အိမ်ခြံမြေရောင်းဝယ်မှုနှင့် အခွန်ဆောင်ခြင်း၊ ရှောင်ခြင်းပြဿနာ…… - Property News in Myanmar from iMyanmarHouse.com
1532 Views

အိမ်ခြံမြေရောင်းဝယ်မှုနှင့် အခွန်ဆောင်ခြင်း၊ ရှောင်ခြင်းပြဿနာ……

မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ကိုင်ရန်အတွက် အလုပ်အကိုင်ရှားပါးသည်ဟု ဆိုကြသည်။ ဟုတ်လည်း ဟုတ်သည် ၊မဟုတ်လည်းမဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော မြန်မာနိုင်ငံသည် အလုပ်မရှိလျှင် တစ်ခုခုကို အရောင်းအဝယ်လုပ်နိုင်သည်။ ဥပေဒေနှင့် ကင်းလွတ်၍ တရားမဝင်သည့်အရာဆိုလျှင် အခွန်ဆောင်ရန် မလို အပ်သည့်အတွက် အရောင်းအဝယ်မှာ Free Duty,Free Tax ပင်ဖြစ်သည်။

အခွန်အတွက် စိတ်ပူစရာမလို ကြိုက်ရောင်းကြိုက်ဝယ်ပင်ဖြစ်သည်။ ယင်းကဲ့သို့ အခွန်မဆောင်သည့်အတွက် မည်သူနစ်နာသနည်းဟု မေးခွန်းထုတ်လျှင် ပြည်သူသာလျှင်နစ်နာမည်ဖြစ်သည်။ ပြည်သူဟုဆိုခြင်းမှာ စားသုံးသူနှင့် ရောင်းချသူပါ အားလုံးကို ဆိုလိုခြင်းဖြစ်သည်။ ဒီမိုကရေစီနိုင်ငံအစိုးရဆိုသည်မှာ ပြည်သူလူထု၏အခွန်ဖြင့်ရပ်တည်ကြရသည် အဖွဲ့အစည်းတစ်ခုဖြစ်သည်။ ပြည်သူလူထုက မဲပေးရွေးချယ်လိုက်သည့်သက်တမ်းကာလအတွင်း ပြည်သူလူထု မှပြန်လည်ထိန်းချုပ်၍ရသည့် အခွန်ဖြင့်သာပြန်လည်ထိန်းချုပ်နိုင်စေရန်ဖြစ်သည်။ ဥပမာ- ပြည်နယ်တစ်ခုမှ အမတ်သို့မဟုတ် ဝန်ကြီးကို မကြိုက်နှစ်သက်ပါက အခွန်မပေးဆောင်ခြင်းဖြစ်သည်။ ဤသို့ဆောင်ရွက်ချင်ပါက အစိုးရမှ ပြည်သူထံမှအခွန်ကို လိုလိုလားလားဖြစ်လာအောင်ပြုလုပ်ရမည်ဖြစ်သည်။

ထို့အပြင် နိုင်ငံတော်ကို စီမံအုပ်ချုပ်နေသည်မှာ အစိုးရဖြစ်သည့်အတွက် နိုင်ငံအတွက်လုပ်ငန်းဆောင်ရွက်ရန်ငွေကြေးလိုအပ်သည်။ မည်သည့် အစိုးရမှ အိတ်စိုက်ငွေဖြင့်ဝင်ရောက်၍ volunteer လုပ်မည်မဟုတ်ပေ။ ထို့အတွက် ပြည်သူထံမှ အခွန်ငွေရရန်လိုအပ်သည်။ ထိုမှမဟုတ်လျှင် အစိုးရမှလုပ်ငန်းလည်ပတ်ရန်အတွက် သူ့နည်းသူ့ဟန်ဖြင့် ဘဏ္ဍာ ငွေ ဖြည့်တင်းလိမ့်မည်ဖြစ်သည်။ ယင်းကဲ့သို့ဖြစ်လာပါက နိုင်ငံအတွက် အလွန်အန္တရာယ်ရှိလှသည်။ ခေါင်းစဉ်အမျိုးမျိုးဖြင့် ဘဏ္ဍာငွေနှစ်ချုပ်စာရင်းထွက်ပေါ်လာလိမ့်မည်ဖြစ်ကာ ရှင်းမရသည့်ပြဿနာများနှင့် လည်း အသီးသီးဟိုတစ်စ၊ဒီတစ်စပေါ်ပေါက်လာလိမ့်မည်ဖြစ်သည်။
ထို့အတွက် အစိုးရနှင့်ပြည်သူ၊ ပြည်သူနှင့် အစိုးရ Check and Balance အဖြစ်အခွန်ငွေဆိုသည်မှာ အဓိကအခန်းကဏ္ဍတစ်ခုအဖြစ်လိုအပ်သည်။ အကယ်၍ အခွန်ငွေပေးဆောင်ရခြင်းမရှိပါက ထိုနိုင်ငံအတွက် ရှေ့ရေးမှာကောင်းမွန်လှသည့် အလားအလား မဟုတ်ပေ။

