ထားဝယ် အထူးစီးပွားရေးဇုန်တွင် တရုတ်ကုမ္ပဏီ Guangdong Zhenrong က ဒေါ်လာသုံးဘီလျံ မြှုပ်နှံမှုဖြင့် ရေနံချက်စက်ရုံ တည်ဆောက်ရန် စီစဉ်နေဟု ဆို - Property News in Myanmar from iMyanmarHouse.com
902 Views

ထားဝယ် အထူးစီးပွားရေးဇုန်တွင် တရုတ်ကုမ္ပဏီ Guangdong Zhenrong က ဒေါ်လာသုံးဘီလျံ မြှုပ်နှံမှုဖြင့် ရေနံချက်စက်ရုံ တည်ဆောက်ရန် စီစဉ်နေဟု ဆို

ထားဝယ်အထူးစီးပွားရေးဇုန်တွင် တရုတ်ကုမ္ပဏီ Guangdong Zhenrong က ဒေါ်လာသုံးဘီလျံ ရင်းနှီးမြှုပ်နှံမှုဖြင့် ရေနံချက်စက်ရုံ တည်ဆောက်ရန် စီစဉ်ထားသည်ဟု ဂျပန်သတင်းစာ Nikkei ၏ အာရှပိုင်းကဏ္ဍတွင် ဖော်ပြချက်အရ သိရသည်။

၎င်းတို့က မြန်မာ့စီးပွားရေး ဦးပိုင်နှင့် ပူးပေါင်းလုပ်ကိုင်ခွင့် ရရှိရန် မျှော်မှန်းထားသည်ဟု ဆိုသည်။

၎င်းတို့ ကုမ္ပဏီက မြန်မာနိုင်ငံ အစိုးရထံသို့ အဆိုပါစက်ရုံ တည်ဆောက်ခွင့်အတွက် အတည်ပြုချက်ရရန် လျှောက်လွှာတင်ထားကြောင်း သိရသည်။

အဆိုပါ ရေနံချက်စက်ရုံမှ တစ်နှစ်လျှင် ရေနံစိမ်းတန် ငါးသန်းကို ချက်လုပ်နိုင်မည် ဖြစ်သည်။

မြန်မာအစိုးရ၊ ထိုင်းနိုင်ငံ အစိုးရတို့နှင့် ပုဂ္ဂလိက ကုမ္ပဏီများသည် ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ဆိပ်ကမ်းဆောက်လုပ်ရန် စီစဉ်နေကြပြီး Guangdong Zhenrong ကုမ္ပဏီက ပမာဏများစွာ ရင်းနှီးမြှုပ်နှံမည့် ပထမဆုံး တရုတ်ကုမ္ပဏီ ဖြစ်လာမည်ဟု ဆိုသည်။

ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းမှာ မြန်မာ-ထိုင်း နယ်စပ်အနီးတွင် တည်ရှိနေပြီး ထိုင်းနိုင်ငံတွင် လုပ်ခများ ဈေးတက်လာနေရာ အခြားအစားထိုး နေရာတစ်ခုတွင် ပြောင်းလဲရင်းနှီး မြှုပ်နှံလိုသူ လုပ်ငန်းရှင်များအတွက် အဆင်ပြေမည့် နေရာဖြစ်ကြောင်း သိရသည်။

ထို့ပြင် ထားဝယ်စီမံကိန်းနေရာမှာ အရှေ့အလယ်ပိုင်းမှ ရေနံများကို အရှေ့တောင်အာရှ အခြားနေရာများသို့ ဖြန့်ဖြူးရန် အချက်အချာ နေရာတစ်ခုလည်း ဖြစ်သည်ဟု ဆိုသည်။

အဆိုပါ ထားဝယ်အထူးစီးပွားရေးဇုန် တည်ဆောက်ရေး စီမံကိန်းမှာ အရှိန်နှေးကွေးနေသဖြင့် အရှိန်မြှင့်တင်ရန် ပြီးခဲ့သည့် ဖေဖော်ဝါရီအတွင်းက နှစ်နိုင်ငံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း နိုင်ငံတကာ သတင်းများအရ သိရသည်။

အဆိုပါ စီမံကိန်း၏ ကနဦး စီမံကိန်းများကို ယခုနှစ်အတွင်း စတင်သွားမည်ဟု ထိုင်းနိုင်ငံ သတင်းစာများက ဖော်ပြထားသည်။

ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းမှာ ၇၅ မိုင်ပတ်လည် ကျယ်ဝန်းမည်ဖြစ်ပြီး စီမံကိန်း၏ ကနဦးလုပ်ငန်းများတွင် စက်မှုဇုန်တစ်ခု၊ စီမံကိန်းနှင့် ထိုင်းနိုင်ငံကြား ဆက်သွယ်ပေးမည့် ၁၃၈ ကီလိုမီတာ ရှည်လျားသည့် နှစ်လမ်းသွားလမ်းမ၊ အလုပ်သမားများ နေထိုင်နိုင်မည့် ကနဦး အိမ်ရာစီမံကိန်း၊ ဓာတ်ငွေ့သယ်ယူပို့ဆောင်ရေးအတွက် LNG Terminal တစ်ခု၊ တယ်လီဖုန်းဆက်သွယ်ရေးလိုင်း၊ ဓာတ်အားပေးစက်ရုံတစ်ရုံနှင့် ဆိပ်ကမ်းငယ်တစ်ခု၊ ရေလှောင်ကန်တစ်ခု ပါဝင်ကြောင်း The Nation သတင်းစာ ဖော်ပြချက်အရ သိရသည်။

အဆိုပါ စီမံကိန်းတန်ဖိုး စုစုပေါင်းမှာ ဒေါ်လာ ၁ ဒသမ ၇ ဘီလျံခန့်ရှိကြောင်း သိရသည်။

Credit: Eleven Media Group

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်

Upcoming Property Events

From 07 Jun To 08 Jun

The Vista

From 07 Jun To 08 Jun

Innwa Pyae Sone Residance

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

CarsDB
Innwa Pyae Sone Residence

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service