အိမ်ခြံမြေဈေးကွက်နှင့်အတူ ဈေးနှုန်းများလည်း ငြိမ်သက်နေ - Property News in Myanmar from iMyanmarHouse.com
2087 Views

အိမ်ခြံမြေဈေးကွက်နှင့်အတူ ဈေးနှုန်းများလည်း ငြိမ်သက်နေ

အရောင်းအ၀ယ်များ မရှိသလောက်နည်းပါး နေသော ရန်ကုန်မြို့၏ အိမ်ခြံမြေ ဈေးကွက် သည်
ပြီးခဲ့သည့်နှစ်ကုန်ပိုင်းခန့်မှ စတင်၍ ဈေးကွက်ငြိမ်သက်ခဲ့ပြီး ယခုနှစ်၏ သုံးလ မြောက်ထိ ဆက်
တိုက်ဖြစ်ပေါ်နေသည်။

ထိုကဲ့ သို့ ဈေးကွက်ငြိမ်သက်နေမှုများမှာ ယခုနှစ် အတွင်း ဆက်တိုက်ဖြစ်ပေါ်နိုင်သည့် အခြေ
အနေရှိကြောင်း ရန်ကုန်မြို့၏ အိမ်ခြံမြေ လုပ်ငန်းကျွမ်းကျင်သူများက ခန့်မှန်းကြသည်။

"၂၀၁၅ ခုနှစ်က အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှု လုပ်ဖို့အတွက် စောင့်ကြည့်ကာလပဲ ဖြစ်မှာ ပါ။ ပြီးခဲ့တဲ့
နှစ်ကတည်းက ၂၀၁၅ ခုနှစ်မှာ ဈေးကွက်ငြိမ်သက်မယ်လို့ ခန့်မှန်းထားခဲ့ ပါတယ်။ ခန့်မှန်းထား
တဲ့အတိုင်းလည်း ဖြစ်လာ တယ်။ နှစ်စကတည်းက အခုထိ ဈေးကွက်က တော်တော်ကို အေးနေ
တယ်။ အရောင်းအ၀ယ်တွေလုပ်တာ တော်တော်နည်းသွား တယ်" ဟု မြန်မာနိုင်ငံအိမ်ခြံမြေ၀န်
ဆောင်မှုအသင်း၏ အထွေထွေအတွင်းရေးမှူး ဒေါ်မို့မို့ အောင်က မြန်မာတိုင်း(မ်)ကို ပြောသည်။

လက်ရှိ ရန်ကုန်မြို့၏ အိမ်ခြံမြေဈေးကွက် အတွင်းတွင် ခြံ၊ မြေ အရောင်းအ၀ယ်များ ထက်
ကျပ်သိန်း ၃၀၀ မှ ၅၀၀ ကြားရှိတိုက် ခန်းအရောင်းအ၀ယ်နှင့် ကွန်ဒိုတိုက်ခန်း အငှားဈေးကွက်
သာ ရှိကြောင်း အိမ်ခြံမြေ အကျိုးဆောင်များက ပြောသည်။

ထို့ပြင် အိမ်ခြံမြေဈေးကွက်အပြင် အိမ်ခြံ မြေဈေးနှုန်းများမှာလည်း ငြိမ်သက်လျက်ရှိပြီး ဈေးနှုန်းများ
သည် ယခုနှစ်အတွင်းတွင် အတက်အကျ လျင်မြန်စွာ မဖြစ်ပေါ်နိုင်ကြောင်း ၎င်းကပြောသည်။