လက်ရှိမြန်မာနိုင်ငံတွင်လည်း အဆိုပါအနေအထားများနှင့်ကြုံတွေ့နေရပြီဖြစ်သည်။ ပြည်သူကလည်း အခွန်ပေးဆောင်ရကောင်းမှန်းမသိသလို အစိုးရမှလည်း ကြပ်ကြပ်မတ်မတ်ဆောင်ရွက်ခြင်းမပြုပေ။ ပြည်သူအကုန်လုံးဟု မဆိုလိုသော်လည်း ၉၀ရာခိုင်နှုန်းမှာ အခွန်ပေးဆောင်ရန်ပျက်ကွက်နေကြသည်။ လက်ရှိ အချိန်အထိ အခွန်စည်းကြပ် မှူးနှင့် မြန်မာပြည်သူတို့တွေ့ဆုံဖူးသည့် အကြိမ်အရေအတွက်မှာလည်းမရှိသ လောက်ရှားပါးလှသည်။ လက်ရှိအခြေအနေနှင့် တစ်ဦးချင်းဝင်ငွေခွန်ဆောင်ရန် အခက်အခဲဖြစ်နေသော်လည်း အနည်းဆုံးတော့ sale Tax ကိုတော့ပေးဆောင်သင့်သည်။ အဆိုပါ Sale Tax မှာရောင်းရငွေပေါ် မှုတည်၍သတ်မှရာခိုင်နှုန်းကိုပေးဆောင်ရခြင်းဖြစ်သည်။ ယခုအခါ မြန်မာနိုင်ငံတွင်အခွန်ပေးဆောင်ခြင်း မပြုဘဲရောင်းခြင်း၊ ဝယ်ခြင်း ပြုလုပ်နေကြသည်။ ယင်းမှာ နိုင်ငံတော်အတွက်များစွာနစ်နာစေသည်။ အများစုမှာ Sale Tax ကိုမဆောင်ခြင်းများဖြစ်သည်။ ယင်းအထဲမှ အပေါ်လွင်ဆုံးအခွန်မဆောင်မှုများမှာ မော်တော်ယာဉ် အရောင်းအဝယ်နှင့် အိမ်ခြံမြေ အရောင်းအဝယ်တို့ပင်ဖြစ်သည်။ ယင်းနှစ်ခုအနက် အိမ်ခြံမြေရောင်းခြင်း၊ ဝယ်ခြင်းမှာ အခွန်မဆောင်မှုပို၍များနေသည်။

လက်ရှိမြန်မာနိုင်ငံတွင် အိမ်ခြံမြေပွဲစား(အကျိုးဆောင်)များ၊ အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီများ နှင့် အိမ်ခြံမြေအကျိုးဆောင်အဖွဲ့အစည်းများ စသည်တို့ရှိနေကြပြီဖြစ်သည်။ ထို့အတွက် နိုင်ငံတကာနှင့်ယှဉ်ပါက မြန်မာနိုင်ငံ၏အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှာ အခြေအနေ တစ်ခုအထိတိုးတက်နေပြီဖြစ်သည်။

