လက်ရှိကာလအတွင်း အိမ်ခြံမြေဈေးနှုန်းများ အေးနေခြင်းကြောင့် ဈေးလျှော့ရောင်းချမှုများ ရှိနေသည့်တိုင် ဝယ်ယူသူနည်းပါး - Property News in Myanmar from iMyanmarHouse.com
2282 Views

လက်ရှိကာလအတွင်း အိမ်ခြံမြေဈေးနှုန်းများ အေးနေခြင်းကြောင့် ဈေးလျှော့ရောင်းချမှုများ ရှိနေသည့်တိုင် ဝယ်ယူသူနည်းပါး

အိမ်ခြံမြေ ဈေးနှုန်းများ ငြိမ်သက် နေခြင်းကြောင့် ငွေကြေးလိုအပ် သည့် မြေရှင်များက မူလခေါ်ဆိုထား သည့် ဈေးနှုန်းများထက် လျှော့ချကာ ရောင်းချမှုများ ဈေးကွက်အတွင်း ရှိလာနေသော်လည်း ဝယ်ယူလိုသူ နည်းပါးနေသေးကြောင်း အိမ်ခြံမြေ အကျိုးဆောင်များထံမှ စုံစမ်းသိရှိ ရသည်။

”ဈေးလျှော့ရောင်းတဲ့ လူတွေ ရှိတာတောင် အဝယ်က မလိုက်ဘူး ဖြစ်နေတယ်။ လူ ၁ဝ ယောက်မှာ တစ်ယောက်လောက်ကတော့ ဈေး လျှော့ပြီး ရောင်းတဲ့ ပုံစံမျိုး ရှိပေမယ့် အရောင်းအဝယ်က အေးတယ်” ဟု ဒဂုံရွှေပြည် အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းမှ ဒေါ်မွှေးမွှေးက ပြော သည်။

မြန်မာနိုင်ငံတွင် အိမ်ခြံမြေ အရောင်းအဝယ်ပြုရာ၌ ပုံသေဈေး နှုန်းသတ်မှတ်ချက် မရှိဘဲ ရပ်ကွက် တစ်ခုတည်း၊ လမ်းတစ်လမ်းတည်း ၌ အကျယ်အဝန်းနှင့် အိမ်အနေ အထား မကွာလှသော်လည်း ရောင်း ဈေးမှာမူ မိမိစိတ်ကြိုက်ခေါ်နေ သဖြင့် ဈေးချင်းကွာခြားသည်များ ရှိနေမြဲဖြစ်သည်။ ၂ဝ၁၅ ခုနှစ်အတွင်း အိမ်ခြံမြေ ဈေးနှုန်းများ သိသိသာသာ ကျဆင်းသွားခြင်း၊ ရုတ်တရက် ပြန်လည်မြင့်တက်သွားခြင်း စသည့် ဈေးကွက် တည်ငြိမ်မှု ကင်းမဲ့သော ဖြစ်ရပ်များ ဖြစ်ပေါ်သကဲ့သို့ အရောင်း အဝယ်များ ကျနေသော်လည်း ၂ဝ၁၅ ခုနှစ် မြန်မာနိုင်ငံ ရွေးကောက်ပွဲ အပြီးတွင်မူ အိမ်ခြံမြေဈေးကွက် အပြောင်းအလဲ ဖြစ်နိုင်ကြောင်း ဝါရင့် အိမ်ခြံမြေ အကျိုးဆောင်များက ခန့်မှန်းကြသည်။

”အခု ဈေးကွက်က အေးနေပေ မယ့် ဈေးအတက်အကျ ပြန်ဖြစ်ဖို့ ဆိုတာကတော့ ၂ဝ၁၅ ရွေးကောက်ပွဲ နောက်ပိုင်းကာလလောက်မှ ဖြစ်နိုင် မယ်။ အခုအေးနေတာက ရွေး ကောက်ပွဲလည်း ရှိနေတော့ ဝယ်သူ တွေက ဈေးကွက်ကို စောင့်ကြည့်နေ တာလည်း ပါတယ်”ဟု မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း အထွေထွေအတွင်းရေးမှူး ဒေါ်မို့မို့ အောင်က ပြောသည်။

အိမ်ခြံမြေအရောင်းအဝယ် ဈေးနှုန်းများ သိသိသာသာ အေးနေ သော်လည်း ငှားရမ်းခနှုန်းထားများ မှာမူ ပုံမှန်မြင့်တက်နေသည်။ အချို့ သော အကွက်အကွင်းကျသည့် နေရာများတွင် ငှားရမ်းခ နှုန်းထား များ မြင့်တက်လာနေသည့်အတွက် လုပ်ငန်းရှင်များက မိမိတို့ ပြန်လည် ရရှိမည့် အကျိုးအမြတ်နှင့် ငှားရမ်းခ များ ကာမိစေရန်အတွက် ပြန်လည် တွက်ချက် လုပ်ကိုင်လာနေကြသော် လည်း နေရာကောင်းများ တဖြည်း ဖြည်း ရှားပါးလာသည့်အတွက် ပိုင်ရှင်များတောင်းဆိုသည့် နှုန်းထား များဖြင့် ပေးချေ ငှားရမ်းလာနေရ ကြောင်း သိရသည်။

