အိမ်ခြံမြေအရောင်းအဝယ်ပါးနေသည့်အတွက် ငွေကြေး လိုအပ်သော ပိုင်ရှင်များ ပိုင်ဆိုင်မှု ပေါင်နှံခြင်း များပြား - Property News in Myanmar from iMyanmarHouse.com
618 Views

အိမ်ခြံမြေအရောင်းအဝယ်ပါးနေသည့်အတွက် ငွေကြေး လိုအပ်သော ပိုင်ရှင်များ ပိုင်ဆိုင်မှု ပေါင်နှံခြင်း များပြား

အိမ်ခြံမြေဈေးကွက်အတွင်း အရောင်းအဝယ်များ အေးနေသည့် ယခုအချိန်တွင် ငွေကြေးလိုအပ် သည့် မြေရှင်၊ တိုက်ခန်းပိုင်ရှင်များက မိမိတို့ ပိုင်ဆိုင်မှုဖြစ်သော မြေကွက်၊ တိုက်ခန်း၊ အိမ်ခန်းများကို ငွေရှင်များ ထံ အတိုးနှုန်းအမျိုးမျိုးဖြင့် ပေါင်နှံမှု များပြားလာကြောင်း အိမ်ခြံမြေ အကျိုးဆောင်များထံမှ သတင်းရရှိ သည်။

ထိုသို့ ပေါင်နှံရာတွင် ရင်းနှီးမှု ပေါ် မူတည်၍ အတိုးနှုန်းကို တစ်လ လျှင် ၅ ရာခိုင်နှုန်း (ငါးကျပ်တိုး) ဖြင့် ပေါင်နှံမှုများ အများအပြား ရှိနေပြီး အပေါင်ပစ္စည်းအဖြစ် မြေကွက်၊ အိမ် ခန်း၊ တိုက်ခန်းပိုင်ဆိုင်မှုအထောက် အထား စာရွက်စာတမ်းများကို ငွေရှင် ထံ လက်ရောက် ပေးအပ်ရကြောင်း၊ ယင်းပိုင်ဆိုင်မှုပစ္စည်းကို ငွေရှင်ထံ ရောင်းချသည့်အနေဖြင့် အရောင်း အဝယ် စာချုပ်ကိုပါ ချုပ်ဆိုပေးရ ကြောင်း၊

ဤသို့ ပြုလုပ်ရခြင်းမှာ ငွေရှင်ဘက်က သူထုတ်ချေးလိုက် သော ငွေကြေးဆုံးရှုံးခြင်း မရှိစေရန် အာမခံအနေဖြင့် ချုပ်ဆိုရခြင်းဖြစ် ကြောင်း၊ မြီစားက ချေးငွေကို မြီရှင် ကျေနပ်အောင် ပေးဆပ်နိုင်ပါက ထိုအရောင်းအဝယ်စာချုပ်ကို မြီစား ထံ ပြန်လည်ပေးအပ်ကာ အရောင်း အဝယ် ပျက်ပြား၍ ဗိုလ်နေမြဲ ကျားနေ မြဲ ဖြစ်သွားသော်လည်း မြီစားဘက် က ချေးငွေပြန်ဆပ်ရန် ပျက်ကွက် သည့်အခါ မြီရှင်အနေဖြင့် ယင်း အရောင်းအဝယ်စာချုပ်အရ အပေါင် ပစ္စည်းကို လက်ရောက်လွှဲပြောင်း ရယူ ပိုင်ဆိုင်နိုင်ကြောင်း၊

ထိုအချက် ကို မြီစားနှင့် မြီရှင် နှစ်ဦးနှစ်ဖက် သဘောတူ၍ အပေါင်ပစ္စည်းကို အရောင်းအဝယ်ပစ္စည်းအဖြစ် ဥပဒေ လက်တစ်လုံးခြား ဆောင်ရွက်မှုများ ပိုမိုတွင်ကျယ်လာကြောင်း အိမ်ခြံ မြေဈေးကွက်အတွင်းမှ သိရသည်။

အိမ်ခြံမြေဈေးကွက် အရောင်း အဝယ်အေးနေသည့် ယခုအချိန် တွင် မြေကွက်အများအပြား ဝယ်ယူ ထားသူများ၊ ပိုင်ဆိုင်မှု အများအပြား
လက်ဝယ်ကိုင်ဆောင်ထားသူများပါ ငွေကြေးလည်ပတ်စေရန်အတွက် အချင်းချင်းထံသော်လည်းကောင်း၊ ငွေရှင်များထံတွင် လည်းကောင်း မိမိတို့၏ ပိုင်ဆိုင်မှုများကို ပေါင်နှံလာ ကြသောကြောင့် ယခုကဲ့သို့သော အရောင်းအဝယ်အေးနေသည့် အချိန် တွင် အပေါင်လုပ်ငန်းများ အလုပ်ဖြစ် လျက်ရှိကြောင်း အိမ်ခြံမြေအကျိုး ဆောင်များထံမှ သိရသည်။