သို့သော် အခွန်ပေးဆောင်မှုနှင့် ပတ်သက်၍ အစိုးရမှလည်းတိတိကျကျ ကြပ်ကြပ်မတ်မတ်ဆောင်ရွက်ခြင်းမရှိသေးပေ။ ယခုလက်ရှိမြန်မာနိုင်ငံ အိမ်ခြံမြေဈေးကွက်တွင် အိမ်ခြံမြေအ ကျိုးဆောင်များက ဦးဆောင်နေသည်ဆိုသော်လည်း လက်တွေ့တွင် အိမ်ခြံမြေဈေးကွက်တွင် ငွေကြေးရင်းနှီး မြှုပ်နှံမှုအတွက် အိမ်ခြံမြေသိုလှောင်သူတို့က ပို၍များပြားနေကြသည်။

ယင်းကဲ့သို့ အိမ်ခြံမြေရောင်းခြင်း ဝယ်ခြင်းတွင် အခွန်ပေးဆောင်မှုကို အမည်ပေါက်လျှောက်ထားသူများကသာ အခွန်ပေးဆောင်နေရသော် လည်း အိမ်ခြံမြေဝယ်ရောင်းလုပ်ကိုင်ရန်သိုလှောင်ထားသူများမှာ အခွန်မဲ့အဖြစ်လုပ်ကိုင်နေကြသည်။ “ အိမ်တွေ၊ ခြံတွေ၊ မြေတွေဆိုတာ မရွှေ့ ပြောင်းနိုင်တဲ့ပစ္စည်းတွေဖြစ်တာရယ်။ နောက်ပြီး ရောင်းဖို့မဟုတ်ဘူး တကယ်လူနေမယ်ဆိုရင် အမည်ပေါက်လုပ်ကိုလုပ်သင့်တယ်။ အမည်ပေါက်လုပ်မယ်ဆိုရင် အခွန်ကဆောင်ကို ဆောင်ရမှာပါ။ ဒါပေမဲ့ ရောင်းခွန်ဆိုတာဆောင်ကိုဆောင်သင့်တယ်အရာပါ။” ဟု အခွန်ကောက်ခံမှု စိစစ်ကြပ်မတ်ရေး ဘုတ်အဖွဲ့ မှတာဝန်ရှိသူတစ်ဦးက အမှန်တကယ်နေထိုင်မည့်နေအိမ်ဖြစ်ပါကအမည်ပေါက် လုပ်သင့်ကြောင်းပြောကြားခဲ့သည်။
ထို့အပြင် ဝယ်ယူပြီးသော အိမ်ခြံမြေကို မိမိ၏ မိသားစုနေထိုင်မည် လုပ်ကိုင် စားသောက်မည်ဆိုပါက အမည်ပေါက်လုပ်သင့်သည်။ ထိုမှမဟုတ်လျှင် ပိုင်ဆိုင်မှုဆုံးဖြတ်သည့်အခါ အခက် အခဲများဖြစ်လာနိုင်သလို အမွေခွဲဝေသည့်အခါတွင်လည်း အခက်အခဲရှိလာနိုင်သည်။ “ ဝယ်ထားတဲ့ အိမ်ဖြစ်ဖြစ် ခြံဖြစ်ဖြစ် ကိုယ်နေမယ်ဆိုရင် အမည်ပေါက်လုပ်ထားသင့်တယ်။ ဒီပစ္စည်းတွေက ရွှေ့ ပြောင်းလို့ရတဲ့အရာတွေမှ မဟုတ်တာ။