"လောလောဆယ် ၂၀၁၅ ထဲမှာ အိမ်ခြံမြေ ဈေးတွေက ဆက်မတက်နိုင်သလို ဈေးက လည်း
ဘယ်လိုမှထိုးကျသွားမှာ မဟုတ်ဘူး။ အခု လက်ရှိဖြစ်နေတဲ့ ဈေးနဲ့ပဲ အရောင်းအ၀ယ် တွေ
ကောင်းချင်ကောင်းလာမယ်။ ဒါပေမဲ့ ဈေးတွေကတော့ အရင်နှစ်တွေကလို သိသိသာသာ
အတက်အကျဖြစ်မှာ မဟုတ်ဘူး။ တကယ်လို့ ဈေးအတက်အကျ ဖြစ်မယ်ဆိုရင် လည်း ၂၀၁၅
နောက်ပိုင်းမှ ဖြစ်လာနိုင်မယ်" ဟု ဒေါ်မို့မို့အောင်က ပြောသည်။

ထို့ပြင် ၂၀၁၅ ခုနှစ်သည် မြန်မာနိုင်ငံတွင် နိုင်ငံရေး၊ စီးပွားရေးအပြောင်းအလဲများ ဖြစ်ပေါ်လာနိုင်
သည့်အတွက် အိမ်ခြံမြေဆိုင်ရာ ရင်းနှီးမြှုပ်နှံသူများမှာ ၎င်းတို့၏ ရင်းနှီးမြှုပ်နှံ မှုပိုင်းကို လျှော့ကာ
မြှုပ်နှံလျက်ရှိပြီး စောင့်ကြည့်နေကြကြောင်း ၎င်းက ပြောသည်။

"ဒီနှစ်ထဲမှာ ရွေးကောက်ပွဲကလည်း ရှိနေ တယ် နောက်ပြီး နှစ်ကုန်ပိုင်းမှာ အာဆီယံ စီးပွားရေး
အသိုက်အ၀န်းကလည်း စတင် ကျင့်သုံးတော့မှာဆိုတော့ အိမ်ခြံမြေကို ရင်းနှီး မြှုပ်နှံ ကြတဲ့သူတွေ
က သိပ်မမြှုပ်နှံကြပဲ အခြေ အနေကိုပဲ စောင့်ကြည့်နေကြတယ်။ အဲဒါကြောင့် ဈေးကွက်ကလည်း
အေးသွားပြီး တကယ်လို့ အပြောင်းအလဲ တစ်ခုခုဖြစ်လာ တဲ့အချိန်ဆို ဈေးကွက်ပြန်လှုပ်ရှားနိုင်
တယ်" ဟု ၎င်းကပြောသည်။

အိမ်ခြံမြေဈေးကွက်သည် ရန်ကုန်မြို့၏ မြို့တွင်းပိုင်းများဖြစ်သည့် ကမာရွတ်၊ မရမ်း ကုန်း၊ ဗဟန်း၊
ရန်ကင်းနှင့် တောင်ဥက္ကလာပမြို့နယ် စသည့်မြို့နယ်များတွင် အရောင်းအ၀ယ်များ အဓိကအေး
လျက်ရှိသည်။ သို့သော် ရန်ကုန်မြို့၏ မြို့စွန်ဒေသများ ဖြစ်သည့် ဒဂုံမြို့နယ် အရှေ့ပိုင်းများတွင်
ရင်းနှီးမြှုပ်နှံသူများမှာ ၎င်းတို့၏ မြေနှင့်ခြံ များကို ဈေးနှုန်းအနည်းငယ်လျော့နည်း၍ ရောင်းချလျက်
ရှိကြောင်း မြပန်းသခင် အိမ် ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ ကိုမင်းမင်းစိုး က ပြောသည်။

"အခုက မြေတွေဝယ်ထားတဲ့သူတွေက ဈေးကွက်အေးနေတော့ ပိုက်မိထားသလိုဖြစ်ပြီး ဈေးနှုန်း
တွေကလည်း တက်မလာပဲ ဖြစ်နေတယ်။ ဒါပေမဲ့ မြို့တွင်းပိုင်းမှာ ငွေများ များနဲ့ ရင်းနှီးကြတဲ့သူ
တွေကတော့ ပိုလျှံလို့ ရင်းနှီးကြတော့ သိမ်းထားနိုင်ပေမယ့် ငွေ အရင်းအနှီးနည်းနည်းနဲ့ မြို့စွန်
ဘက်မှာ မြှုပ်နှံ ထားတဲ့သူတွေကတော့ ငွေလည်ပတ်ဖို့ အတွက် အမြတ်အစွန်းနည်းနည်း ဒါမှ
မဟုတ် ဈေးလျှော့ပြီး ပြန်ရောင်းကြတာတွေ ရှိတယ်" ဟု ၎င်းကပြောသည်။

