ရေတံခွန်တောင်ဂေါက်ကွင်း အဆင့်မြှင့်တင်ရန်ရှိ - Property News in Myanmar from iMyanmarHouse.com
1184 Views

ရေတံခွန်တောင်ဂေါက်ကွင်း အဆင့်မြှင့်တင်ရန်ရှိ

မန္တလေးခရိုင် ပုသိမ်ကြီးမြို့နယ်ရှိ ရေတံခွန်တောင်
ဂေါက်ကွင်း အဆင့်မြှင့်တိုးချဲ့တည်ဆောက်ရန် တင်ဒါစတင် ခေါ်ယူနေကြောင်း သတင်းရရှိ သည်။

ရေတံခွန်တောင်ဂေါက်ကွင်း ကို အဆင့်မြှင့် တည်ဆောက်မည့်အပြင် ဟိုတယ်များ၊ ဈေးဝယ် စင်တာများ၊ ဆေးရုံများပါဝင်မည့် စီမံကိန်းများလည်း ပါဝင်ကြောင်း မန္တလေးမြို့တော် စည်ပင်သာ ယာရေးကော်မတီမှ တာဝန်ရှိ သူများက ပြောသည်။ ‘‘ရေတံခွန် တောင် ဂေါက်ကွင်းဘက်မှာက အရင်ကတောလမ်းကြီးလေ အခု လမ်းသာသွားပြီ။ နောင်ကျရင် မြို့အသေးစားလေးလို ဖွံ့ဖြိုးတိုး တက်သွားစေမယ့် သဘောပါ’’ဟု မန္တလေးမြို့တော် စည်ပင်သာယာ ရေးကော်မတီ ကော်မတီဝင် (၁)ဦးထွန်းကြည်က ပြောသည်။

ရေတံခွန်တောင် ဂေါက် ကွင်းတွင် လက်ရှိဂေါက်ကွင်းသုံး ကွင်းကိုအဆင့်မြှင့်တင်မည့်အ ပြင် နောက်ထပ်ဂေါက်ကွင်းတစ် ခုလည်း ထပ်မံတည်ဆောက်သွား မည်ဖြစ်ပြီး ဂေါက်ရိုက်အားကစား သမားများ တည်းခိုနိုင်မည့် ဟို တယ်များ ပါဝင်မည်ဖြစ် ကြောင်း ၎င်းက ပြောသည်။ တင် ဒါလျှောက်လွှာအား မတ်လ ၁၆ ရက်မှ ဧပြီ ၁၀ ရက်အထိရောင်းချပေးမည်ဖြစ်ပြီး စီမံကိန်း လုပ်ငန်းဆောင်ရွက်လိုသည့် လုပ် ငန်းရှင်များသည် စီမံကိန်း ဆိုင်ရာအချက်အလက်များနှင့် ဧပြီ ၂၃ ရက် နောက်ဆုံးထား လျှောက်ထားရမည်ဖြစ်သည်။

စီမံကိန်းများကို တည် ဆောက်၊ ဆောင်ရွက်၊ လွှဲပြောင်း သည့်ပုံစံဖြစ်သောဘီအိုတီစနစ် ဖြင့် ဆောင်ရွက်မည် ဖြစ်ကြောင်း မန္တလေးစည်ပင်က အသိပေးထား သည်။

အဆိုပါ ရေတံခွန်တောင် ဂေါက်ကွင်းနေရာသည် ၁၉၉၂ က ပုသိမ်ကြီးမြို့နယ်၊ ရေ ကြည်ညောင်ပင်ကျေးရွာမှ တောင်သူ ၇၀ ကျော်၏ မြေဧကပေါင်း ၆၀၀ ကျော်အား သိမ်းဆည်းခဲ့ခြင်းဖြစ်ပြီး တောင်သူများက ၎င်းတို့ မြေယာများ ပြန်လည်ရရှိရန် နိုင်ငံ တော်အကြီးအကဲများထံသို့ တင် ပြခဲ့ဖူးသည်။ ၎င်းတို့မှာ သီးနှံလျော်ကြေးအဖြစ် တစ်ဧကလျှင် ကျပ် ငါးထောင်သာရရှိခဲ့သည့်အတွက် ရေတံခွန်တောင်
ဂေါက်ကွင်းမှ မြေယာများပြန်လည်ရရှိရန် ဒေသခံများက ၂၀၁၄ သြဂုတ်လကုန်က သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး တောင်းဆိုခဲ့ကြဖူးသည်။

Credit: 7 day daily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ

Upcoming Property Events

From 07 Jun To 08 Jun

The Vista

From 07 Jun To 08 Jun

Innwa Pyae Sone Residance

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

Innwa Pyae Sone Residence
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service