ပိုင်ဆိုင်မှုအတွက်ဝယ်လိုက်ရင် အမည်ပေါက်လုပ်သင့်တယ်။ အမည်ပေါက်လုပ်ရင် အခွန်ဆောင် ပြီးသာဖြစ်သွားတာပေါ့” ဟုအိမ်ခြံမြေအကျိုးဆောင်တစ်ဦးကလည်း သုံးသပ်ပြောကြားခဲ့သည်။ ယင်းကဲ့သို့ အိမ်ခြံမြေ ရောင်းခြင်း၊ဝယ်ခြင်းတွင် Sale Tax ဆောင်ရန်ရှောင်ခြင်းသည် ရန်ကုန်တစ်ခုတည်းတွင် မဟုတ်ဘဲမြန်မာနိုင်ငံတစ်ဝန်းလုံးတွင်ပင် ဖြစ်နေသည်။ ရန်ကုန်တွင်ရောင်းချခဲ့သော အိမ်ခြံမြေတို့သည် တန်ဖိုး ပမာဏကြီးမြင့်သည့်အတွက် တချို့သောတန်ဖိုးနည်းအရောင်းအဝယ်တို့သာ အခွန်ရှောင်ခြင်းကိုပြုလုပ်ကြ သည်။

တန်ဖိုးမြင့်ရောင်းဝယ်မှုတွင် ရှေ့နေကြီးများဖြင့်စာချုပ်သောကြောင့် အခွန်ဆောင်ရနှုန်းမှာ အနည်းနှင့်အ အများသာကွာခြားသည်။ သို့သော် လက်ရှိရန်ကုန်အရောင်းအဝယ်၊ အငှားဈေးကွက်တွင် တန်ဖိုးအသင့်တင့် နှင့် တန်ဖိုးနည်း အရောင်းအဝယ်များသာအဖြစ်များနေသည့်အတွက် Sale Tax ဆောင်ခြင်းမှာမရှိသလောက်ရှား ပါးနေလေသည်။
လတ်တလော ပြည်တွင်းအိမ်ခြံမြေဈေးကွက်သည် ယေဘုယျ အားဖြင့်ငြိမ်နေသော်လည်း ဈေးသက်သက်သာသော နယ်မြို့ နယ်ဘက်များတွင် ဝယ်ယူမှုများလာသည့်အတွက် အဆိုပါအရောင်းအဝယ် များတွင် အခွန်ဆောင်ခြင်းမရှိကြချေ။ အိမ်ခြံမြေအရောင်းအဝယ်ဖြစ်သည့်ပွဲများတွင် အများစုမှစာချုပ်ကိုရှေ့ နေ တစ်ဦးဦးဖြင့်ချုပ်ဆိုကြသော်လည်း အဆိုပါရှေ့နေများမှလည်း အခွန်ဆောင်ရန်ကိစ္စကို တိုက်တွန်းဟန်မရှိကြပေ။

ထို့အတွက် နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူထံမှအခွန်ငွေကို အမှန်တကယ်လိုအပ်ပါက ဥပေဒေအရအတိအ ကျဆောင်ရွက်သင့်သည်။ “ နိုင်ငံတကာမှာ အခွန်နဲ့ပတ်သက်လို့ တော်တော်လေးဂရုစိုက်ကြတယ်။ အခွန်ရှောင် တဲ့လူတွေကို အရေးယူမှု ကလည်းပြင်းထန်တယ်။ သူတို့ဆီမှာ ဥပဒေအရကို လူသတ်မှုပြီးရင်၊ အခွန်ရှောင်မှုက အကြီးဆုံးပဲ။ အဲ့အတွက် လည်း ပြည်သူတွေကအခွန်ဆောင်ကြတယ်။ ဒီမှာက အခွန်နဲ့ပတ်သက်ပြီး အကျွမ်းတဝင်မရှိသေးဘူး။ ဒါကိုအရင်ဆောင်ရွက်ရဦးမယ်။” ဟုစီးပွားရေးလုပ်ငန်းရှင်တစ်ဦးက သုံးသပ်ပြော ကြားခဲ့သည်။