ယင်းကဲ့သို့ အိမ်ခြံမြေဈေးကွက် ငြိမ်သက် နေမှုများကြောင့် မြေများကို ၀ယ်ယူကာ ဆောက်လုပ်
ရေးလုပ်ငန်း လုပ်ကိုင်မည့် ကန်ထရိုက်အချို့မှာလည်း လုပ်ငန်း နှေးကွေးနေသည့် အနေအထား
များလည်း ရှိကြောင်း ကိုမင်းမင်းစိုးက ပြောသည်။ "တချို့ကန်ထရိုက်တွေလည်း သူတို့ရဲ့ ဆောက်
လုပ်ရေးလုပ်ငန်းတွေ ရပ်နေကြ တယ်။ အခု အိမ်ခြံမြေဈေးကွက်က အေးနေ တော့ တိုက်ခန်း
ဆောက်ဖို့ မြေ၀ယ်ထားတဲ့ သူတွေက သူတို့ရဲ့အခန်းကို ရောင်းတဲ့အခါ ကျရင် အရောင်းမသွက်
မှာကို စိုးရိမ်ပြီး လုပ်ငန်းတွေနှေးကုန်ကြတယ်။ မြေကို ဈေးကြီးကြီးနဲ့ ပေးဝယ်ထားတော့ အခန်း
ဈေးနှုန်းကလည်းကြီးရင် အခုလို ဈေးကွက် အေးတဲ့အချိန်မှာ အရောင်းထွက်ဖို့က ခက်တယ်" ဟု
၎င်းကပြောသည်။

ထို့ပြင် ရန်ကုန်မြို့၏ အိမ်ခြံမြေ ဈေးနှုန်းများမှာလည်း ရင်းနှီးမြှုပ်နှံသူများ များပြားလာကာ ၀ယ်လို
အား နည်းသွား သည့်အချိန်တွင်း ဈေးအဆမတန်ကျဆင်း မှု အခြေအနေများ မဖြစ်ပေါ်လာနိုင်
ကြောင်း ၀င်းရွှေဝါအိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်း၏ ပိုင်ရှင်လည်းဖြစ်သူ ဒေါ်မို့မို့ အောင်က
ပြောသည်။

"မြို့တွင်းပိုင်းမှာက ဒီထက်ပိုပြီး မြေ တိုးချဲ့စရာ မရှိတော့ဘူး။ မြေတွေကို တစ်ဝက်ပိုင်းလို့ နှစ်ဆ
ပိုထွက်လာနိုင်ပေ မယ့် နောက်ထပ် မြေများများတော့ဖြစ်လာတော့မှာ မဟုတ်ဘူး။ အဲဒါကြောင့်
စီးပွားရေးလုပ်ငန်းလည်း လုပ်ကိုင်လို့ ကောင်းတဲ့၊ နေထိုင်မှုအတွက်လည်းအဆင်ပြေတဲ့ ရန်ကုန်
မြို့ရဲ့ အချက်အချာကျတဲ့နေရာတွေက ဈေးတွေကတော့ အဆ မတန်ကျဆင်းသွားမယ်ဆိုတဲ့
အနေ အထားတွေကတော့ ရှိလာမှာ မဟုတ်ဘူး" ဟု ၎င်းကပြောသည်။

Credit: mmtimes

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V

Upcoming Property Events

From 26 Jul To 27 Jul

Emerald Bay Luxury Condo

From 26 Jul To 27 Jul

ERC Luxury Condo

From 26 Jul To 27 Jul

Magical World Apartment

From 08 Jul To 08 Aug

Central Shophouse

Emerald Bay Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service