မြို့လယ်အိမ်ငှားဈေးကွက်မြင့်တက်လျက်ရှိ - Property News in Myanmar from iMyanmarHouse.com
1568 Views

မြို့လယ်အိမ်ငှားဈေးကွက်မြင့်တက်လျက်ရှိ

အိမ်ခြံမြေဈေးကွက်အလားအလာသည် ယခုရက်ပိုင်းအတွင်းငြိမ်သက်နေသော ကန်ရေပြင်သ ဖွယ်ဖြစ်နေသည်ဟုဆိုရပေမည်။ ယခင့်ယခင်ကာလအချိန်တွင် ယခုလိုပွင့်လင်းရာသီနှင့် တရုတ်နှစ်သစ် ကူးကာ လအပြီးတွင်အရောင်းအဝယ် ပြန်လည်လှုပ်ရှားလာသောအချိန်ပင်ဖြစ်ပေသည်။ သို့သော်လက်ရှိ တရုတ် နှစ်သစ် ကူးကာလအတွင်းဈေးငြိမ်နေသည့်အပြင် နှစ်ကူးအပြီးတွင်အိမ်ဈေးမြေဈေးများ လှုပ်ခတ် လာရမည့်အစား ယခုအခါတည်ငြိမ်နေခြင်းသည် နိုင်ငံရေးအခြေအနေကိုစောင့်ကြည့်နေသော ကာလ ဖြစ်သည်ဟု အိမ်ခြံမြေ ဈေးကွက်လေ့လာသူများအဆိုရ သိရသည်။

၂၀၁၅ရွေးကောက်ပွဲနှင့်ယခု ဖြစ်ပေါ်နေသောအလုပ်သမား၊ လယ်သမားနှင့် ကျောင်းသားအရေးတို့ သည် ပြည်တွင်းအိမ်ခြံမြေဈေးကွက်အပြင် စီးပွားရေးဈေးကွက်တစ်ခုလုံးကို “အ”သွားစေသည့်အပြင် နိုင်ငံ တကာ ရင်းနှီးမြှပ်နှံမှုလိုသူတို့၏ စောင့်ကြည့်ကာလဖြစ်စေခဲ့သည်။ ပြည်တွင်းအိမ်ခြံမြေဈေးကွက်ငြိမ်နေသည် ဟုဆိုရပေမည်။ ထို့အပြင်တိုက်ခန်းဈေးကွက်တွင်လည်း တိုက်ခန်းရောင်းရနှုန်းကျဆင်းလာခြင်းနှင့် တိုက်ခန်း ဈေးလှုပ်နေသည်မှာ ဆောက်လက်စတိုက်ခန်းများနှေးကွေးလာခြင်းအပေါ် မူတည်နေသည်။ ယင်းကဲ့သို့ ဆောက်လုပ်သည့်တိုက်များ နှေးကွေးလာရခြင်းမှာ တည်ဆောက်ခွင့်ရပါမစ်တွင် စည်ပင်ကချထားပေးသည့် သတ်မှတ်ချက်အတိုင်းမဆောက်လုပ်ပါက ဒဏ်ကြေးပေးဆောင်ရနှုန်းမြင့်လာသည့် အတွက်ဖြစ်သည်။