လက်ရှိပြည်တွင်း၌ တစ်ဦးချင်းဝင်ငွေခွန်ဆောင်ရန်အခက်အခဲရှိနေသော်လည်း ရာခိုင်နှုန်းနည်း သည့် Sale Tax ကိုဆောင်သင့်သည်။ ယခု 2015-2016 ဘဏ္ဍာနှစ်အတွက် အိမ်ခြံမြေရောင်းဝယ်မှုပေါ် အခွန်နှုန်းထားများကို ကျပ်တစ်သိန်းမှ ကျပ်သိန်းတစ်ထောင်အထိကို ၃ရာခိုင်နှုန်း၊ ကျပ်သိန်းတစ်ထောင်မှ သိန်းငါးထောင်အထိကို ၅ရာခိုင်နှုန်း၊ ကျပ်သိန်းငါးထောင်မှသိန်းတစ်သောင်းအထိကို ၁၀ရာခိုင်နှုန်း၊ ကျပ်သိန်းတစ်သောင်းမှကျပ်သိန်းတစ်သောင်းခွဲအထိကို ၂၀ရာခိုင်နှုန်းနှင့် ကျပ်သိန်းတစ်သောင်းခွဲနှင့်အထက် ကို ၃၀ရာခိုင်နှုန်းအသီးသီးပြောင်းလဲသတ်မှတ်လိုက်သည့်အတွက် ကျပ်သိန်းတစ်ထောင်ဝန်းကျင်အိမ်ခြံမြေတို့ သည် အခွန်၃ရာခိုင်နှုန်းသာပေးဆောင်ရမည်ဖြစ်ခြင်းကြောင့် အဆိုပါပမာဏရှိအိမ်ခြံမြေတို့အရောင်းအဝယ်မြင့် တက်လာနိုင်သည်။ ယင်းပမာဏတွင် အရောင်းအဝယ် ဖြစ်ပါက အခွန်၃ရာခိုင်နှုန်းမှာ ပေးဆောင်သင့်သည့်ပမာဏဖြစ်သည်။ယခုအခါ တွင်လည်း မုန့်ဆိုင်အချို့ တွင် စားသုံးသူတို့က Sale Tax ၅ရာခိုင်နှုန်းကို ပေးဆောင်နေရပြီဖြစ်သည်။ သို့သော် ကောက်ခံသည့် နိုင်ငံတော်အစိုးမှလည်း ကောက်ခံသည့်နည်းစနစ်မှန်ကန်စေရန်လိုအပ်သည်။

ထို့အတွက် အိမ်ခြံမြေရောင်းဝယ်ရာတွင်လည်း ဝယ်ယူသူက တစ်ပါတည်း Sale Tax ကိုထည့်သွင်းပေးချေခဲ့သည့်အတွက် ရောင်းချသူတို့က အမှန်တကယ်အခွန်ပေးဆောင် ရန်လိုအပ်ပေသည်။ တစ်ပိုင်တစ်နိုင် အိမ်ခြံမြေဝယ်ရောင်းတို့သည်လည်း မိမိနိုင်ငံအတွက် အခွန်ပေးဆောင်သင့်သလို လက်ကြီးအိမ်ခြံမြေသိုလှောင်ထားသော အကျိုးဆောင်များလည်း ပမာဏမများသော Sale Tax ကို ပေးဆောင်သင့်သည်။

နိုင်ငံတော်သို့အခွန်ပေးဆောင်ခြင်းသည် နိုင်ငံတည်ဆောက်ခြင်းမျိုးဖြစ်သည့်အတွက် နိုင်ငံသူနိုင်ငံသားတိုင်းလုပ်သင့်သည့်ကိစ္စရပ်တိုင်းရှိနေသည်။ အကယ်၍ထမင်းစားသည်မှာ နိုင်ငံရေးဟု သတ်မှတ်လျှင် အခွန်ဆောင်ခြင်းမှာလည်း နိုင်ငံရေးဖြစ်သည်မှာ သေချာလှသည်။ နိုင်ငံတော်မှလည်း ပြည်တွင်း အိမ်ခြံမြေဝယ်ခြင်း၊ ရောင်းခြင်းအပေါ်တွင်အခွန်စည်းကြပ်မှုကို စည်းစနစ်မှန်ကန်စွာသတ်မှတ်နိုင်ရန် အထူးလိုအပ်နေပေသည်။

လမင်းအောင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်

Upcoming Property Events

From 08 Jul To 08 Aug

Central Shophouse

From 09 Aug To 10 Aug

THADAR CONDOMINIUM

From 09 Aug To 10 Aug

Mingalar Market

THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service