အိမ်ခြံမြေဈေးကွက် အငှားလုပ်ငန်းသွက်နေ ရင်းနှီးမြှုပ်နှံမှု စောင့်ကြည့် အနေအထား ရောက်ရှိ - Property News in Myanmar from iMyanmarHouse.com
912 Views

အိမ်ခြံမြေဈေးကွက် အငှားလုပ်ငန်းသွက်နေ ရင်းနှီးမြှုပ်နှံမှု စောင့်ကြည့် အနေအထား ရောက်ရှိ

မြန်မာနိုင်ငံ၏ အိမ်ခြံမြေဈေး ကွက်သည် အငှားလုပ်ငန်းအများစု သာလုပ်ငန်းသွက်နေပြီး အခြား ရင်းနှီးမြှုပ်နှံမှုများမှာ အလုံးအရင်း ဖြင့် ဆောင်ရွက်ခြင်းမရှိဘဲ စောင့် ကြည့်လေ့လာနေဆဲအနေအထားသို့ ရောက်ရှိနေကြောင်း အိမ်ခြံမြေ ဈေးကွက်ကျွမ်းကျင်သူများကသုံး သပ်သည်။

အစိုးရလစာတိုးမြှင့်ခြင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ မြန်မာကျပ်ငွေဖောင်းပွမှုအန္တရာယ် တို့ကို အစီရင်ခံစာများတွင် ထည့် သွင်းဖော်ပြနေသောကြောင့် ရင်း နှီးမြှုပ်နှံမှုများ တုံ့ဆိုင်းနေသည်ဟု ဆိုသည်။

''အိမ်ခြံမြေဈေးက တန့်နေတဲ့ သဘောပါ။ ဆောက်လုပ်ရေးပိုင်း တွေကလဲ ရင်းနှီးမြှုပ်နှံဖို့စိတ်ဝင်စား ပေမယ့် နိုင်ငံရေးနဲ့စီးပွားရေးအနေ အထားကို စောင့်ကြည့်နေတဲ့သဘော ပါပဲ''ဟု အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းရှင် ဦးသန်းဦးက ပြော သည်။

ဈေးကွက်အတွင်း အရောင်း အဝယ်ရပ်တန့်နေပြီး ကြိုက်ရောင်း ကြိုက်ဝယ်စနစ်ဖြင့် ဈေးနှုန်းဖွင့် လှစ်ရောင်းချနေသောကြောင့် အငှားဈေးကွက်သာ ကြီးစိုးနေ ကြောင်း သိရသည်။

နှစ်သစ်ကူးသင်္ကြန်ကာလနီး ကပ်လာပြီဖြစ်သောကြောင့် အိမ်ခြံ မြေအငှားဈေးကွက် အောင်မြင် လျက်ရှိရာ အိမ်ရာအပြောင်းအရွှေ့ များကြောင့် မိသားစုအများအပြား မှာ အိမ်ငှားရမ်းမှုမြင့်တက်လျက်ရှိ ကြောင်း သိရသည်။

ငွေကြေးဖောင်းပွမှုအန္တရာယ် ဖြစ်ပေါ်လာနိုင်ကြောင်း အာရှဖွံ့ဖြိုး တိုးတက်မှုဘဏ် ADB ကခန့်မှန်း ထားသောကြောင့် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် တုံ့ဆိုင်းလျက်ရှိကြောင်း သိရသည်။

ငွေကြေးဈေးကွက် အတွင်း ဈေးကစားမှုများကြောင့် ငွေကြေးဖောင်းပွမှုမြင့်တက်လာ ကြောင်းနှင့် ငွေကြေးဖောင်းပွမှုကို ဗဟိုဘဏ်က မည်သို့ထိန်းချုပ်မည့် စနစ်ပေါ်မူတည်နေကြောင်း အိမ်ခြံ မြေဈေးကွက်ကျွမ်းကျင်သူများက သုံးသပ်လျက်ရှိသည်။

မြန်မာကျပ်ငွေတန်ဖိုးကျဆင်း ပြီး ငွေကြေးဖောင်းပွမှုဆက်လက် မြင့်တက်လာပါက အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံမှုတွင် ပိုမိုဝင်ရောက် လာနိုင်သောကြောင့် အိမ်ခြံမြေ လုပ်ငန်းရှင်များက စောင့်ကြည့် လျက်ရှိကြောင်း သိရသည်။

Credit: The Union Daily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န

Upcoming Property Events

From 07 Jun To 08 Jun

The Vista

From 07 Jun To 08 Jun

Innwa Pyae Sone Residance

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service