ပြည်ဟိုတယ်နေရာ လေလံရောင်းချမည့်အစီအစဉ် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကန့်ကွက်
ပြည်မြို့ ကမ်းနားလမ်း နှင့် ကန်လမ်းထောင့်ရှိ ပြည်ဟို တယ်နေရာအား အိတ်ဖွင့်လေလံ စနစ်ဖြင့်ရောင်းချမည်ကို အမျိုး သားလွှတ်တော်ကိုယ်စားလှယ် တစ်ဦးက ပဲခူးတိုင်းဒေသကြီး ၀န်ကြီးချုပ်ထံသို့ ကန့်ကွက်တောင်း ပန်စာပို့လိုက်ကြောင်း သတင်းရ ရှိသည်။
၁၉၉၂ မှ ၂၀၁၃ခုနှစ်အထိ ဟိုတယ်နှင့် ခရီးသွားလာရေးဝန် ကြီးဌာနက ပြည်ဟိုတယ်အဖြစ် ဖွင့်လှစ်ခဲ့ပြီးနောက် ပြည်ဟိုတယ် အား ပိတ်သိမ်းကာပဲခူးတိုင်းဒေသ ကြီး(အနောက်ပိုင်း)စည်ပင်သာ ယာရေးအဖွဲ့ရုံးအဖြစ်ဆောင် ရွက်ခဲ့သည်။
‘‘အဲဒီနေရာကို စည်ပင်အ နေနဲ့ အသုံးမချတော့ရင်အစိုးရပိုင် အဖြစ်ပဲ ထားစေချင်တယ်။ တ ခြားကိုမရောင်းစေချင်တဲ့ ဆန္ဒ ကြောင့် ပြည်မြို့သားတစ်ယောက် အနေနဲ့ ကန့်ကွက်တာဖြစ်ပါ တယ်’’ဟု အမှတ်(၁၁) မဲဆန္ဒနယ် မှ အမျိုးသားလွှတ်တော်ကိုယ်စား လှယ်ဦးအောင်ချိုဦးကပြော ကြားသည်။
လက်ရှိတွင် ထိုအဆောက် အအုံနှင့်မြေနေရာမှာ ပဲခူးတိုင်းဒေသကြီးစည်ပင်သာယာရေးအ ဖွဲ့ပိုင်ဖြစ်ပြီး ကျေးလက်ဒေသဖွံ့ဖြိုးရေးခရိုင်ရုံးနှင့် မြို့နယ်ရုံးအဖြစ် ယာယီအငှားချပေးထား ကြောင်း ပြည်မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ သိရသည်။
‘‘ဒီအဆောက်အအုံနဲ့ နေရာ က လက်ရှိမှာစည်ပင်သာယာအ ဖွဲ့အတွက် အသုံးမချတဲ့အပိုအ ဆောက်အအုံဖြစ်တယ်။ သမိုင်း ၀င်လည်းမဟုတ်ဘူး။ ရေရှည် ထိန်းသိမ်းဖို့မှာလည်း ကုန်ကျစ ရိတ်တွေများလာနိုင်တဲ့တွက်လေ လံရောင်းချတာဖြစ်တယ်’’ဟု ပြည်မြို့နယ်စည်ပင်သာယာရေး အဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူး သူရဦးမြင့်သူကပြောသည်။
အဆိုပါနေရာအား လေလံ ကြမ်းခင်းဈေး ကျပ်သိန်းတစ်သောင်း ငါးထောင်သတ်မှတ်ထားပြီး လျှောက်လွှာတင်သည့်အခါအာမခံကြေး ကျပ်သိန်းခုနစ်ရာ့ငါးဆယ်ပေးသွင်းရန်သတ်မှတ်ထား သည်။
အိတ်ဖွင့်လေလံစည်းကမ်း နှင့် လျှောက်လွှာပုံစံအား ဧပြီ ၆ ရက်တွင်စတင်ရောင်းချမည်ဖြစ် ပြီး လျှောက်လွှာကြေးမှာ ကျပ် တစ်သောင်းခွဲသတ်မှတ်ကာ မေလ ၄ရက်တွင်လျှောက်လွှာပိတ်မည် ဖြစ်သည်။ ယခုလေလံတင်ရောင်းချမည့် ယခင်ပြည်ဟိုတယ်နေရာ သည် ပြည်မြို့၏ အချက်အချာ ကျရာနေရာ ဖြစ်သည့်အတွက် အထင်ကရအဆောက်အအုံဖြစ် သင့်ကြောင်း၊ အဆောက်အအုံအ ဖြစ် အသုံးပြုရန်မဖြစ်နိုင်ပါကအ များပြည်သူနှင့်သက်ဆိုင်သည့် ပြ တိုက်၊ အပန်းဖြေနေရာအဖြစ် ဆောင်ရွက်သင့်ကြောင်းအမျိုး သားလွှတ်တော်ကိုယ်စားလှယ်ဦး အောင်ချိုဦးကတင်ပြကန့်ကွက် ထားသည်။
Credit: 7 day daily