုက်လာစွန့်ပစ်တာတွေ မရှိရအောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။

မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ဆိပ်ကမ်းသာပန်းခြံကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီပိုင်အဖြစ် ၁၉၉၆ခုနှစ်က စတင်လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်ခြင်းကြောင့် ပြန်လည်
သိမ်းယူခဲ့ခြင်းဖြစ်ကြောင်း ဦးခင်လှိုင်က ပြောသည်။ Asia World Port Management Co.,Ltd က သွပ်ပြားများဖြင့် ပိတ်ထားခဲ့သည့် ယင်းပန်းခြံသည် အရှည်ပေ ၁၀၀ဝခန့်ရှိပြီး အဆိုပါ ပန်းခြံကို ရန်ကုန်မြို့တော်စည်ပင် သာယာရေး ကော်မတီပိုင်မြေဖြစ် ကြောင်း ဆိုင်းဘုတ်များကို ဧပြီ ရရက် က ခရိုင်ကော်မတီဝင်သုံးဦးအပါအ ဝင် မြို့နယ်စည်ပင်သာယာရေးကော် မတီမှ ဝန်ထမ်းများက လိုက်လံကပ် ခဲ့ကြကြောင်း သိရသည်။

Credit : Democracytoday‬

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ

Upcoming Property Events

From 07 Jun To 08 Jun

The Vista

From 07 Jun To 08 Jun

Innwa Pyae Sone Residance

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

CarsDB
Innwa Pyae Sone Residence

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service