ယခင်အထပ်မြင့်တိုက်ဆောက်လုပ်မှုကို သတ်မှတ်ချက်ဒဏ်ကြေးနှုန်းထားမှာ ပိုမိုမြင့်တက်လာသည့်အ တွက် ဆောက်လက်စအထပ်မြင့်အဆောက်အဦးများသည် နှေးကွေးလာလို တိုက်ခန်းဈေးများမြင့်တက်လာ သည်။ ဈေးမြင့်တက်လာသော်လည်း ဝယ်လက်မရှိ၍ ရောင်းမထွက်သည့်တိုက်ခန်းအမြောက်အမြားရှိနေ ကြောင်းလည်း တိုက်ခန်းဝယ်ရောင်းလောကမှ စုံစမ်းသိရှိရသည်။ “ အခုဈေးကွက်က အရောင်းထိုင်းတယ်။ ဝယ် လက်မလာဘူး။ နယ်ရော နိုင်ငံခြားသာပါပျောက်တာ၊ တလောကအသိတစ်ယောက် ငွေလိုလို့ သူဝယ်ထားတဲ့ တိုက်ခန်းကို ဈေးလျော့ရောင်းတာတောင်မှ အဝယ်မရှိဘူး၊ ဒါပေမဲ့အငှါးကတော့ အိမ်လွတ်ရင်၊ အခန်းလွတ်ရင် လာမေးကြတယ်။ အငှါးဈေးကွက်ကတော့နေ့တိုင်းလိုလိုဖြစ်နေပါတယ်။” ဟုအိမ်ခြံမြေအကျိုးဆောင် တစ်ဦးက တရုတ်နှစ်သစ်ကူးပြီး မြန်မာနှစ်သစ်ကူးမတိုင်မီ ပြည်တွင်းအိမ်ခြံမြေဈေးကွက်ကိုသုံးသပ်ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးစည်ပင်သာယာရေးကော်မတီသည် လက်ရှိရန်ကုန်မြို့ တွင်အထပ်မြင့်တိုက်ခန်းတည် ဆောက်ပါက သုံးထပ်တိုက်ကိုသာ သတ်မှတ်ချက်ဒဏ်ကြေးကင်းလွတ်ခွင့်ပေးထားပြီး သုံးထပ်နှင့်အထက် တိုက်များကို သတ်မှတ်ချက်ဒဏ်ကြေးများထားရှိထားသည်။ အဆိုပါသတ်မှတ်ဒဏ်ကြေးမှာ ယခုအခါ ပိုမိုမြင့် တက်လာခဲ့သည်။ ယခင်က တစ်စတုရန်းအပေါ်တွင် သတ်မှတ်ဒဏ်ကြေးမှာ ကျပ်၂၂၀၀သာသတ်မှတ်ခဲ့သည့် အတွက် တစ်ထပ်အတွက်ဒဏ်ကြေးကျပ်သိန်း ၃၀ မျှသာရှိသော်လည်း ၂၀၁၄ခုနှစ် ဖေဖော်ဝါရီလမှစကာ တစ်စတုရန်းတစ်ပေလျှင် ကျပ် ၁၅၀၀၀ တိုးမြှင့်ကောက်ခံခဲ့သည့်အတွက် အကျယ်အဝန်း ၂၀x၅၀ ကိုပင် ကျပ်သိန်း ၁၅၀ခန့်ရှိလာပြီး ဆောက်လုပ်ရေးလုပ်ကိုင်သူများအနေဖြင့် အထပ်မြင့်တိုက်ခန်း ဆောက်လုပ်မည် ဆိုပါက သတ်မှတ်ဒဏ်ကြေးမှာ အနည်းဆုံးဒဏ်ကြေးကျပ်သိန်း ၃၀၀ အထိရှိလာခြင်းကြောင့် ရောင်းကွက် မရှိဘဲအထပ်မြင့်တိုက်တည်ဆောက်ခြင်းကို ပြုလုပ်မှုနည်းပါးလာခဲ့သည်။ ထို့အတွက် လက်ရှိဆောက်လုပ်ရေး လုပ်ငန်းရှင်တို့သည် ဝယ်လက်နည်းပါးသည့်အချိန်ကာဖြစ်သည့်အတွက် ဒဏ်ကြေးဆောင်တိုက်တည်ဆောက် ခြင်းကို ရှောင်ကြသည်