၂ဝ၁၄ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်၌ ရန်ကုန်မြို့သစ် စီမံကိန်း ရပ်ဆိုင်းလိုက်သည့် သတင်းများ ထွက်ပေါ်ခဲ့ပြီး နောက်ပိုင်း ရန်ကုန် အိမ်ခြံမြေဈေးကွက်တွင် အရောင်း အဝယ်များ တဖြည်းဖြည်း ရပ်ဆိုင်း ခဲ့ပြီး ယခုအခါ ဝယ်ယူသူများ မရှိ သလောက် နည်းပါကာ ဈေးနှုန်း စုံစမ်းမှုများသာ အနည်းငယ် ရှိပြီး အမှန်တကယ် နေထိုင်လိုသူများ၏ ဝယ်ယူမှု အချို့ကြောင့်သာ သိန်း ရာဂဏန်း ဝန်းကျင်ရှိ တိုက်ခန်းနှင့် အိမ်များ အနည်းငယ် အရောင်း အဝယ်ဖြစ်နေကြောင်း သိရသည်။

”သိန်း ၃ဝဝ၊ သိန်း ၅ဝဝ ဝန်းကျင် တိုက်ခန်းလေးတွေကို နေမယ့် သူတွေက ဝယ်တာ နည်း နည်းပါးပါးရှိတယ်။ ကျန်တာက တော့ အငှားများတယ်။ အရောင်း အဝယ်သာ ပါးတာ အငှားဈေးက တော့ ပုံမှန်ကို တက်နေတယ်”ဟုံငွါျှ့ပှေအမေ အိမ်ခြံမြေနှင့် ဆောက်လုပ်ရေးလုပ်ငန်းမှ ဦးမောင် အောင်က လက်ရှိဈေးကွက် အခြေ အနေကို ပြောပြသည်။

အခွန်စနစ်များ တိုးမြှင့်ကောက် ခံရန် ပြင်ဆင်လာခြင်း၊ မတည်ငြိမ် သည့် စီမံကိန်းများအတွင်း ဝင်ရောက် မြှုပ်နှံထားသည့် လုပ်ငန်းရှင်များ၏ ငွေကြေးအရင်းအနှီးများ ပြန်လည် လည်ပတ်ရန် ခက်ခဲနေခြင်း၊ ၂ဝ၁၅ ရွေးကောက်ပွဲအခြေအနေကို စောင့် ကြည့်နေခြင်းစသည့် အကြောင်း အရာများ ပေါင်းဆုံခဲ့ခြင်းကြောင့် အိမ်ခြံမြေဈေးနှုန်းများ ကျဆင်းကာ အရောင်းအဝယ် အေးလျက်ရှိနေ သော်လည်း ၂ဝ၁၅ ရွေးကောက်ပွဲ အပြီးတွင် ဖြစ်ပေါ်လာနိုင်သည့် ဈေးကွက်အခြေအနေကို မှန်းဆ၍ အောက်ဈေးဖြင့် ဝယ်ယူလိုသူများ ဈေးကွက်အတွင်း ရှိနေခြင်း၊ နိုင်ငံ တော်မှ အိမ်ရာဖန်တီးဖော်ထုတ်မှု အခြေအနေမှာလည်း ဈေးကွက် အခြေအနေအရ လိုအပ်ချက်များ ရှိနေခြင်းကြောင့် မြန်မာအိမ်ခြံမြေ ဈေးကွက် ပြန်လည် နိုးကြားလာနိုင် သည့် အားသာချက်များ ရှိကြောင်း လည်း အိမ်ခြံမြေ အကျိုးဆောင်များ ထံမှ သိရသည်။

”ကျွန်တော်တို့က နေရာအကွက် အကွင်းလည်း ကြိုက်တယ်။ ဈေး လည်း တန်မယ်ဆိုရင် ပြန်ပြီး ဝယ် ပေးနေပါတယ်။ ဈေးတက်ရင်တော့ ပြန်ရောင်းဖို့ပါ”ဟု အမည်မဖော်လိုသူ ဝယ်ရောင်းတစ်ဦးက ပြောသည်။

Credit: The Trade Times

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးက ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသွာ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးက ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသွာ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း

Upcoming Property Events

From 14 Jun To 15 Jun

Magical World Apartment

From 14 Jun To 15 Jun

Mingalar Market

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service