”အခု လူတွေက ပေါင်တဲ့ဘက် ကို လှည့်သွားတယ်။ သော့ခတ် လူဆင်း ဆိုရင် အတိုးက တစ်မျိုး၊ သော့မခတ်ဘူး၊ လူ ဆက်နေမယ် ဆိုရင် အတိုးနှုန်းက တစ်မျိုး ရှိပေ မယ့် ငွေရှင်တွေကတော့ သော့ခတ် လူဆင်းကို ပိုကြိုက်ကြတယ်။ ၁ဝဝ ကို ငါးကျပ်ကနေ ရှစ်ကျပ်တိုးအထိ အတိုးယူကြပေမယ့် ရင်းနှီးမှုပေါ် လိုက်ပြီး အတိုးကတော့ နည်းနည်း ပါးပါး အပြောင်းအလဲ ရှိတယ်။

အပေါင်မှာလည်း ပြဿနာတွေ အများကြီး ရှိတယ်”ဟု မောင်းမကန် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ ကိုဝင်းထိန်က ပြောသည်။

ပုံမှန် အိမ်ခြံမြေပိုင်ဆိုင်မှုများကို အရောင်းအဝယ် ပြုလုပ်ရာတွင် အကျိုးဆောင်ခငွေ ကျပ် ၁ဝဝ လျှင် နှစ်ကျပ်နှုန်း ရယူလုပ်ကိုင်နေသည် မှာ ထုံးစံဖြစ်ပြီး ယခုကဲ့သို့ ပေါင်နှံ သည့် ကိစ္စတွင်မူ ချေးငွေအပေါ် မူတည်၍ တစ်လစာအတိုးနှုန်းကို မြီစားက အကျိုးဆောင်ခအဖြစ် သတ်မှတ်ကာ ပွဲစားအား ပေးရလေ့ ရှိကြောင်း သိရသည်။

မြီရှင်အနေဖြင့် ပိုင်ဆိုင်မှုဆိုင်ရာ စာရွက်စာတမ်းများကို လက်ရောက် ရယူထားသည့်အပြင် အရောင်း အဝယ်စာချုပ်ဖြင့်ပါ ပိုင်ဆိုင်မှုကို ချုပ်ကိုင်ထားသော်လည်း မြီစားက အပေါင်ပစ္စည်း ပြန်လည်ရွေးယူရ မည့် ကာလအပိုင်းအခြားကိုမူ သတ် မှတ်ထားကြောင်း၊ ပြန်ဆပ်ရန် သတ် မှတ်ထားသည့် ကာလအပိုင်းအခြား ပေါ်တွင် မူတည်၍ အတိုးနှုန်းကို အလျှော့အတင်း ပြုလုပ်ပေးသော် လည်း ပြန်ဆပ်ရမည့်အချိန်ကို အများ ဆုံး တစ်နှစ်သာ ထားရှိရန် မြီရှင်များ က အခိုင်အမာ တောင်းဆိုလေ့ရှိ ကြောင်း သိရသည်။

”ဘဏ်မှာ အိမ်သွားပေါင်ရင် အတိုးနှုန်း သက်သာပေမယ့် စာရွက် စာတမ်းတွေ အဆင့်ဆင့်တင်ပြရ တာ ရှိတယ်။ လုပ်ငန်းတွေ ပြရတာ၊ ရာဖြတ် လာကြည့်တာတွေနဲ့တင် အနည်းဆုံး နှစ်လကနေ သုံးလ လောက် အနည်းဆုံး ကြာတယ်။

အပြင်မှာကတော့ စာရွက်စာတမ်း စစ်၊ စာချုပ်ချုပ်၊ အပြီးအစီးမှ အလွန် ဆုံး ငါးရက်ပဲကြာတော့ အပြင်မှာပဲ သော့ခတ်၊ လူဆင်း ငါးကျပ်တိုးနဲ့ ပေါင်လိုက်တယ်”ဟု ဒဂုံမြို့သစ် အရှေ့ပိုင်း (၁၃) ရပ်ကွက်မှ အိမ်ပေါင် ထားသူ ဒေါ်စိုးစိုးထွန်းက ပြောသည်။

Credit: thetradetimes

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service