အိမ်ဝယ်ယူမည့်သူများ ဘဏ်သို့ အပေါင် ပစ္စည်း တင်ရန် မလိုဘဲ ချေးငွေရယူနိုင် - Property News in Myanmar from iMyanmarHouse.com
14566 Views

အိမ်ဝယ်ယူမည့်သူများ ဘဏ်သို့ အပေါင် ပစ္စည်း တင်ရန် မလိုဘဲ ချေးငွေရယူနိုင်

အိမ်ရာဝယ်ယူလိုသူများအနေဖြင့် ဘဏ်သို့ အပေါင်ပစ္စည်းတင်ရန် မလိုဘဲ မိမိဝယ်ယူသည့် အိမ်ကို အပေါင်ထားသည့် စနစ်ဖြင့် ထုတ်ချေး လျက်ရှိကြောင်း ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှ သတင်း ရရှိသည်။

”အိမ်ဝယ်မယ့် သူတွေက ဘဏ်ကို အပေါင်ပစ္စည်း ပေးစရာမလိုဘူး။ အဲဒီအိမ်ကိုပဲ ဘဏ်က အပေါင်ယူထားမှာ ဖြစ်တယ်။ ဒါပေမယ့် ရောင်းတဲ့ လူဘက်ကတော့ တာဝန်ယူရမယ်။ ဘယ်သူကိုမဆို ချေးပေးမှာ ဖြစ်ပေမယ့် အဲဒီလိုတော့ အာမခံရမယ်။

အိမ်ရောင်းတဲ့ ဆောက်လုပ်ရေး ကုမ္ပဏီတွေ က အာမခံပေးရမယ်”ဟု ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် မန်နေးဂျင်းဒါရိုက်တာ ဦးဝင်းဇော်က ပြောသည်။

အိမ်ဝယ်ယူသူများအနေဖြင့် အပေါင်ပစ္စည်း သီးသန့်တင်ပြရန် မလို အပ်သော်လည်း ယင်းအိမ်ကို အခြားသူတစ်ဦးသို့ ထပ်မံရောင်းချထားခြင်း မရှိဟူသော အာမခံချက်လိုအပ်ကြောင်း၊ အိမ်ဝယ်ယူသူက အိမ်ဖိုးငွေ ဆက်လက် ပေးချေနိုင်ခြင်း မရှိပါက ကုမ္ပဏီအနေဖြင့် ယင်းအိမ်ကို ဝယ်သူ ထံမှ ပြန်လည်သိမ်းဆည်းကာ ဘဏ်သို့ အပ်ရမည်ဖြစ်ကြောင်း၊

ဝယ်သူ မပေးသွင်းနိုင်သည့် ငွေကြေးကို ကုမ္ပဏီက စိုက်ထုတ်ပေးချေပြီးပါက အိမ်ကို ကုမ္ပဏီက ပိုင်ဆိုင်နိုင်မည်ဖြစ်ကြောင်း ဦးဝင်းဇော်က ပြောသည်။

အိမ်ရာလုပ်ငန်းများ ဖြစ်ထွန်းအောင်မြင်ခဲ့သည့် နိုင်ငံများနည်းတူ အိမ်ရာဝယ်ယူသူများ နှစ်ရှည်ချေးငွေထုတ်ချေးနိုင်မှုနှင့် ပတ်သက်၍လည်း ဝယ်ယူသူများ၏ ပြန်ဆပ်နိုင်သည့် ကာလအပိုင်းအခြားအလိုက် ထုတ်ချေး ပေးမည်ဖြစ်သည်။

”တစ်နှစ်နဲ့ ပြန်ဆပ်နိုင်တဲ့ လူတွေ ရှိသလို နှစ်နှစ်၊ လေးနှစ်၊ ခြောက်နှစ် အချိန်ယူပြီးမှ ဆပ်နိုင်တဲ့ လူတွေလည်း ရှိမယ်။ ကိစ္စမရှိဘူး။ ချေးပေးမယ်။ မြန်မြန်ကျေသွားရင် အတိုးပေးရတာ နည်းသွားတဲ့အတွက် အိမ်တန်ဖိုး လည်း နည်းမယ်။

ကြာကြာပေးမယ်ဆိုရင် အတိုးနှုန်းလည်း များပြီး အိမ်ရဲ့ တန်ဖိုး များသွားမယ်။ ပြန်ဆပ်နိုင်တဲ့ ဘယ်သူ့ကို မဆိုချေးပေးမယ်”ဟု ၎င်းက ပြောသည်။

Credit: thetradetimes

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးက ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသွာ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးက ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသွာ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ

Upcoming Property Events

From 14 Jun To 15 Jun

Magical World Apartment

From 14 Jun To 15 Jun

Mingalar Market

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service