အထပ်မြင့်တိုက်တည်ဆောက်မှုနည်းပါးလာသည့်အတွက် ရှိရင်းဆွဲ တိုက်ခန်းဈေးနှုန်းများမှာ အရောင်းမဖြစ်သော်လည်း ငှါးရမ်းမှုများပိုမိုဖြစ်ပွားလျက်ရှိပြီး အငှါးဈေးနှုန်းများမှာလည်း တစ်နေ့ထက်တစ်နေ့ ပိုမိုမြင့်တက်လာသည်ကိုတွေ့ရှိရသည်။ ယခုအချိန်မှာ အခန်းတစ်ခန်းငှါးမည်ဆိုပါက လမ်းမတော်မြို့နယ်လို နေရာမျိုးတွင် အကျယ် ၁၆ပေx ၄၀ပေ မျှရှိသောဟောပုံစံ RC ခင်း၊မြေညီထပ်ကို တစ်လလျှင်ကျပ် ၁၀ သိန်း ဖြင့်ဈေးရှိနေကြောင်းသိရသည်။ ရန်ကုန်မြို့၏ရုပ်ရှင်မြို့တော်ဟုတင်စားလေ့ရှိသော ဗိုလ်ချုပ်အောင်ဆန်းလမ်း နှင့် အနော်ရထာလမ်းကြားအထက်ဘလောက် ၃၅ လမ်းတွင် ပေ၅၀ ပတ်လည် Hall ပုံစံ RC ခင်ပြီးမြေညီထပ်ကို တစ်လကျပ် ၂၅ သိန်းဖြင့်ငှါးရမ်းမှုရှိနေကြောင်းသိရှိရသည်။ “ အငှါးဈေးကွက်က မြို့လယ် မှာအဖြစ်များတယ်။ စီးပွားရေးလုပ်ဖို့ မြေညီထပ်လိုနေရာမျိုးတွေကို ပိုငှါးကြတယ်။ ဈေးကလည်း များတယ်။ ဒါပေမဲ့ ပွဲဖြစ်ပါတယ်။ အများအားဖြင့်တော့ လက်ရှိပေါက်ဈေးမြင့်နေပေမဲ့လာငှါးကြတာ တရုတ်လူမျိုးတွေ ပိုများတယ်။ မြန်မာစကားမပြော တတ်ပေမဲ့ မြန်မာပြည်ကတရုတ်ကပြားတွေက ပွဲစားလုပ်ပြီးလိုက်ပြတာ တွေတော့ရှိတယ်။

ပွဲဖြစ်တာ မဖြစ်တာတော့ထား တစ်နေ့ကို အဲ့လိုသုံးလေးယောက်လောက် လာလာကြည့် တယ်။” ဟုအကျိုးဆောင် ဦးလှဖုန်းမြင့်က လက်ရှိတိုက်ခန်းအငှါးဈေးကွက်ကိုပြောပြခဲ့သည်။ ထို့အပြင် လုံးချင်းအိမ်အ ရောင်းအဝယ်ဈေးကွက်တွင် ပွဲဖြစ်သည်များရှိသော်လည်း ခေါ်သည့်ဈေးထက်လျော့နည်းသည့် ပမာဏ ဖြစ်သာ ပွဲဖြစ်လေ့ရှိနေသည်။

လက်ရှိပြည်တွင်းအိမ်ခြံမြေဈေးကွက်တွင် အရောင်းအဝယ်ဖြစ်မှုနည်းပါသော်လည်း ငှါးရမ်းမှုမှာ နေ့တိုင်းလိုလိုဖြစ်ပွားလျက်ရှိကာ အိမ်ငှါးဈေးနှုန်းမှာ မြင့်တက်လျက်ရှိသည်။ ငှါးရမ်းရာတွင်လည်း မြို့တွင်း အချက်အချာကျသည့်နေရာများကိုသာ ဦးစားပေးရွေးချက်ငှါးရမ်းလေ့ရှိသည်။ ရန်ကုန်မြို့၏ အိမ်ခြံမြေဈေးကွက်ကို အငှါးဈေးကွက်က ဦးဆောင်လျက်ရှိနေသည်။

လမင်းအောင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ

Upcoming Property Events

From 07 Jun To 08 Jun

The Vista

From 07 Jun To 08 Jun

Innwa Pyae Sone Residance

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

imyanmarmarket
Innwa Pyae Sone Residence

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service